[Zawgyi]

လြန္ခဲ့တဲ့တစ္ပတ္အထိကို Edit လုပ္ေနတုန္းပါဆိုတဲ့ ဒါရိုက္တာအာကာ

“ဒု႒ဝတီကိုလြန္၍” (The Mystery of BURMA) ရုပ္ရွင္ကို Press Show မျပခင္ တစ္ပတ္ေလာက္ အထိကို စိတ္တိုင္းက်တဲ့အထိ တည္းျဖတ္တာေတြလုပ္ေနတုန္းပါလို႔ ဒါရိုက္တာအာကာကေျပာပါတယ္။ ရုပ္ရွင္ဇာတ္ကားစဆံုးတည္းျဖတ္တဲ့အပိုင္းက ၿပီးခဲ့တာတစ္ႏွစ္ေလာက္ကတည္းက ၿပီးေနတာဆိုေတာ့ အခုလိုျပန္ၾကည့္ရတဲ့အခါ အားရေက်နပ္မႈရွိရဲ႕လားလို႔ ဒါရိုက္တာအာကာကိုေမးၾကည့္ရာ “ကၽြန္ေတာ္က ဘယ္ေတာ့မွ စိတ္တိုင္းက်တယ္ဆိုတာမ်ိဳး မရွိဘူး။ အခုေတာင္ လြန္ခဲ့တဲ့တစ္ပတ္ေလာက္အထိကုိ ျပန္ျပင္ေနတာ။ တကယ္တမ္းၿပီးသြားတာ တစ္ႏွစ္ေလာက္ကိုရွိေနၿပီ။ မလႊတ္ေသးတာ။ အခုျပန္ၾကည့္ေတာ့လည္း ဟိုဟာက်န္ခဲ့တယ္။ ဒီဟာက်န္ခဲ့တယ္ေပ့ါ။ ထပ္ျပင္ေနရင္လည္း ျပင္စရာေတြက ကုန္ႏိုင္မွာမဟုတ္ဘူး။ စိတ္ေက်နပ္မွာကို မဟုတ္ဘူး။ ျပန္ျပင္ဆိုရင္ ျပင္ေနဦးမွာပါ။ ဘာပဲျဖစ္ျဖစ္ကၽြန္ေတာ္တို႔လူငယ္ေတြ ႀကိဳးစားထားတာကိုေတြ႔ရမွာပါ” လို႔ ဇာတ္ကားတည္းျဖတ္မႈအပိုင္းနဲ႔ ပတ္သက္ၿပီးေျပာျပပါတယ္။

The Mystery Of Burma

အက္ရွင္ဇာတ္လမ္းကို ပရိသတ္ေတြဆီ အရည္အေသြးေကာင္းေကာင္းနဲ႔ေရာက္ဖို႔ကို “ဒု႒ဝတီကိုလြန္၍” (The Mystery of BURMA) တစ္ဖြဲ႔လံုး ႀကိဳးစားခဲ့ရေၾကာင္းကိုလည္း သူက “ ရိုက္ခ်က္ေတြကိုပဲရူးရူးသြပ္သြပ္ ရို္က္ကူးထားတယ္။ အရင္ရႈတင္ေတြတုန္းကဆို ကၽြန္ေတာ္က ၂ ရက္သံုးရက္ဆက္တိုက္ပဲ ရိုက္ဖူးတယ္။ အခုကက်ေတာ့ တစ္ခါတစ္ေလ တစ္ပတ္ဆယ္ရက္ကို ဆက္တိုက္ရိုက္ရတယ္။ ရက္ေလးဆယ္ေလာက္ကို ဆက္တိုက္ရိုက္ခဲ့ရတာလည္းရွိတယ္။ မႏၱေလးမွာရိုက္တုန္းကဆို အပူခ်ိန္က လူေတာင္ေမ့လဲေလာက္တယ္။ အရမ္းကိုပူတယ္။ အဲဒီလိုအခ်ိန္မွာ ရိုက္ခဲ့ရတယ္။ သရုပ္ေဆာင္ေတြေရာ၊ ရိုက္ကူးေရးသမားေတြပါ တအားကိုပူတာ။ အဲဒါေတြကို တကယ္ရင္ဆိုင္ခဲ့ရတယ္။ အက္ရွင္ကားလည္းျဖစ္ေတာ့ ဒါရိုက္တာေရာ၊ သရုပ္ေဆာင္ေတြေရာ၊ ရိုက္ကူးေရးသမားေတြေရာ ေျပးရတာ။ အဆင္ေျပေျပ ထြက္လာတာကိုေတြ႔ရေတာ့ အဲဒီတုန္းကပင္ပန္းထားတဲ့ အေၾကာင္းေတြအားလံုးမရွိေတာ့ဘူး။ ေမ့သြားၿပီေပ့ါ။ ကၽြန္ေတာ္တို႔လူငယ္ေတြအေနနဲ႔ အေကာင္းဆံုးကိုႀကိဳးစားထားတယ္။ ရံုတင္ျပသတဲ့အခါ ပံ့ပိုးေပးၾကပါ။ ပရိသတ္ေတြႀကိဳက္တယ္။ အဲဒီလုိ အက္ရွင္ကားမ်ိဳး ေနာက္ထပ္ၾကည့္ခ်င္ေသးတယ္လို႔ ေတာင္းဆိုလာရင္ “ဒု႒ဝတီကိုလြန္၍” ေနာက္မွာ ဆက္လက္ရိုက္ကူးဖို႔ စီစဥ္ထားတယ္” လို႔ ထပ္မံရွင္းျပပါတယ္။ “ဒု႒ဝတီကိုလြန္၍” (The Mystery of BURMA) ရုပ္ရွင္ဇာတ္ကားႀကီးကို ျမန္မာႏိုင္ငံမွာသာမက ျပည္ပရုပ္ရွင္ေလာကကိုပါ ခ်ျပသြားႏိုင္ဖို႔ကို ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။

Photo Credit:The Mystery of BURMA

www.akhayar.com

[Unicode]

လွန်ခဲ့တဲ့တစ်ပတ်အထိကို Edit လုပ်နေတုန်းပါဆိုတဲ့ ဒါရိုက်တာအာကာ

“ဒုဋ္ဌဝတီကိုလွန်၍” (The Mystery of BURMA) ရုပ်ရှင်ကို Press Show မပြခင် တစ်ပတ်လောက် အထိကို စိတ်တိုင်းကျတဲ့အထိ တည်းဖြတ်တာတွေလုပ်နေတုန်းပါလို့ ဒါရိုက်တာအာကာကပြောပါတယ်။ ရုပ်ရှင်ဇာတ်ကားစဆုံးတည်းဖြတ်တဲ့အပိုင်းက ပြီးခဲ့တာတစ်နှစ်လောက်ကတည်းက ပြီးနေတာဆိုတော့ အခုလိုပြန်ကြည့်ရတဲ့အခါ အားရကျေနပ်မှုရှိရဲ့လားလို့ ဒါရိုက်တာအာကာကိုမေးကြည့်ရာ “ကျွန်တော်က ဘယ်တော့မှ စိတ်တိုင်းကျတယ်ဆိုတာမျိုး မရှိဘူး။ အခုတောင် လွန်ခဲ့တဲ့တစ်ပတ်လောက်အထိကို ပြန်ပြင်နေတာ။ တကယ်တမ်းပြီးသွားတာ တစ်နှစ်လောက်ကိုရှိနေပြီ။ မလွှတ်သေးတာ။ အခုပြန်ကြည့်တော့လည်း ဟိုဟာကျန်ခဲ့တယ်။ ဒီဟာကျန်ခဲ့တယ်ပေ့ါ။ ထပ်ပြင်နေရင်လည်း ပြင်စရာတွေက ကုန်နိုင်မှာမဟုတ်ဘူး။ စိတ်ကျေနပ်မှာကို မဟုတ်ဘူး။ ပြန်ပြင်ဆိုရင် ပြင်နေဦးမှာပါ။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လူငယ်တွေ ကြိုးစားထားတာကိုတွေ့ရမှာပါ” လို့ ဇာတ်ကားတည်းဖြတ်မှုအပိုင်းနဲ့ ပတ်သက်ပြီးပြောပြပါတယ်။

The Mystery Of Burma

အက်ရှင်ဇာတ်လမ်းကို ပရိသတ်တွေဆီ အရည်အသွေးကောင်းကောင်းနဲ့ရောက်ဖို့ကို “ဒုဋ္ဌဝတီကိုလွန်၍” (The Mystery of BURMA) တစ်ဖွဲ့လုံး ကြိုးစားခဲ့ရကြောင်းကိုလည်း သူက “ ရိုက်ချက်တွေကိုပဲရူးရူးသွပ်သွပ် ရိုက်ကူးထားတယ်။ အရင်ရှုတင်တွေတုန်းကဆို ကျွန်တော်က ၂ ရက်သုံးရက်ဆက်တိုက်ပဲ ရိုက်ဖူးတယ်။ အခုကကျတော့ တစ်ခါတစ်လေ တစ်ပတ်ဆယ်ရက်ကို ဆက်တိုက်ရိုက်ရတယ်။ ရက်လေးဆယ်လောက်ကို ဆက်တိုက်ရိုက်ခဲ့ရတာလည်းရှိတယ်။ မန္တလေးမှာရိုက်တုန်းကဆို အပူချိန်က လူတောင်မေ့လဲလောက်တယ်။ အရမ်းကိုပူတယ်။ အဲဒီလိုအချိန်မှာ ရိုက်ခဲ့ရတယ်။ သရုပ်ဆောင်တွေရော၊ ရိုက်ကူးရေးသမားတွေပါ တအားကိုပူတာ။ အဲဒါတွေကို တကယ်ရင်ဆိုင်ခဲ့ရတယ်။ အက်ရှင်ကားလည်းဖြစ်တော့ ဒါရိုက်တာရော၊ သရုပ်ဆောင်တွေရော၊ ရိုက်ကူးရေးသမားတွေရော ပြေးရတာ။ အဆင်ပြေပြေ ထွက်လာတာကိုတွေ့ရတော့ အဲဒီတုန်းကပင်ပန်းထားတဲ့ အကြောင်းတွေအားလုံးမရှိတော့ဘူး။ မေ့သွားပြီပေ့ါ။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ အကောင်းဆုံးကိုကြိုးစားထားတယ်။ ရုံတင်ပြသတဲ့အခါ ပံ့ပိုးပေးကြပါ။ ပရိသတ်တွေကြိုက်တယ်။ အဲဒီလို အက်ရှင်ကားမျိုး နောက်ထပ်ကြည့်ချင်သေးတယ်လို့ တောင်းဆိုလာရင် “ဒုဋ္ဌဝတီကိုလွန်၍” နောက်မှာ ဆက်လက်ရိုက်ကူးဖို့ စီစဉ်ထားတယ်” လို့ ထပ်မံရှင်းပြပါတယ်။ “ဒုဋ္ဌဝတီကိုလွန်၍” (The Mystery of BURMA) ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံမှာသာမက ပြည်ပရုပ်ရှင်လောကကိုပါ ချပြသွားနိုင်ဖို့ကို ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Photo Credit:The Mystery of BURMA

www.akhayar.com