[Zawgyi]

ကဲြျပားျခားနားတဲ႔ ဆန္အမ်ဳိးအစားေတြနဲ႕ ပါဝင္တဲ႔ က်န္းမာေရးအက်ဳိးျပဳဓာတ္မ်ား

ဆန္က လူတုိင္းအတြက္ မရွိမျဖစ္ ေန႔စဥ္စားေသာက္ေနရတဲ႔ အစားအေသာက္တစ္ခုျဖစ္ပါတယ္။ ခႏၶာကိုယ္ စြမ္းအင္ေတြ ျပန္လည္ျဖည္႔တင္းႏိုင္ဖို႔အတြက္နဲ႔ ဦးေႏွာက္ရဲ႕လုပ္ငန္းေဆာင္တာေတြ ပံုမွန္လည္ပတ္ႏိုင္ဖိုု႔အတြက္ ကာဘိုဟိုက္ဒရိတ္ ေပါမ်ားစြာပါဝင္တဲ႔ ဆန္ကို လူတိုင္းေန႔စဥ္ စားသံုးေပးၾကရပါတယ္။ အဲဒီလို ေန႔စဥ္စားသံုးေပးတဲ႔ ဆန္မွာလည္း အမ်ဳိးစားကဲြေတြ မ်ားစြာရွိပါတယ္။ အ့ဲအမ်ဳိးအစားကဲြေတြကေတာ့ White Rice ၊ Brown Rice ၊ Black Rice နဲ႔ Red Rice တုိ႔ပဲ ျဖစ္ၾကပါတယ္။ ဘယ္ဆန္အမ်ဳိးအစားမွာ ဘယ္လိုက်န္းမာေရးအက်ဳိးအာနိသင္ကို ေပးစြမ္းတဲ႔ ဓာတ္ေတြပါဝင္လဲဆိုတာ သိႏိုင္ဖို႔အတြက္ ေအာက္မွာ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) White Rice

White Rice ဆိုတာက အခံြခၽြတ္ ႀကိတ္ခဲြထားၿပီး ဖဲြႏုေတြနဲ႔ ပိုးမႊားေတြကို ဖယ္ရွားသန္႔စင္ထားၿပီးတဲ႔ ဆန္ကို ဆိုလုိျခင္းျဖစ္ပါတယ္။ အဲဒီလို ဖယ္ထုတ္သန္႔စင္လိုက္တဲ႔အတြက္ ရလဒ္အေနနဲ႔ White Rice က Brown Rice၊ Black Rice နဲ႔ Red Rice ေတြေလာက္ အာဟာရဓာတ္မၾကြယ္ဝေတာ့ပါဘူး။ ဒါေပမယ္႔ White Rice 100g မွာ Protein 6.3g ပါဝင္ၿပီး အမွ်င္ဓာတ္အနည္းငယ္လည္းပါဝင္ပါတယ္။ အဲ႔ဒီအမွ်င္ဓာတ္က အျပင္အခံြမွာ ပါဝင္တာျဖစ္လို႔ အျပင္ခံြကို ခၽြတ္လုိက္တဲ႔အခါမွာ အမွ်င္ဓာတ္က မပါရွိသေလာက္ နည္းပါးသြားပါတယ္။ White Rice မွာ သံဓာတ္ပါဝင္ေပမယ့္ Brown Rice ထက္ေတာ့ ပါဝင္မႈႏႈန္း နည္းပါးပါတယ္။

White Rice

White Rice

(၂) Brown Rice

Brown Rice ဆိုတာကေတာ့ အျပင္အခံြကိုသာ ခၽြတ္ထားတဲ႔ အဆီအႏွစ္ျပည္႔ဝတဲ႔ ဆန္အမ်ဳိးအစား ျဖစ္ပါတယ္။ Brown Rice က White Rice ထက္ ဝါးလို႔ပိုေကာင္းၿပီး ဆိမ္႔တဲ႔အရသာရွိကာ အာဟာရဓာတ္မ်ားစြာ ပါရွိပါတယ္။ Brown Rice မွာ လူေတြကို အက်ဳိးျပဳေစတဲ႔ မဂၢနီဆီယမ္ဓာတ္မ်ားစြာပါဝင္ၿပီး ဇင္႔ဓာတ္ အလယ္အလတ္ပါဝင္ပါတယ္။ Brown Rice မွာ အျပင္အခံြရွိတဲ႔အတြက္ အမွ်င္ဓာတ္လည္း ၾကြယ္ဝစြာပါဝင္ပါတယ္။ Brown Rice 100g မွာ အမွ်င္ဓာတ္ 3.2 g ပါဝင္ပါတယ္။

Brown Rice

Brown Rice

(၃) Black Rice

Black Rice က ဆိမ္႔တဲ႔အရသာရွိၿပီး White Rice ထက္ အခ်ိန္ပိုၾကာၾကာ ခ်က္ျပဳတ္ေပးရပါတယ္။ Black Rice 100g မွာ Protein 9.1g ပါဝင္ပါတယ္။ ဒါအျပင္ ဒီဆန္က ဆီးခ်ဳိေရာဂါသမားေတြ စားသံုးေပးဖို႔ သင္႔ေတာ္တဲ႔ ဆန္အမ်ဴိးအစားထဲမွာလည္း ပါဝင္ပါတယ္။ Black Rice 100g မွာ အမွ်င္ဓာတ္ 4.7 g ပါဝင္ပါတယ္။

Black Rice

Black Rice

(၄) Red Rice

Red Rice မွာ Anthocyanin ေရာင္ျခယ္ပါဝင္တဲဲ့အတြက္ အျခားေသာ ဆန္အမ်ဳိးအစားေတြနဲ႔ မတူဘဲ ထူးျခားတဲ႔အေရာင္ ရွိေနရျခင္း ျဖစ္ပါတယ္။ ဒီဆန္ရဲ႕ ထူးျခားခ်က္ကေတာ့ ဓာတ္တိုးဆန္႔က်င္မႈကို ႀကီးမားစြာ ျမွင္႔တင္႔ေပးႏိုင္ျခင္းပဲ ျဖစ္ပါတယ္။ ဒီဆန္အမ်ဳိးအစားမွာ အခံြခၽြတ္ထားတဲ႔ဆန္နဲ႔ အခံြမခၽြတ္ထားတဲ့ဆန္ဆိုၿပီး ႏွစ္မ်ဳိးရွိပါတယ္။ Red Rice 100g မွာ Protein 7g ပါဝင္ၿပီး အမွ်င္ဓာတ္ 2g ပါဝင္ပါတယ္။ Red Rice နဲ႔ Black Rice ႏွစ္မ်ဳိးလံုးဟာ White Rice ထက္စာရင္ အာဟာရဓာတ္ပိုပါဝင္တဲ႔အတြက္ ေစ်းလည္း အရမ္းႀကီးပါတယ္။

Red Rice

Red Rice

က်န္းမာေရးအတြက္ ဘယ္ဆန္ကအက်ဳိးမ်ားလဲေမးရင္ Black Rice နဲ႔ Brown Rice က ပိုအက်ဳိးမ်ားတယ္လို႔ပဲ ေျပာရမွာပါ။ Black Rice နဲ႔ Brown Rice ကို စားျခင္းျဖင့္ အမွ်င္ဓာတ္ပိုမိုရရွိေစႏိုင္ပါတယ္။ အမွ်င္ဓာတ္က ဗိုက္ဆာေလာင္မႈကုိ သိပ္မျဖစ္ေစႏိုင္တဲ႔အျပင္ ဝမ္းခ်ဳပ္ျခင္းမျဖစ္ေအာင္လည္း ကာကြယ္ေပးႏုိင္ပါတယ္။ Black Rice နဲ႔ Brown Rice ခ်ည္းပဲစားရတာ မႀကိဳက္ဘူးဆိုရင္ေတာ့ White Rice နဲ႔ ေရာစပ္ၿပီးလည္း စားသံုးေပးလို႔ရပါတယ္။

ဆန္ေတြမွာ ပါဝင္တဲ႔ က်န္းမာေရးအက်ဳိးျပဳဓာတ္ေတြကို သိၿပီဆိုေတာ့ ကိုယ္မွာလိုအပ္ေနတဲ႔ ဓာတ္ေပၚမူတည္ၿပီး ကိုက္ညီတဲ႔ဆန္အမ်ဳိးအစားကုိ ေရြးခ်ယ္ကာ စားေသာက္ေပးျခင္းနဲ႔ က်န္းမာေရးကို ဂရုစိုက္လုိက္ၾကရေအာင္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကွဲပြားခြားနားတဲ့ ဆန်အမျိုးအစားတွေနဲ့ ပါဝင်တဲ့ ကျန်းမာရေးအကျိုးပြုဓာတ်များ

ဆန်က လူတိုင်းအတွက် မရှိမဖြစ် နေ့စဉ်စားသောက်နေရတဲ့ အစားအသောက်တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ် စွမ်းအင်တွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်နဲ့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် ကာဘိုဟိုက်ဒရိတ် ပေါများစွာပါဝင်တဲ့ ဆန်ကို လူတိုင်းနေ့စဉ် စားသုံးပေးကြရပါတယ်။ အဲဒီလို နေ့စဉ်စားသုံးပေးတဲ့ ဆန်မှာလည်း အမျိုးစားကွဲတွေ များစွာရှိပါတယ်။ အဲ့အမျိုးအစားကွဲတွေကတော့ White Rice ၊ Brown Rice ၊ Black Rice နဲ့ Red Rice တို့ပဲ ဖြစ်ကြပါတယ်။ ဘယ်ဆန်အမျိုးအစားမှာ ဘယ်လိုကျန်းမာရေးအကျိုးအာနိသင်ကို ပေးစွမ်းတဲ့ ဓာတ်တွေပါဝင်လဲဆိုတာ သိနိုင်ဖို့အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) White Rice

White Rice ဆိုတာက အခွံချွတ် ကြိတ်ခွဲထားပြီး ဖွဲနုတွေနဲ့ ပိုးမွှားတွေကို ဖယ်ရှားသန့်စင်ထားပြီးတဲ့ ဆန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီလို ဖယ်ထုတ်သန့်စင်လိုက်တဲ့အတွက် ရလဒ်အနေနဲ့ White Rice က Brown Rice၊ Black Rice နဲ့ Red Rice တွေလောက် အာဟာရဓာတ်မကြွယ်ဝတော့ပါဘူး။ ဒါပေမယ့် White Rice 100g မှာ Protein 6.3g ပါဝင်ပြီး အမျှင်ဓာတ်အနည်းငယ်လည်းပါဝင်ပါတယ်။ အဲ့ဒီအမျှင်ဓာတ်က အပြင်အခွံမှာ ပါဝင်တာဖြစ်လို့ အပြင်ခွံကို ချွတ်လိုက်တဲ့အခါမှာ အမျှင်ဓာတ်က မပါရှိသလောက် နည်းပါးသွားပါတယ်။ White Rice မှာ သံဓာတ်ပါဝင်ပေမယ့် Brown Rice ထက်တော့ ပါဝင်မှုနှုန်း နည်းပါးပါတယ်။

White Rice

White Rice

(၂) Brown Rice

Brown Rice ဆိုတာကတော့ အပြင်အခွံကိုသာ ချွတ်ထားတဲ့ အဆီအနှစ်ပြည့်ဝတဲ့ ဆန်အမျိုးအစား ဖြစ်ပါတယ်။ Brown Rice က White Rice ထက် ဝါးလို့ပိုကောင်းပြီး ဆိမ့်တဲ့အရသာရှိကာ အာဟာရဓာတ်များစွာ ပါရှိပါတယ်။ Brown Rice မှာ လူတွေကို အကျိုးပြုစေတဲ့ မဂ္ဂနီဆီယမ်ဓာတ်များစွာပါဝင်ပြီး ဇင့်ဓာတ် အလယ်အလတ်ပါဝင်ပါတယ်။ Brown Rice မှာ အပြင်အခွံရှိတဲ့အတွက် အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ Brown Rice 100g မှာ အမျှင်ဓာတ် 3.2 g ပါဝင်ပါတယ်။

Brown Rice

Brown Rice

(၃) Black Rice

Black Rice က ဆိမ့်တဲ့အရသာရှိပြီး White Rice ထက် အချိန်ပိုကြာကြာ ချက်ပြုတ်ပေးရပါတယ်။ Black Rice 100g မှာ Protein 9.1g ပါဝင်ပါတယ်။ ဒါအပြင် ဒီဆန်က ဆီးချိုရောဂါသမားတွေ စားသုံးပေးဖို့ သင့်တော်တဲ့ ဆန်အမျိူးအစားထဲမှာလည်း ပါဝင်ပါတယ်။ Black Rice 100g မှာ အမျှင်ဓာတ် 4.7 g ပါဝင်ပါတယ်။

Black Rice

Black Rice

(၄) Red Rice

Red Rice မှာ Anthocyanin ရောင်ခြယ်ပါဝင်တဲ့အတွက် အခြားသော ဆန်အမျိုးအစားတွေနဲ့ မတူဘဲ ထူးခြားတဲ့အရောင် ရှိနေရခြင်း ဖြစ်ပါတယ်။ ဒီဆန်ရဲ့ ထူးခြားချက်ကတော့ ဓာတ်တိုးဆန့်ကျင်မှုကို ကြီးမားစွာ မြှင့်တင့်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆန်အမျိုးအစားမှာ အခွံချွတ်ထားတဲ့ဆန်နဲ့ အခွံမချွတ်ထားတဲ့ဆန်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Red Rice 100g မှာ Protein 7g ပါဝင်ပြီး အမျှင်ဓာတ် 2g ပါဝင်ပါတယ်။ Red Rice နဲ့ Black Rice နှစ်မျိုးလုံးဟာ White Rice ထက်စာရင် အာဟာရဓာတ်ပိုပါဝင်တဲ့အတွက် ဈေးလည်း အရမ်းကြီးပါတယ်။

Red Rice

Red Rice

ကျန်းမာရေးအတွက် ဘယ်ဆန်ကအကျိုးများလဲမေးရင် Black Rice နဲ့ Brown Rice က ပိုအကျိုးများတယ်လို့ပဲ ပြောရမှာပါ။ Black Rice နဲ့ Brown Rice ကို စားခြင်းဖြင့် အမျှင်ဓာတ်ပိုမိုရရှိစေနိုင်ပါတယ်။ အမျှင်ဓာတ်က ဗိုက်ဆာလောင်မှုကို သိပ်မဖြစ်စေနိုင်တဲ့အပြင် ဝမ်းချုပ်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Black Rice နဲ့ Brown Rice ချည်းပဲစားရတာ မကြိုက်ဘူးဆိုရင်တော့ White Rice နဲ့ ရောစပ်ပြီးလည်း စားသုံးပေးလို့ရပါတယ်။

ဆန်တွေမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးပြုဓာတ်တွေကို သိပြီဆိုတော့ ကိုယ်မှာလိုအပ်နေတဲ့ ဓာတ်ပေါ်မူတည်ပြီး ကိုက်ညီတဲ့ဆန်အမျိုးအစားကို ရွေးချယ်ကာ စားသောက်ပေးခြင်းနဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်ကြရအောင်။

H.H(Akhayar)

www.akhayar.com