[Zawgyi]

ေပၚတို လူငယ္ေနာက္ခံလူ ဒါေလာ႔တ္ကို ေခၚယူဖို႔ နီးစပ္ေနတဲ့ မန္ယူအသင္း

မန္ယူအသင္းရဲ႕ အခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕ ပထမဆံုးကစားသမား ေခၚယူမႈအျဖစ္ ေပၚတိုအသင္းရဲ႕ လူငယ္ေနာက္ခံကစားသမား ဒါေလာ့တ္ Dalot ကို ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ အသက္ (၁၉)ႏွစ္သာ ရွိေသးတဲ့ လူငယ္ညာေနာက္ခံလူ ဒါေလာ့တ္ Dalot ရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ (၁၇.၄)သန္းကို မန္ယူအသင္းက ေပးေခ်သြားမွာျဖစ္ၿပီး လာမယ့္ရက္ပိုင္းအတြင္း အေျပာင္းအေရႊ႕ အၿပီးသတ္ကာ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ ရွိေနပါတယ္။ အသက္အရြယ္ ရလာတဲ့ မန္ယူအသင္းေခါင္းေဆာင္ ဗလင္စီယာ Valencia ေနရာမွာ အစားထိုးဖို႔အတြက္ ေပၚတူဂီ ယူ-၂၁ အသင္းရဲ႕ ညာေနာက္ခံလူ ဒါေလာ့တ္ Dalot က အသင့္ေတာ္ဆံုး ကစားသမားလို႔ နည္းျပ ေမာ္ရင္ဟို Mourinho က အျပည့္အဝ ယံုၾကည္ေနပါတယ္။ ကလပ္အသင္း (၂)သင္းၾကား ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ရက္အနည္းငယ္အတြင္း သေဘာတူညီမႈ ရဖို႔ရွိေနပါတယ္။

Manchester-United-close-to-deal-for-Porto-RB

Manchester-United-close-to-deal-for-Porto-RB

ေပၚတုိအသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမား တစ္ဦးျဖစ္ၿပီး သက္တမ္းအလိုက္ ေပၚတူဂီ လက္ေရြးစင္အသင္းေတြမွာ ေတာက္ေလွ်ာက္ ေရြးခ်ယ္ခံထားရတဲ့ ေနာက္ခံလူ တစ္ဦးျဖစ္ပါတယ္။​ ၂၀၁၆ ဥေရာပ ယူ(၁၇)ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္း ဗိုလ္စြဲေအာင္ အဓိက ေနရာကေန စြမ္းေဆာင္ ေပးခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ ဒါေလာ့တ္ Dalot ဟာ ညာေနာက္ခံ ေနရာအျပင္ ဘယ္ေနာက္ခံလူ ေနရာမွာပါ ကစားႏိုင္တဲ့ လူငယ္ေနာက္ခံလူ တစ္ဦး ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ကစားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ႔ပြဲစဥ္မွာ ေပၚတိုအသင္းအတြက္ ပထမဆံုး ပြဲထြက္ခြင့္ကို ဒါေလာ့တ္ Dalot ရရွိခဲ့တာျဖစ္ၿပီး ညာေနာက္ခံလူ ေနရာမွာ ေျခစြမ္းႏိုင္ခဲ့လို႔ ေပၚတိုအသင္းရဲ႕ ေနာက္ပိုင္း ပြဲစဥ္ေတြမွာ ေတာက္ေလွ်ာက္ ပြဲထြက္ခြင့္ ရေနတဲ့ ကစားသမားျဖစ္ပါတယ္။ ေနာက္တန္းကို ေျပာင္းလဲမႈ အႀကီးအက်ယ္ ျပဳလုပ္ဖို႔ရွိေနတဲ့ မန္ယူအသင္းဟာ ဒါမီယန္ Darmian ကို စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းထံ (၁၁.၅)သန္းနဲ႔ ေရာင္းခ်ဖို႔ရွိေနသလို၊ အျခားေနာက္ခံလူ တစ္ဦးျဖစ္တဲ့ ဘလင္း Blind ကိုလည္း သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ရွိလာရင္ ေရာင္းထုတ္ဖို႔ ရွိေနပါတယ္။ လာမယ့္ ရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔အတြက္ နည္းျပ ေမာ္ရင္ဟို Mourinho က အသင္းေနာက္တန္းကို ပိုမိုေတာင့္တင္းေအာင္ ျပဳလုပ္သြားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

REF:BBC Sports
Photo:Notícias ao Minuto, Telegraph, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပေါ်တို လူငယ်နောက်ခံလူ ဒါလော့တ်ကို ခေါ်ယူဖို့ နီးစပ်နေတဲ့ မန်ယူအသင်း

မန်ယူအသင်းရဲ့ အခုနှစ် နွေရာသီအပြောင်းအရွှေ့ ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် ပေါ်တိုအသင်းရဲ့ လူငယ်နောက်ခံကစားသမား ဒါလော့တ် Dalot ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အသက် (၁၉)နှစ်သာ ရှိသေးတဲ့ လူငယ်ညာနောက်ခံလူ ဒါလော့တ် Dalot ရဲ့ စာချုပ်ပါလျော်ကြေး ပေါင် (၁၇.၄)သန်းကို မန်ယူအသင်းက ပေးချေသွားမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ အပြီးသတ်ကာ တရားဝင်စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။ အသက်အရွယ် ရလာတဲ့ မန်ယူအသင်းခေါင်းဆောင် ဗလင်စီယာ Valencia နေရာမှာ အစားထိုးဖို့အတွက် ပေါ်တူဂီ ယူ-၂၁ အသင်းရဲ့ ညာနောက်ခံလူ ဒါလော့တ် Dalot က အသင့်တော်ဆုံး ကစားသမားလို့ နည်းပြ မော်ရင်ဟို Mourinho က အပြည့်အဝ ယုံကြည်နေပါတယ်။ ကလပ်အသင်း (၂)သင်းကြား နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ရက်အနည်းငယ်အတွင်း သဘောတူညီမှု ရဖို့ရှိနေပါတယ်။

Manchester-United-close-to-deal-for-Porto-RB

Manchester-United-close-to-deal-for-Porto-RB

ပေါ်တိုအသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး သက်တမ်းအလိုက် ပေါ်တူဂီ လက်ရွေးစင်အသင်းတွေမှာ တောက်လျှောက် ရွေးချယ်ခံထားရတဲ့ နောက်ခံလူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၆ ဥရောပ ယူ(၁၇)ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ဗိုလ်စွဲအောင် အဓိက နေရာကနေ စွမ်းဆောင် ပေးခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါလော့တ် Dalot ဟာ ညာနောက်ခံ နေရာအပြင် ဘယ်နောက်ခံလူ နေရာမှာပါ ကစားနိုင်တဲ့ လူငယ်နောက်ခံလူ တစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ပေါ်တိုအသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ကို ဒါလော့တ် Dalot ရရှိခဲ့တာဖြစ်ပြီး ညာနောက်ခံလူ နေရာမှာ ခြေစွမ်းနိုင်ခဲ့လို့ ပေါ်တိုအသင်းရဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျှောက် ပွဲထွက်ခွင့် ရနေတဲ့ ကစားသမားဖြစ်ပါတယ်။ နောက်တန်းကို ပြောင်းလဲမှု အကြီးအကျယ် ပြုလုပ်ဖို့ရှိနေတဲ့ မန်ယူအသင်းဟာ ဒါမီယန် Darmian ကို စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းထံ (၁၁.၅)သန်းနဲ့ ရောင်းချဖို့ရှိနေသလို၊ အခြားနောက်ခံလူ တစ်ဦးဖြစ်တဲ့ ဘလင်း Blind ကိုလည်း သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် ရောင်းထုတ်ဖို့ ရှိနေပါတယ်။ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် နည်းပြ မော်ရင်ဟို Mourinho က အသင်းနောက်တန်းကို ပိုမိုတောင့်တင်းအောင် ပြုလုပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

REF:BBC Sports
Photo:Notícias ao Minuto, Telegraph, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com