[Zawgyi]




ဒါရိုက်တာအောင်မြတ်

ဒါရိုက်တာအောင်မြတ်






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အနုပညာလောကအပေါ်လူငယ်ဒါရိုက်တာအောင်မြတ်ရဲ့အမြင်

ဒါရိုက်တာအောင်မြတ်ရဲ့အမြင်

အရင်တုန်းကလည်း ကြိုးစားမှုတွေလုပ်ကြပါတယ်။ အခုကြိုးစားမှုတွေကအရင်က ထက်ပိုလုပ်လာကြတယ် ပိုပြီးတော့လည်းမြင်သာလာတယ်လို့ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်နိုင်တဲ့ အားနဲ့ ကြိုးစားနေပါတယ်။ အခုဆိုရင် Preproduction နဲ့ Postproduction အပိုင်းတွေမှာတင်မကဘဲရုံတင်ခါနီးမှာလုပ်ကြတဲ့ Marketingတွေရော စီမံခန့်ခွဲမှု အပိုင်းတွေမှာလူပိုပြီးတော့စိတ်ဝင်စားမှုကို ခံရအောင်လို့ အမျိုးမျိုးနဲ့ပြင်ဆင်ပြီးတော့မှလုပ်လာတာကိုတွေ့ရတယ်။ နောက်ပြီးတော့ ပရိသတ်တွေရဲ့ရုပ်ရှင် အပေါ်မှာ ဒီနှစ်ပိုင်းအတွင်း စိတ်ဝင်စားမှုကပိုပြီးတော့ များလာတယ် လို့ကျွန်တော်ထင်တယ် အဲ့ အတွက်ကျွန်တော်တို့ရုပ်ရှင်သမားတွေ အနုပညာသမားတွေအတွက်အရမ်းကောင်းတဲ့ အချက်ပါ။ ကျွန်တော်တို့ က ထက်ပြီးတော့ကြိုးစားမှုတွေလုပ်သင့်တယ်လို့ထင်ပါတယ်။

ဒါရိုက်တာအောင်မြတ်

ဒါရိုက်တာအောင်မြတ်

လတ်တလောအနုပညာလှုပ်ရှားမှု

အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကားရုံတင်ပြီးတဲ့နောက်မှာ နောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ဖို့ပြင်ဆင်ထားပါတယ်။ နောက်ထပ်ရိုက်မယ့် ကားတွေကို အခုထက်ပိုပြီးတော့ ကြိုးစားအားထုတ်မှုထည့်ချင်တယ် ကြိုတင်ပြင်ဆင်မှုတွေလည်း ကျွန်တော်ပိုပြီးလုပ်ချင်တယ် ဒါကြောင့် အခုကတည်းကကို ကြိုးစားပြင်ဆင်နေပါတယ်။ ကျန်တာတွေကတော့ ကြော်ငြာနဲ့ Music Video ကိုတော့ပုံမှန်အတိုင်းပရိသတ်တွေနဲ့ထိတွေ့ဖြစ်နေအောင် ကျွန်တော်အမြဲတမ်းရိုက်နေပါတယ်။

အနမ်းဝိုင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာအောင်မြတ်

အနမ်းဝိုင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာအောင်မြတ်

Photo Credit: Aung Myat Facebook

ကြည်သာ (Akhayar)

www.akhayar.com