[ZawGyi]

ႏိုင္ငံတခ်ိဳ႕ရဲ႕ ထူးျခားဆန္းျပားဥပေဒသမ်ား

ႏိုင္ငံတိုင္းမွာသူတုိ႔စည္းမ်ဥ္းစည္းကမ္းအလိုက္ ခ်မွတ္ထားတဲ႔ ဆန္းျပားတဲ႔ဥပေဒသေတြရွိပါတယ္။ အက်ိဳးအေၾကာင္းခိုင္လံုတဲ႔သူတုိ႔ရဲ႕ စည္းမ်ဥ္းေတြဟာ တစိမ္းေတြအတြက္ေတာ႔ ထူးဆန္းေနႏိုင္ပါတယ္။ ဒီႏိုင္ငံေတြကေတာ႔…

ၾသစေတးလ်

-တနဂၤေႏြေန႔ ည ၁၂ နာရီေက်ာ္ရင္ အမ်ားနဲ႔ဆိုင္တဲ႔ေနရာေတြမွာ ေဘာင္းဘီပန္းေရာင္ဝတ္ဆင္ျခင္းကို တားျမစ္ထားပါတယ္။
-အိမ္မွာမီးသီးကၽြမ္းလို႔ မီးလံုးလဲမယ္ဆုိရင္ေတာင္ လိုင္စင္ရထားတဲ႔လွ်ပ္စစ္ပညာရွင္နဲ႔ပဲ လဲရမွာျဖစ္ပါတယ္။

အဂၤလန္

-အဂၤလန္မွာေတာ႔ လမ္းသန္႔ရွင္းေရးလုပ္မယ္ဆိုရင္ မနက္ ၈ နာရီမတိုင္ခင္အျပီးလုပ္ေဆာင္ရမွာျဖစ္ပါတယ္။ လမ္းေပၚမွာ ကၽြဲႏြားတိရိစၱာန္ေတြနဲ႔ျဖတ္သန္းျခင္းကို မနက္ ၇ နာရီကေန ည ၁၀ နာရီအတြင္းခြင္႔မျပဳပါဘူး။ ရဲအရာရွိရဲ႕ ခြင္႔ျပဳခ်က္ပါမွသာ ျဖတ္သန္းခြင္႔ရွိပါတယ္။
-ဘူတာရံုေတြမွာ အနမ္းေျခြခြင္႔မရွိပါဘူး။ No Kissing ဆိုတဲ႔ဆိုင္းဘုတ္ေတြကပ္ထားတာေတြ႔ရမွာပါ။ ဘာလို႔လဲဆုိရင္ ခရီးသည္ေတြတက္ဆင္းတဲ႔အခ်ိန္မွာ ေႏွာင္႔ေႏွးေစလုိ႔ျဖစ္ပါတယ္။

အီတလီ

-၂၀၀၈ ခုနစ္ကတည္းက ဗင္းနစ္မွာရွိတဲ St. Mark’s Square မွာ ခိုေတြကို အစားေကၽြးေမြးျခင္းကိုတားျမစ္ထားပါတယ္။ ဘာေၾကာင္႔လဲဆုိရင္ သူတုိ႔ေတြက သမိုင္းဝင္ရုပ္တုေတြနဲ႔ အေဆာက္အအံုေတြကို ဖ်က္ဆီးလုိ႔ပါပဲ။ ေနာက္တခ်က္က သူတုိ႔ဟာ အႏၱရာယ္ရွိတဲ႔ေရာဂါေတြကို သယ္ေဆာင္လာတတ္လုိ႔ျဖစ္ပါတယ္။

-ဗင္းနစ္ျမိဳ႕အနီးမွာရွိတဲ႔ Eraclea ဆုိတဲ႔ျမိဳ႕ေလးရဲ႕ကမ္းေျခမွာ သဲအိမ္ေတြေဆာက္ခြင္႔မရွိပါဘူး။ ဘာေၾကာင္႔လဲဆိုရင္ လူေတြေအးေအးေဆးေဆးလမ္းမေလွ်ာက္ႏိုင္မွာစိုးလုိ႔ျဖစ္ပါတယ္။

-Eboli ျမိဳ႕မွာေတာ႔ စံုတြဲေတြ ကားေတြထဲမွာ နမ္းရႈတ္ျခင္းကို တားျမစ္ထားပါတယ္။

-Capri ကၽြန္းမွာေတာ႔ အသံတဂြပ္ဂြပ္ျမည္တဲ႔ သစ္သားခံုဖိနပ္ေတြစီးျခင္းကို တားျမစ္ထားပါတယ္။

စင္ကာပူ

-စင္ကာပူမွာေတာ႔ ၁၉၉၂ ခုနစ္ကတည္းက ပီေကစားျခင္းကို တားျမစ္ထားပါတယ္။ ပီေကက လူ႔က်န္းမာေရးအတြက္ အေထာက္အကူမျပဳဘဲ ပတ္ဝန္းက်င္ကိုလည္း ညစ္ညမ္းေစလုိ႔ျဖစ္ပါတယ္။

ကေနဒါ

– ကေနဒါမွာေတာ႔ အသံလႊင္႔ဌာနအမ်ားစုဟာ ကေနဒါဖြားစစ္စစ္အႏုပညာရွင္ေတြရဲ႕ သီခ်င္းေတြကို တနလာၤကေန ေသာၾကာေန႔အထိ မနက္ ၆ နာရီကေန ညေန ၆ နာရီအတြင္း မျဖစ္မေန ထုတ္လႊင္႔ရပါတယ္။

ဂ်ပန္

-ဂ်ပန္ႏိုင္ငံမွာေတာ႔ ခါးဆိုဒ္နဲ႔ပတ္သက္တဲ႔သတ္မွတ္ခ်က္ရွိပါတယ္။ အသက္ ၄၀ မွ ၇၄ ႏွစ္အတြင္း အမ်ိဳးသမီးေတြဟာ ခါးဆိုဒ္ ၃၅.၅ လက္မထက္ မပိုရပါဘူး။ အမ်ိဳးသားေတြကေတာ႔ ၃၃.၅ လက္မထက္ပိုလို႔မရပါဘူး။ ဒါဟာ ဝျဖိဳးျခင္းနဲ႔ပတ္သက္တဲ႔ေရာဂါဘယေတြကိုတားဆီးခ်င္လုိ႔ သတ္မွတ္ထားတာျဖစ္ျပီး ဒီစည္းမ်ဥ္းကိုခ်ိဳးေဖာက္ရင္ ဒဏ္ေၾကးေဆာင္ရမွာျဖစ္ပါတယ္။

အိႏၵိယ

-Kerala ျပည္နယ္မွာေတာ႔ Fat Tax ဆုိတာရွိပါတယ္။ လူေတြကို ဝျဖိဳးေစတဲ႔ ဒိုးနပ္မုန္႔ ၊ပီဇာ၊ ဘာဂါနဲ႔ ေဖ်ာ္ရည္ေတြ ေရာင္းခ်ရင္ အခြန္ပိုေဆာင္ရမွာျဖစ္ပါတယ္။

Ref#Brightside

www.akhayar.com

[Unicode]

နိုင်ငံတချို့ရဲ့ ထူးခြားဆန်းပြားဥပဒေသများ

နိုင်ငံတိုင်းမှာသူတို့စည်းမျဉ်းစည်းကမ်းအလိုက် ချမှတ်ထားတဲ့ ဆန်းပြားတဲ့ဥပဒေသတွေရှိပါတယ်။ အကျိုးအကြောင်းခိုင်လုံတဲ့သူတို့ရဲ့ စည်းမျဉ်းတွေဟာ တစိမ်းတွေအတွက်တော့ ထူးဆန်းနေနိုင်ပါတယ်။ ဒီနိုင်ငံတွေကတော့…

သြစတေးလျ

-တနင်္ဂနွေနေ့ ည ၁၂ နာရီကျော်ရင် အများနဲ့ဆိုင်တဲ့နေရာတွေမှာ ဘောင်းဘီပန်းရောင်ဝတ်ဆင်ခြင်းကို တားမြစ်ထားပါတယ်။
-အိမ်မှာမီးသီးကျွမ်းလို့ မီးလုံးလဲမယ်ဆိုရင်တောင် လိုင်စင်ရထားတဲ့လျှပ်စစ်ပညာရှင်နဲ့ပဲ လဲရမှာဖြစ်ပါတယ်။

အင်္ဂလန်

-အင်္ဂလန်မှာတော့ လမ်းသန့်ရှင်းရေးလုပ်မယ်ဆိုရင် မနက် ၈ နာရီမတိုင်ခင်အပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ လမ်းပေါ်မှာ ကျွဲနွားတိရိစ္တာန်တွေနဲ့ဖြတ်သန်းခြင်းကို မနက် ၇ နာရီကနေ ည ၁၀ နာရီအတွင်းခွင့်မပြုပါဘူး။ ရဲအရာရှိရဲ့ ခွင့်ပြုချက်ပါမှသာ ဖြတ်သန်းခွင့်ရှိပါတယ်။
-ဘူတာရုံတွေမှာ အနမ်းခြွေခွင့်မရှိပါဘူး။ No Kissing ဆိုတဲ့ဆိုင်းဘုတ်တွေကပ်ထားတာတွေ့ရမှာပါ။ ဘာလို့လဲဆိုရင် ခရီးသည်တွေတက်ဆင်းတဲ့အချိန်မှာ နှောင့်နှေးစေလို့ဖြစ်ပါတယ်။

အီတလီ

-၂၀၀၈ ခုနစ်ကတည်းက ဗင်းနစ်မှာရှိတဲ St. Mark’s Square မှာ ခိုတွေကို အစားကျွေးမွေးခြင်းကိုတားမြစ်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေက သမိုင်းဝင်ရုပ်တုတွေနဲ့ အဆောက်အအုံတွေကို ဖျက်ဆီးလို့ပါပဲ။ နောက်တချက်က သူတို့ဟာ အန္တရာယ်ရှိတဲ့ရောဂါတွေကို သယ်ဆောင်လာတတ်လို့ဖြစ်ပါတယ်။

-ဗင်းနစ်မြို့အနီးမှာရှိတဲ့ Eraclea ဆိုတဲ့မြို့လေးရဲ့ကမ်းခြေမှာ သဲအိမ်တွေဆောက်ခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် လူတွေအေးအေးဆေးဆေးလမ်းမလျှောက်နိုင်မှာစိုးလို့ဖြစ်ပါတယ်။

-Eboli မြို့မှာတော့ စုံတွဲတွေ ကားတွေထဲမှာ နမ်းရှုတ်ခြင်းကို တားမြစ်ထားပါတယ်။

-Capri ကျွန်းမှာတော့ အသံတဂွပ်ဂွပ်မြည်တဲ့ သစ်သားခုံဖိနပ်တွေစီးခြင်းကို တားမြစ်ထားပါတယ်။

စင်ကာပူ

-စင်ကာပူမှာတော့ ၁၉၉၂ ခုနစ်ကတည်းက ပီကေစားခြင်းကို တားမြစ်ထားပါတယ်။ ပီကေက လူ့ကျန်းမာရေးအတွက် အထောက်အကူမပြုဘဲ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေလို့ဖြစ်ပါတယ်။

ကနေဒါ

– ကနေဒါမှာတော့ အသံလွှင့်ဌာနအများစုဟာ ကနေဒါဖွားစစ်စစ်အနုပညာရှင်တွေရဲ့ သီချင်းတွေကို တနလာၤကနေ သောကြာနေ့အထိ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း မဖြစ်မနေ ထုတ်လွှင့်ရပါတယ်။

ဂျပန်

-ဂျပန်နိုင်ငံမှာတော့ ခါးဆိုဒ်နဲ့ပတ်သက်တဲ့သတ်မှတ်ချက်ရှိပါတယ်။ အသက် ၄၀ မှ ၇၄ နှစ်အတွင်း အမျိုးသမီးတွေဟာ ခါးဆိုဒ် ၃၅.၅ လက်မထက် မပိုရပါဘူး။ အမျိုးသားတွေကတော့ ၃၃.၅ လက်မထက်ပိုလို့မရပါဘူး။ ဒါဟာ ဝဖြိုးခြင်းနဲ့ပတ်သက်တဲ့ရောဂါဘယတွေကိုတားဆီးချင်လို့ သတ်မှတ်ထားတာဖြစ်ပြီး ဒီစည်းမျဉ်းကိုချိုးဖောက်ရင် ဒဏ်ကြေးဆောင်ရမှာဖြစ်ပါတယ်။

အိန္ဒိယ

-Kerala ပြည်နယ်မှာတော့ Fat Tax ဆိုတာရှိပါတယ်။ လူတွေကို ဝဖြိုးစေတဲ့ ဒိုးနပ်မုန့် ၊ပီဇာ၊ ဘာဂါနဲ့ ဖျော်ရည်တွေ ရောင်းချရင် အခွန်ပိုဆောင်ရမှာဖြစ်ပါတယ်။

Ref#Brightside

www.akhayar.com