[ZawGyi]

Football နဲ႔ Soccer ရယ္လုိ႔ ဘာေၾကာင္႔အေခၚအေဝၚကြဲေနတာလဲ

တခ်ိဳ႕ႏိုင္ငံေတြကေဘာလံုးအားကစားကို Football လို႔ေခၚၾကျပီး တခ်ိဳ႕ႏိုင္ငံေတြကေတာ႔ Soccer လို႔ေခၚၾကပါတယ္။ ဒီလုိကြဲျပားေနရျခင္းက အေၾကာင္းရင္းေတာ႔ရွိပါတယ္။
အတိအက်ဆိုရရင္ အေမရိကန္၊ကေနဒါ၊ဂ်ပန္နဲ႔အျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ႔ Soccer လို႔ေခၚၾကျပီး ေတာင္အေမရိကနဲ႔ဥေရာပမွာေတာ႔ Football လို႔ေခၚၾကပါတယ္။ ဒီလုိအေခၚအေဝၚမတူရျခင္းအေၾကာင္းရင္းကို University of Michigan မွ Professor Stefan Szymanski ကရွင္းျပထားပါတယ္။ ေဘာလံုးကစားနည္းကို ၁၈၀၀ ျပည္႔ႏွစ္ေလာက္မွာ အဂၤလန္ႏိုင္ငံကစတင္ခဲ႔တာျဖစ္ပါတယ္။ ေဘာလံုးကစားနည္းကို လူလတ္ပိုင္းအရြယ္ေတြစတင္ေဆာ႔ကစားရင္းေနာက္ပိုင္းမွာေတာ႔ စာသင္ေက်ာင္းေတြမွာပါ ဒီကစားနည္းကိုကစားလာၾကပါတယ္။

အဲဒီအခ်ိန္ကေတာ႔ ေဘာလံုးကစားနည္းဟာ တစ္ေနရာနဲ႔တစ္ေနရာစည္းမ်ဥ္းမတူ အေခၚအေဝၚမတူဘဲကိုယ္႔စတိုင္လ္နဲ႔ကိုယ္ ကစားခဲ႔ၾကတာပါ။ ၁၈၄၈ ခုနစ္မွာေတာ႔ Cambridge တကၠသိုလ္ေက်ာင္းသားေတြကေန ဒီကစားနည္းရဲ႕စံသတ္မွတ္ခ်က္စည္းမ်ဥ္းေတြကို ေရးဆြဲခဲ႔တာျဖစ္ပါတယ္။ ၁၈၆၃ ခုနစ္ေရာက္ေတာ႔ Football Association ကိုဖြဲ႔စည္းျပီး ခိုင္မာတဲ႔စည္းမ်ဥ္းေတြကိုေရးဆြဲကာ ေဘာလံုးအားကစားကို ျပန္႔ပြားေစခဲ႔တာျဖစ္ပါတယ္တဲ႔။
၁၈၇၁ ခုနစ္မွာ Rugby Football Union ေပၚေပါက္လာျပီး ၁၈၃၀ျပည္႔ႏွစ္ကခ်မွတ္ထားတဲ႔ Rugby School ရဲ႕စည္းမ်ဥ္းကိုအသက္သြင္းခဲ႔တာေၾကာင္႔ လက္နဲ႔ပိုက္ယူေျပးရတဲ႔ေဘာလံုးအားကစား Rugby football သို႔မဟုတ္ Rugger ဆုိျပီးေပၚလာခဲ႔တာပါ။

မူလပထမကရွိခဲ႔တဲ႔ ေျခေထာက္ကိုသာသံုးျပီးကစားတဲ႔ေဘာလံုးကစားနည္းကိုေတာ႔ Association Football လို႔ေခၚခဲ႔ၾကပါတယ္။ ဒီလုိေျခေထာက္နဲ႔ပဲကန္တဲ႔ကစားနည္း Association Football ကို Nickname အေနနဲ႔ Assoccer လို႔ေခၚဆိုၾကျပီး အဲဒီကေန Soccer ျဖစ္လာတာပါ။ အဲဒီေခတ္က er ေပါင္းထည္႔ျခင္းဟာ Trend ျဖစ္ေနတာမုိ႔ Association ကေန Assoccer ၊ အဲဒီကေန Soccer ရယ္လုိ႔အလြယ္တကူျဖစ္လာရျခင္းပါ။

ဒီလုိနဲ႔ ၁၉၆၀ ကေန ၁၉၈၀ အတြင္းမွာေတာ႔ အေမရိကန္ေတြနဲ႔ျဗိတိန္ေတြဟာေဘာလံုးအားကစားကို Soccer လို႔ေခၚတဲ႔သူကေခၚ Football လို႔ေခၚတဲ႔သူကေခၚေနခဲ႔ၾကတာပါ။ ၁၉၈၀ ျပည္႔ႏွစ္က်ေတာ႔ ျဗိတိန္ေတြက Soccer ဆိုတဲ႔အသံုးအႏႈန္းကိုလံုးဝပယ္ဖ်က္လုိက္ျပီး Football လို႔သာသံုးပါေတာ႔တယ္။

အဲဒီလုိနဲ႔ပဲခုခ်ိန္အထိ Football နဲ႔ Soccer ဆိုျပီးကြာျခားသြားရျခင္းျဖစ္ပါေၾကာင္း။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

Football နဲ့ Soccer ရယ်လို့ ဘာကြောင့်အခေါ်အဝေါ်ကွဲနေတာလဲ

တချို့နိုင်ငံတွေကဘောလုံးအားကစားကို Football လို့ခေါ်ကြပြီး တချို့နိုင်ငံတွေကတော့ Soccer လို့ခေါ်ကြပါတယ်။ ဒီလိုကွဲပြားနေရခြင်းက အကြောင်းရင်းတော့ရှိပါတယ်။
အတိအကျဆိုရရင် အမေရိကန်၊ကနေဒါ၊ဂျပန်နဲ့အခြားနိုင်ငံတော်တော်များများမှာတော့ Soccer လို့ခေါ်ကြပြီး တောင်အမေရိကနဲ့ဥရောပမှာတော့ Football လို့ခေါ်ကြပါတယ်။ ဒီလိုအခေါ်အဝေါ်မတူရခြင်းအကြောင်းရင်းကို University of Michigan မှ Professor Stefan Szymanski ကရှင်းပြထားပါတယ်။ ဘောလုံးကစားနည်းကို ၁၈၀၀ ပြည့်နှစ်လောက်မှာ အင်္ဂလန်နိုင်ငံကစတင်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးကစားနည်းကို လူလတ်ပိုင်းအရွယ်တွေစတင်ဆော့ကစားရင်းနောက်ပိုင်းမှာတော့ စာသင်ကျောင်းတွေမှာပါ ဒီကစားနည်းကိုကစားလာကြပါတယ်။

အဲဒီအချိန်ကတော့ ဘောလုံးကစားနည်းဟာ တစ်နေရာနဲ့တစ်နေရာစည်းမျဉ်းမတူ အခေါ်အဝေါ်မတူဘဲကိုယ့်စတိုင်လ်နဲ့ကိုယ် ကစားခဲ့ကြတာပါ။ ၁၈၄၈ ခုနစ်မှာတော့ Cambridge တက္ကသိုလ်ကျောင်းသားတွေကနေ ဒီကစားနည်းရဲ့စံသတ်မှတ်ချက်စည်းမျဉ်းတွေကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ၁၈၆၃ ခုနစ်ရောက်တော့ Football Association ကိုဖွဲ့စည်းပြီး ခိုင်မာတဲ့စည်းမျဉ်းတွေကိုရေးဆွဲကာ ဘောလုံးအားကစားကို ပြန့်ပွားစေခဲ့တာဖြစ်ပါတယ်တဲ့။
၁၈၇၁ ခုနစ်မှာ Rugby Football Union ပေါ်ပေါက်လာပြီး ၁၈၃၀ပြည့်နှစ်ကချမှတ်ထားတဲ့ Rugby School ရဲ့စည်းမျဉ်းကိုအသက်သွင်းခဲ့တာကြောင့် လက်နဲ့ပိုက်ယူပြေးရတဲ့ဘောလုံးအားကစား Rugby football သို့မဟုတ် Rugger ဆိုပြီးပေါ်လာခဲ့တာပါ။

မူလပထမကရှိခဲ့တဲ့ ခြေထောက်ကိုသာသုံးပြီးကစားတဲ့ဘောလုံးကစားနည်းကိုတော့ Association Football လို့ခေါ်ခဲ့ကြပါတယ်။ ဒီလိုခြေထောက်နဲ့ပဲကန်တဲ့ကစားနည်း Association Football ကို Nickname အနေနဲ့ Assoccer လို့ခေါ်ဆိုကြပြီး အဲဒီကနေ Soccer ဖြစ်လာတာပါ။ အဲဒီခေတ်က er ပေါင်းထည့်ခြင်းဟာ Trend ဖြစ်နေတာမို့ Association ကနေ Assoccer ၊ အဲဒီကနေ Soccer ရယ်လို့အလွယ်တကူဖြစ်လာရခြင်းပါ။

ဒီလိုနဲ့ ၁၉၆၀ ကနေ ၁၉၈၀ အတွင်းမှာတော့ အမေရိကန်တွေနဲ့ဗြိတိန်တွေဟာဘောလုံးအားကစားကို Soccer လို့ခေါ်တဲ့သူကခေါ် Football လို့ခေါ်တဲ့သူကခေါ်နေခဲ့ကြတာပါ။ ၁၉၈၀ ပြည့်နှစ်ကျတော့ ဗြိတိန်တွေက Soccer ဆိုတဲ့အသုံးအနှုန်းကိုလုံးဝပယ်ဖျက်လိုက်ပြီး Football လို့သာသုံးပါတော့တယ်။

အဲဒီလိုနဲ့ပဲခုချိန်အထိ Football နဲ့ Soccer ဆိုပြီးကွာခြားသွားရခြင်းဖြစ်ပါကြောင်း။

ဂျူဂျူး(Akhayar)

www.akhayar.com