[Zawgyi]

မက္​ဆီနဲ႔ စီ​ေရာ္​နယ္​လ္​ဒို ျခားနားခ်က္​ကို သီယာဂို​ေဆးလ္​ဗားသံုးသပ္​

ပီအက္စ္ဂ်ီအသင္းေခါင္းေဆာင္ သီယာဂိုေဆးလ္ဗားက ဘာစီလိုနာတုိက္စစ္မွဴး မက္ဆီဟာ ရီးယဲလ္တိုက္စစ္မွဴး ေရာ္နယ္ဒိုထက္ ပိုမိုထိန္းခ်ဳပ္ဖုိ႔ခက္ခဲတယ္လို႔ သံုးသပ္ေျပာဆုိသြားခဲ့ပါတယ္။ ေဆးလ္​ဗားရဲ႕ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္႐ံႈးထြက္အဆင့္မွာ ရီးယဲလ္အသင္းနဲ႔ေတြ႔ဆံုေနၿပီး အဲဒီပြဲစဥ္မတုိင္ခင္ ေဆးလ္​ဗားက အခုလို ကမၻာအေကာင္းဆံုးကစားသမားႏွစ္ေယာက္အေပၚ သံုးသပ္ေျပာဆုိလိုက္တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း Ballon d’Or ဆုကို တစ္ေယာက္ (၅) ႀကိမ္စီ ဆြတ္ခူးထားၿပီး ကမၻာ့အေကာင္းဆံုးကစားသမားဂုဏ္ပုဒ္အတြက္ ၿပိဳင္ဆိုင္​မႈမဆံုး​ေသးသူ​ေတြပါပဲ။ ခ်န္ပီယံလိဂ္မွာ စီ​ေရာ္နယ္ဒိုရဲ႕ ရီးယဲလ္နဲ႔ရင္ဆုိင္ရမယ့္ ေဆးလ္​ဗားက “ ေရာ္နယ္ဒိုထက္ မက္ဆီက ထိန္းခ်ဳပ္ဖို႔ခက္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ သူ႕ကစားသမားဘဝရရိွခဲ့တဲ့ ေအာင္ျမင္မႈအားလံုးနဲ႔ ထုိက္တန္သူပါ။ ဒီႏွစ္ကေတာ့ သူ႔အတြက္ အနည္းငယ္ခက္ခဲပါတယ္။ ဒါေပမယ့္ ဒါဟာ အဆံုးသတ္မဟုတ္ပါဘူး။ သူအေနနဲ႔ Ballon d’ Or ေနာက္တစ္ခါရႏုိင္ပါေသးတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ျခားနားခ်က္အနည္းငယ္ကေတာ့ မက္ဆီဟာ ေဘာလံုးနဲ႔ တစ္ေယာက္ခ်င္း ဒါမွမဟုတ္ ႏွစ္ေယာက္ေတာင္မွ ရပ္တန္႔ဖို႔ ခက္ခဲပါတယ္” လို႔ သံုးသပ္ေျပာဆုိခဲ့ပါတယ္။

ဒီရာသီမွာ မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ လာလီဂါဂိုး (၂၀) ထိ သြင္းယူထားေပမယ့္ ေရာ္နယ္ဒိုကေတာ့ ရီးယဲလ္အတြက္ (၈) ဂုိးသာ သြင္းယူေပးထားႏုိင္ပါတယ္။ ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ပထမဦးဆံုးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ရလဒ္ဆိုးေတြေၾကာင့္ ေအာင္ျမင္မႈရဖုိ႔ မလြယ္ကူသလို ႐ံႈးထြက္အဆင့္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ေတြ႕ဆံုေနလို႔ ကြာတားဖိုင္နယ္တက္ေရာက္ဖုိ႔ ႐ုန္းကန္ရဖြယ္ရိွေနပါတယ္။ ရီးယဲလ္အသင္းနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ႐ံႈးထြက္ပြဲစဥ္ ပထမအေက်ာ့ကို လာမယ့္ ေဖေဖာ္ဝါရီ (၁၅) ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မက်ဆီနဲ့ စီရော်နယ်လ်ဒို ခြားနားချက်ကို သီယာဂိုဆေးလ်ဗားသုံးသပ်

ပီအက်စ်ဂျီအသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုထက် ပိုမိုထိန်းချုပ်ဖို့ခက်ခဲတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဆေးလ်ဗားရဲ့ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ရီးယဲလ်အသင်းနဲ့တွေ့ဆုံနေပြီး အဲဒီပွဲစဉ်မတိုင်ခင် ဆေးလ်ဗားက အခုလို ကမ္ဘာအကောင်းဆုံးကစားသမားနှစ်ယောက်အပေါ် သုံးသပ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း Ballon d’Or ဆုကို တစ်ယောက် (၅) ကြိမ်စီ ဆွတ်ခူးထားပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဂုဏ်ပုဒ်အတွက် ပြိုင်ဆိုင်မှုမဆုံးသေးသူတွေပါပဲ။ ချန်ပီယံလိဂ်မှာ စီရော်နယ်ဒိုရဲ့ ရီးယဲလ်နဲ့ရင်ဆိုင်ရမယ့် ဆေးလ်ဗားက “ ရော်နယ်ဒိုထက် မက်ဆီက ထိန်းချုပ်ဖို့ခက်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ကစားသမားဘဝရရှိခဲ့တဲ့ အောင်မြင်မှုအားလုံးနဲ့ ထိုက်တန်သူပါ။ ဒီနှစ်ကတော့ သူ့အတွက် အနည်းငယ်ခက်ခဲပါတယ်။ ဒါပေမယ့် ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး။ သူအနေနဲ့ Ballon d’ Or နောက်တစ်ခါရနိုင်ပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ ခြားနားချက်အနည်းငယ်ကတော့ မက်ဆီဟာ ဘောလုံးနဲ့ တစ်ယောက်ချင်း ဒါမှမဟုတ် နှစ်ယောက်တောင်မှ ရပ်တန့်ဖို့ ခက်ခဲပါတယ်” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဒီရာသီမှာ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါဂိုး (၂၀) ထိ သွင်းယူထားပေမယ့် ရော်နယ်ဒိုကတော့ ရီးယဲလ်အတွက် (၈) ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။ ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်ဆိုးတွေကြောင့် အောင်မြင်မှုရဖို့ မလွယ်ကူသလို ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေလို့ ကွာတားဖိုင်နယ်တက်ရောက်ဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ ရီးယဲလ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ကို လာမယ့် ဖေဖော်ဝါရီ (၁၅) ရက်နေ့မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။