[Zawgyi]



digne

digne




REF: BBC SPORTS
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေး Digne ကိုခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းက ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေး Digne ကိုခေါ်ယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။အဲဗာတန်အသင်းက ဒစ်ဂ်နေး Digne အတွက်ပြောင်းရွှေ့ကြေးပေါင် (၁၈)သန်း အသုံးပြုခဲ့ပြီး ဒစ်ဂ်နေး Digne နဲ့အဲဗာတန်အသင်းတို့က (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

digne

digne

လက်ရှိအချိန်မှာအသက်(၂၅)နှစ် အရွယ်ရှိပြီဖြစ်တဲ့‌‌ဒစ်ဂ်နေး Digne ဟာ PSG ဘာစီလိုနာ အစရှိတဲ့အသင်းတွေမှာကစားခဲ့သူဖြစ်ပြီး ဒီအသင်းတွေနဲ့အတူ သက်ဆိုင်ရာ အမှတ်ပေးချန်ပီယံဆုတွေ ကိုရရှိခဲ့သူပါ။

digne-evertondigne-everton

ဒစ်ဂ်နေး Digne က ” အဲဗာတန်အသင်းက ကောင်းမွန်တဲ့သမိုင်းကြောင်းတွေ နဲ့ကြီးမားတဲ့အသင်းပါ။ ကျွန်တော်ရဲ့ အရည်အသွေးတွေနဲ့အတူ ပွဲတွေကိုအနိုင်ရအောင်ကစားသွားမှာဖြစ်ပြီး ပရိတ်သတ်တွေကို စိတ်လှုတ်ရှားမှုတွေပေးစွမ်းသွားမှာပါ။ ပရီးမီးယားလိဂ်ကို လူတိုင်းကကြိုက်နှစ်သက်ကြပါတယ်။ ကျွန်တော်ကကောင်းမွန်တဲ့လိဂ်ကို ရှာတွေခဲ့တာဖြစ်ပြီး ဒီနေရာမှာကျွန်တော်ရဲ့အရည်အသွေးတွေကိုပြသသွားမှာပါ။ကျွန်တော် ဘာမှမစိုးရိမ်ပါဘူး စိတ်တော့လှုပ်ရှားပါတယ်။ ကျွန်တော့်အတွက်တော့ စိန်ခေါ်မူအသစ်ပါပဲ။ အဲဗာတန်ကိုရောက်ရှိလာတာ ကျေနပ်စရာပါပဲ ” လို့ပြောကြားခဲ့ပါတယ်။

REF: BBC SPORTS
Photo: Everton FC Twitter
Ko Kyue(Akhayar)
www.akhayar.com