ဒီဘက္ႏွစ္ပိုင္းမွာ ေသြးအမ်ိဳးအစားေပၚလုိက္ျပီး သူ႔ရဲ႕ ကိုယ္ရည္ကုိယ္ေသြးကိုဆံုးျဖတ္တာေတြ ၊ O ေသြးေလးကေတာ႔ B ေသြးနဲ႔ လိုက္ဖက္တယ္ ၊ AB ေသြးေတြကေတာ႔ A ေသြးနဲ႔ဆိုၾကင္ယာဖက္ျဖစ္ႏိုင္တယ္ စတဲ႔စတဲ႔ တြက္ဆမႈေတြအျပင္ ေသြးအမ်ိဳးအစားကိုလိုက္ျပီး ဘယ္လိုအစားအေသာက္ကိုစားသင္႔တယ္လို႔ေျပာတဲ႔ Blood Type Diet ဆိုတာမ်ိဳးေတြ ေခတ္စားလာတာေတြ႔ရပါတယ္။ ဒါဟာျမန္မာႏိုင္ငံမွာတင္မဟုတ္ပါဘူး။ ဂ်ပန္ႏိုင္ငံမွာလည္း ဒီလိုယံုၾကည္မႈေတြက ေပၚျပဴလာျဖစ္ေနပါတယ္။

တကယ္ေတာ႔ Aေသြး B ေသြး O ေသြးဆိုတာကို ေသြးရည္ၾကည္နဲ႔အတူရွိေနတဲ႔ Antigens ၊ Antibodies တည္ရွိမႈနဲ႔တိုင္းတာပါတယ္။ ေသြးလွဴတဲ႔ေနရာမွာ ေသြးအမ်ိဳးအစားကိုအဓိကစစ္ေဆးတယ္ဆိုတာက ေသြးလက္ခံသူနဲ႔ဓာတ္မတည္႔တာမ်ိဳးမျဖစ္ဖို႔ပါပဲလို႔ Karl Landsteiner ကေျပာခဲ႔ပါတယ္။ Karl Landsteiner ဟာေသြးနဲ႔ပတ္သက္ျပီး ေအာင္ျမင္တဲ႔စူးစမ္းေလ႔လာမႈေတြလုပ္ႏိုင္ခဲ႔သူ ၊ ၁၉၀၀ျပည္႔ႏွစ္မွာ သူဟာအဓိကေသြးအုပ္စုၾကီးေတြကိုခြဲျခားေပးႏိုင္ခဲ႔သူျဖစ္ပါတယ္။ သူဟာ ၁၉၃၀ ခုနစ္မွာ ဇီဝကမၼေဗဒ ႏိုဘယ္ဆုကိုရရွိခဲ႔သူျဖစ္ခဲ႔ပါတယ္။ သူကေတာ႔ ေသြးအုပ္စုကိုလိုက္ျပီး အစားအေသာက္ေရြးခ်ယ္မႈ မေရြးခ်ယ္မႈဆိုတာေတြ ၊ လူ႔ရဲ႕ ကိုယ္ရည္ကုိယ္ေသြးဆိုတာေတြကို တစြန္းတစမွေျပာသြားတာမေတြ႔ရပါဘူး။

၁၉၉၀ ေနာက္ပိုင္းမွာမွ ေသြးအုပ္စုအလိုက္ ဘာေတြစားသင္႔တယ္ မစားသင္႔ဘူးဆိုတာေတြက ေခတ္စားလာခဲ႔တာပါ။ ေသြးအုပ္စု A ဆိုရင္ အသီးအႏွံေတြခ်ည္းပဲစားျပီး O ေသြးသမားေတြက အသားေတြခ်ည္းစားရမယ္႔ပံုမ်ိဳးပါ။

တကယ္ေတာ႔ေသြးအုပ္စုနဲ႔ အစားအေသာက္  ၊ ေသြးအုပ္စုနဲ႔ ကိုယ္ရည္ကိုယ္ေသြးဆက္သြယ္မႈဆိုတာေတြက တိက်တဲ႔အေထာက္အထားမရွိဘူးလို႔ ေလ႔လာသူေတြက ဆိုၾကပါတယ္။ ဘယ္လုိေသြးအမ်ိဳးအစားျဖစ္ျဖစ္ အားလံုးဟာ အာဟာရျပည္႔ဝေအာင္စားသံုးၾကရမွာျဖစ္ပါတယ္။

ေသြးအုပ္စုကိုလိုက္ျပီး ၾကင္ယာရွာေပးတဲ႔အယူအဆဟာလည္း ဂ်ပန္မွာေခတ္စားပါတယ္။ ဒါေပမဲ႔ ေသေသခ်ာခ်ာေလ႔လာၾကည္႔တဲ႔အခါ ဒီလိုတြဲစပ္ေပးလိုက္တဲ႔ၾကင္ယာဖက္ေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္အဆင္မေျပျဖစ္တာေတြ ၊ နားလည္မႈမေပးႏိုင္ဘဲ လမ္းခြဲရတာေတြ အမ်ားၾကီးၾကံဳေတြ႔ရတယ္လို႔ဆိုပါတယ္။

ဒါေၾကာင္႔လည္း ေသြးအမ်ိဳးအစားဆိုတာ သင္အေရးေပၚလိုအပ္လာတဲ႔အခ်ိန္မွာ သင္႔ကိုအဆင္ေျပေျပနဲ႔ေဘးကင္းစြာကယ္တင္ေပးႏိုင္မယ္႔ အေၾကာင္းအရာတစ္ခုမ်ွသာျဖစ္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

Ref# Refinery 29

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

ဒီဘက်နှစ်ပိုင်းမှာ သွေးအမျိုးအစားပေါ်လိုက်ပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုဆုံးဖြတ်တာတွေ ၊ O သွေးလေးကတော့ B သွေးနဲ့ လိုက်ဖက်တယ် ၊ AB သွေးတွေကတော့ A သွေးနဲ့ဆိုကြင်ယာဖက်ဖြစ်နိုင်တယ် စတဲ့စတဲ့ တွက်ဆမှုတွေအပြင် သွေးအမျိုးအစားကိုလိုက်ပြီး ဘယ်လိုအစားအသောက်ကိုစားသင့်တယ်ဆိုတဲ့ Blood Type Diet ဆိုတာမျိုးတွေ ခေတ်စားလာတာတွေ့ရပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာတင်မဟုတ်ပါဘူး။ ဂျပန်နိုင်ငံမှာလည်း ဒီလိုယုံကြည်မှုတွေက ပေါ်ပြူလာဖြစ်နေပါတယ်။
တကယ်တော့ Aသွေး B သွေး O သွေးဆိုတာကို သွေးရည်ကြည်နဲ့အတူရှိနေတဲ့ Antigens ၊ Antibodies တည်ရှိမှုနဲ့တိုင်းတာပါတယ်။ သွေးလှူတဲ့နေရာမှာ သွေးအမျိုးအစားကိုအဓိကစစ်ဆေးတယ်ဆိုတာက သွေးလက်ခံသူနဲ့ဓာတ်မတည့်တာမျိုးမဖြစ်ဖို့ပါပဲလို့ Karl Landsteiner ကပြောခဲ့ပါတယ်။ Karl Landsteiner ဟာသွေးနဲ့ပတ်သက်ပြီး အောင်မြင်တဲ့စူးစမ်းလေ့လာမှုတွေလုပ်နိုင်ခဲ့သူ ၊ ၁၉၀၀ပြည့်နှစ်မှာ သူဟာအဓိကသွေးအုပ်စုကြီးတွေကိုခွဲခြားပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၃၀ ခုနစ်မှာ ဇီဝကမ္မဗေဒ နိုဘယ်ဆုကိုရရှိခဲ့သူဖြစ်ခဲ့ပါတယ်။ သူကတော့ သွေးအုပ်စုကိုလိုက်ပြီး အစားအသောက်ရွေးချယ်မှု မရွေးချယ်မှုဆိုတာတွေ ၊ လူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာတွေကို တစွန်းတစမှပြောသွားတာမတွေ့ရပါဘူး။
၁၉၉၀ နောက်ပိုင်းမှာမှ သွေးအုပ်စုအလိုက် ဘာတွေစားသင့်တယ် မစားသင့်ဘူးဆိုတာတွေက ခေတ်စားလာခဲ့တာပါ။ သွေးအုပ်စု A ဆိုရင် အသီးအနှံတွေချည်းပဲစားပြီး O သွေးသမားတွေက အသားတွေချည်းစားရမယ့်ပုံမျိုးပါ။
တကယ်တော့သွေးအုပ်စုနဲ့ အစားအသောက်  ၊ သွေးအုပ်စုနဲ့ ကိုယ်ရည်ကိုယ်သွေးဆက်သွယ်မှုဆိုတာတွေက တိကျတဲ့အထောက်အထားမရှိဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။ ဘယ်လိုသွေးအမျိုးအစားဖြစ်ဖြစ် အားလုံးဟာ အာဟာရပြည့်ဝအောင်စားသုံးကြရမှာဖြစ်ပါတယ်။
သွေးအုပ်စုကိုလိုက်ပြီး ကြင်ယာရှာပေးတဲ့အယူအဆဟာလည်း ဂျပန်မှာခေတ်စားပါတယ်။ ဒါပေမဲ့ သေသေချာချာလေ့လာကြည့်တဲ့အခါ ဒီလိုတွဲစပ်ပေးလိုက်တဲ့ကြင်ယာဖက်တွေဟာ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေဖြစ်တာတွေ ၊ နားလည်မှုမပေးနိုင်ဘဲ လမ်းခွဲရတာတွေ အများကြီးကြုံတွေ့ရတယ်လို့ဆိုပါတယ်။
ဒါကြောင့်လည်း သွေးအမျိုးအစားဆိုတာ သင်အရေးပေါ်လိုအပ်လာတဲ့အချိန်မှာ သင့်ကိုအဆင်ပြေပြေနဲ့ဘေးကင်းစွာကယ်တင်ပေးနိုင်မယ့် အကြောင်းအရာတစ်ခုမျှသာဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
Ref# Refinery 29
ဂျူဂျူး(အခရာ)