ညာသန္နဲ႔မတူ ကဲြျပားျခားနားတဲ႔ ဘယ္သန္ေတြရဲ႕ အခ်က္ေတြ

Difference between right handed peopole and left handed people

[Zawgyi]

ညာသန္နဲ႔မတူ ကဲြျပားျခားနားတဲ႔ ဘယ္သန္ေတြရဲ႕ အခ်က္ေတြ

ေလာကႀကီးမွာ ၁၀ ရာခိုင္ႏႈန္းေလာက္သာရွိတဲ႔ ဘယ္သန္ေတြက မည္သည္႔အလုပ္ကိုမဆို လြယ္ကူစြာလုပ္ကိုင္ႏုိင္ေပမယ့္ ေနထုိင္တဲ႔ ေလာကႀကီးကေတာ႔ ညာသန္ေတြမ်ားတယ္ဆိုတာ ေမ႔ထားလို႔ မရပါဘူး။ ဒါေပမယ္႔ ဘယ္သန္တဲ႔သူေတြက ညာသန္ေတြလိုပဲ ပစၥည္းတစ္ခုခုကုိ ကတ္ေၾကးကိုင္ၿပီး အႏုပညာေျမာက္စြာနဲ႔ ေျဖာင္႔တန္းစြာျဖတ္ႏိုင္ဖို႔က သူတို႔ရဲ႕ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးေပၚမွာလည္း အမ်ားႀကီးမူတည္ပါတယ္။

ဘယ္သန္ေတြရဲ႕ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ကလုပ္ေဆာင္ပံုက ညာသန္ေတြနဲ႔မတူ ကဲြျပားျခားနားပါတယ္။ တကၠဆက္ျပည္နယ္ ေအာ္စတင္တကၠသိုလ္က စိတၱေဗဒပညာရွင္ ပါမာကၡ ေရာ္နယ္ယိုက ဘယ္သန္ေတြဟာ သေႏၶသားဖံြ႔ၿဖိဳးမႈေတြ ေစာစီးစြာျဖစ္ေပၚတတ္သလို အျခားေသာက်န္းမာေရးနဲ႔ သက္ဆုိင္တဲ႔အေၾကာင္းအရာေတြမွာလည္း ညာသန္ေတြနဲ႔ တူညီမႈမရွိပဲ ကဲြျပားျခားနားမႈေတြ ရွိတယ္လို႔ ဆိုပါတယ္။ ဘယ္လိုအခ်က္ေတြက ဘယ္သန္ေတြရဲ႕ ထူးျခားမႈျဖစ္ေနလဲဆိုတာ ၾကည့္ၾကည့္ရေအာင္။

ဦးေႏွာက္ရဲ့ ညာဘက္ျခမ္းကို သိပ္အသံုးမျပဳၾကဘူး

ညာသန္ေတြအမ်ားစုက သူတုိ႔ဦးေႏွာက္ေတြရဲ႕ဘယ္ဘက္အျခမ္းကို ဘာသာစကားေတြသင္ၾကားဖို႔အတြက္ အသံုးျပဳၾကပါတယ္။ အဲလိုေျပာလို႔ ဘယ္သန္ေတြက ညာဘက္ျခမ္းနဲ႔ ေလ႔လာသင္ယူတယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ၉၈ ရာခိုင္ႏႈန္းေသာ ညာသန္ေသာသူေတြနဲ႔ ၇၀ ရာခိုင္ႏႈန္းေသာဘယ္သန္ေတြက ညာျခမ္းဦးေႏွာက္ကို အသံုးျပဳၾကပါတယ္။ ၃၀ ရာခုိုင္းႏႈန္းကသာ ႏွစ္ျခမ္းလံုးကုိ ညီတူညီမွ် သံုးစဲြၾကပါတယ္။ ဘယ္သန္ေတြက ညာသန္ေတြနဲ႔ တူညီစြာဘာသာစကားေတြကို ေလ႔လာႏိုင္ၾကပါတယ္။ ဘယ္သန္နဲ႕ ညာသန္က မ်ားေသာအားျဖင္႔ အရမ္းကိုသိသိသာသာကဲြျခားတာမ်ဳိးမရွိပါဘူး။ ဘယ္သန္ညာသန္ကဲြဲျပားေသာ္လည္း ဦးေႏွာက္ကေတာ႔ ဆန္႔က်င္ဘက္မဟုတ္တာ ေသခ်ာတဲ႔အတြက္ ကြဲျပားျခားနားမႈကလည္း ဆန္႔က်င္ဘက္မျဖစ္ႏုိင္ပါဘူူး။

အေကာင္းဆံုး တိုက္ခိုက္ေရးသမားေတြျဖစ္တယ္

၂၀၀၅ ခုနစ္ျပင္သစ္ေလ႔လာေရးက သုေတသနသမာေတြရဲ့ ေတြ႔ရွိခ်က္အရ လူဦးေရရဲ႕ ၃ ရာခိုင္ႏႈန္းေသာဘယ္ေက်ာ္ေတြဟာ ေရွးက်တဲ႔ၿငိမ္းခ်မ္းေရးသမားေတြျဖစ္ၾကၿပီး ၂၇ ရာခိုင္ႏႈန္းကေတာ႔ ရန္လိုၿပီးတိုက္ခုိက္ရတာ ဝါသနာပါတဲ႔သူေတြျဖစ္ၾကပါတယ္။ ဒီအခ်က္ဟာ ညာသန္ေတြနဲ႔ယွဥ္ရင္ ဘယ္သန္ေတြ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာအားသာခ်က္တစ္ခုျဖစ္ပါတယ္။ အၾကမ္းဖက္မႈေတြ ၾကီးစုိးတဲ့ ေနရာေတြမွာဆိုရင္ ဘယ္သန္ေတြက သူတုိ႔ရဲ့ ဘယ္လက္ကို အသံုးျပဳျပီးေတာ့ ကာကြယ္ႏုိ္င္စြမ္းပိုရွိတယ္ဆိုတာကို သုေတသနပညာရွင္ေတြက ေဖာ္ထုတ္ခဲ့ၾကပါတယ္။ ဘယ္သန္ေတြဆိုၿပီး အထင္ေသးမယ္ဆိုရင္ေတာ႔ ဒီအခ်က္ေလးကို သတိရလ္ိုက္ပါေနာ္။

အားကစားဘက္မွာလည္း အေထာက္အကူျပဳတယ္

တစ္ခ်ဳိ႕ေတြက ဘယ္သန္္ေတြဆို အားကစားမွာ ေကာင္းေကာင္း ကစားႏိုင္မယ္လို႔ မထင္တတ္ၾကပါဘူး။ အမွန္မွာေတာ႔ ဒီထင္ျမင္ယူဆခ်က္က လံုးဝကုိမွားပါတယ္။ တစ္ဦးတည္းကစားရတဲ႕ တင္းနစ္စ္၊ လက္ေဝွ႔ နဲ႔ ေဘ႔စ္ေဘာပစ္ျခင္းေတြမွာ ေကာင္းမြန္စြာကစားႏုိင္ၾကပါတယ္။ ဘာသာေဗပညာရွင္ Rik Smit က ဘယ္ေရာညာေရာသန္တဲ႔ အားကစားသမားေတြက မ်ားေသာအားျဖင္႔ ညာသန္တဲ့ ျပိဳင္ဘက္နဲ႔ပဲ ေလ့က်င့္ေလ့ရွိတဲ့အတြက္ ဘယ္သန္အားကစားသမားနဲ႔ေတြ႕တဲ႔အခါ ဘယ္သန္ေတြအခ်င္းခ်င္းအလြယ္တကူကစားႏုိင္ေပမယ့္ ညာသန္ကစားသမားေတြက အဲအခ်ိန္မွ အခက္ၾကံဳရပါတယ္။

ရင္သားကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားတယ္

ဘယ္သန္ေတြက ရုပ္ပိုင္းဆိုင္ရာက်န္းမာေရးကိစၥေတြနဲ႔႔လည္း ဆက္စပ္မႈရွိၾကတယ္။ ၂၀၀၇ ခုနစ္က ထုတ္ေဝခဲ႔တဲ႔ ၿဗိတိန္ဂ်ာနယ္ထဲမွာဆိုရင္ သုေတသနပညာရွင္ေတြရဲ႕ ရွာေဖြေတြ႕ရွိမႈအရ ဘယ္သန္ေတြက ညာသန္သမားေတြထက္ ရင္သားကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားတယ္လို႔ ေရးသားထားပါတယ္။ အထူးသျဖင္႔ ရင္သားကင္ဆာက ေသြးဆံုးၿပီးခ်ိန္မွာ ပိုၿပီးအျဖစ္မ်ားတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

အခ်ဳိ႕ေသာအိပ္စက္ျခင္းဆိုင္ရာျပႆနာ

ဘယ္သန္ေတြက Preodic Limb Movement Disorder(PLMD) လို႔ေခၚတဲ႔ အိပ္စက္ေနစဥ္အတြင္းမွာ ေျခေတြလက္ေတြနဲ႔ ကန္တဲ႔ျပသာနာမ်ဴိးျဖစ္တတ္ပါတယ္။ ၂၀၁၁ ခုႏွစ္က Toledo တကၠသိုလ္စစ္တမ္းမ်ားအရ ၆၉ ရာခိုင္ႏႈန္းေသာ ညာသန္ေတြသာ သူတို႔ခႏၶာကိုုယ္ရွိ ေျခလက္အဂၤါႏွစ္ဘက္စလံုးက အိပ္စက္ေနစဥ္အတြင္းမွာ လႈပ္ရွားမႈရွိၿပီး ၉၄ ရာခိုင္ႏႈန္းေသာ ဘယ္သန္ေတြကေတာ႔ အိပ္စက္ေနစဥ္အတြင္းမွာ ညာသန္ေတြထက္ကို လႈပ္ရွားမႈ ပိုမိုျဖစ္ပြားတတ္ပါတယ္။

ဘယ္သန္ညာသန္ကဲြျပားျခားနားမႈကို အလြန္သိမ္ေမြ႔တဲ႔ အရာျဖစ္တဲ႔အျပင္ ဒီလိုကဲြျခားမႈကလည္း သိပံြပညာရွင္ေတြအတြက္ေရာ လက္ေတြ႔ဘဝအတြက္ေရာ စိတ္ဝင္စားဖို႔ေကာင္းတဲ႔ အခ်က္တစ္ခုလည္းျဖစ္တဲ႔အတြက္ အခရာပရိတ္သတ္ႀကီးကို ဗဟုသုတရေအာင္ ေဝမွ်ေပးလိုက္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ညာသန်နဲ့မတူ ကွဲပြားခြားနားတဲ့ ဘယ်သန်တွေရဲ့ အချက်တွေ

လောကကြီးမှာ ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ဘယ်သန်တွေက မည်သည့်အလုပ်ကိုမဆို လွယ်ကူစွာလုပ်ကိုင်နိုင်ပေမယ့် နေထိုင်တဲ့ လောကကြီးကတော့ ညာသန်တွေများတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ ဒါပေမယ့် ဘယ်သန်တဲ့သူတွေက ညာသန်တွေလိုပဲ ပစ္စည်းတစ်ခုခုကို ကတ်ကြေးကိုင်ပြီး အနုပညာမြောက်စွာနဲ့ ဖြောင့်တန်းစွာဖြတ်နိုင်ဖို့က သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ်မှာလည်း အများကြီးမူတည်ပါတယ်။

ဘယ်သန်တွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကလုပ်ဆောင်ပုံက ညာသန်တွေနဲ့မတူ ကွဲပြားခြားနားပါတယ်။ တက္ကဆက်ပြည်နယ် အော်စတင်တက္ကသိုလ်က စိတ္တဗေဒပညာရှင် ပါမာက္ခ ရော်နယ်ယိုက ဘယ်သန်တွေဟာ သန္ဓေသားဖွံ့ဖြိုးမှုတွေ စောစီးစွာဖြစ်ပေါ်တတ်သလို အခြားသောကျန်းမာရေးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေမှာလည်း ညာသန်တွေနဲ့ တူညီမှုမရှိပဲ ကွဲပြားခြားနားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုအချက်တွေက ဘယ်သန်တွေရဲ့ ထူးခြားမှုဖြစ်နေလဲဆိုတာ ကြည့်ကြည့်ရအောင်။

ဦးနှောက်ရဲ့ ညာဘက်ခြမ်းကို သိပ်အသုံးမပြုကြဘူး

ညာသန်တွေအများစုက သူတို့ဦးနှောက်တွေရဲ့ဘယ်ဘက်အခြမ်းကို ဘာသာစကားတွေသင်ကြားဖို့အတွက် အသုံးပြုကြပါတယ်။ အဲလိုပြောလို့ ဘယ်သန်တွေက ညာဘက်ခြမ်းနဲ့ လေ့လာသင်ယူတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ၉၈ ရာခိုင်နှုန်းသော ညာသန်သောသူတွေနဲ့ ၇၀ ရာခိုင်နှုန်းသောဘယ်သန်တွေက ညာခြမ်းဦးနှောက်ကို အသုံးပြုကြပါတယ်။ ၃၀ ရာခိုင်းနှုန်းကသာ နှစ်ခြမ်းလုံးကို ညီတူညီမျှ သုံးစွဲကြပါတယ်။ ဘယ်သန်တွေက ညာသန်တွေနဲ့ တူညီစွာဘာသာစကားတွေကို လေ့လာနိုင်ကြပါတယ်။ ဘယ်သန်နဲ့ ညာသန်က များသောအားဖြင့် အရမ်းကိုသိသိသာသာကွဲခြားတာမျိုးမရှိပါဘူး။ ဘယ်သန်ညာသန်ကွဲပြားသော်လည်း ဦးနှောက်ကတော့ ဆန့်ကျင်ဘက်မဟုတ်တာ သေချာတဲ့အတွက် ကွဲပြားခြားနားမှုကလည်း ဆန့်ကျင်ဘက်မဖြစ်နိုင်ပါဘူူး။

အကောင်းဆုံး တိုက်ခိုက်ရေးသမားတွေဖြစ်တယ်

၂၀၀၅ ခုနစ်ပြင်သစ်လေ့လာရေးက သုတေသနသမာတွေရဲ့ တွေ့ရှိချက်အရ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းသောဘယ်ကျော်တွေဟာ ရှေးကျတဲ့ငြိမ်းချမ်းရေးသမားတွေဖြစ်ကြပြီး ၂၇ ရာခိုင်နှုန်းကတော့ ရန်လိုပြီးတိုက်ခိုက်ရတာ ဝါသနာပါတဲ့သူတွေဖြစ်ကြပါတယ်။ ဒီအချက်ဟာ ညာသန်တွေနဲ့ယှဉ်ရင် ဘယ်သန်တွေ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအားသာချက်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ ကြီးစိုးတဲ့ နေရာတွေမှာဆိုရင် ဘယ်သန်တွေက သူတို့ရဲ့ ဘယ်လက်ကို အသုံးပြုပြီးတော့ ကာကွယ်နိုင်စွမ်းပိုရှိတယ်ဆိုတာကို သုတေသနပညာရှင်တွေက ဖော်ထုတ်ခဲ့ကြပါတယ်။ ဘယ်သန်တွေဆိုပြီး အထင်သေးမယ်ဆိုရင်တော့ ဒီအချက်လေးကို သတိရလိုက်ပါနော်။

အားကစားဘက်မှာလည်း အထောက်အကူပြုတယ်

တစ်ချို့တွေက ဘယ်သန်တွေဆို အားကစားမှာ ကောင်းကောင်း ကစားနိုင်မယ်လို့ မထင်တတ်ကြပါဘူး။ အမှန်မှာတော့ ဒီထင်မြင်ယူဆချက်က လုံးဝကိုမှားပါတယ်။ တစ်ဦးတည်းကစားရတဲ့ တင်းနစ်စ်၊ လက်ဝှေ့ နဲ့ ဘေ့စ်ဘောပစ်ခြင်းတွေမှာ ကောင်းမွန်စွာကစားနိုင်ကြပါတယ်။ ဘာသာဗေပညာရှင် Rik Smit က ဘယ်ရောညာရောသန်တဲ့ အားကစားသမားတွေက များသောအားဖြင့် ညာသန်တဲ့ ပြိုင်ဘက်နဲ့ပဲ လေ့ကျင့်လေ့ရှိတဲ့အတွက် ဘယ်သန်အားကစားသမားနဲ့တွေ့တဲ့အခါ ဘယ်သန်တွေအချင်းချင်းအလွယ်တကူကစားနိုင်ပေမယ့် ညာသန်ကစားသမားတွေက အဲအချိန်မှ အခက်ကြုံရပါတယ်။

ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများတယ်

ဘယ်သန်တွေက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိစ္စတွေနဲ့လည်း ဆက်စပ်မှုရှိကြတယ်။ ၂၀၀၇ ခုနစ်က ထုတ်ဝေခဲ့တဲ့ ဗြိတိန်ဂျာနယ်ထဲမှာဆိုရင် သုတေသနပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုအရ ဘယ်သန်တွေက ညာသန်သမားတွေထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ရေးသားထားပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာက သွေးဆုံးပြီးချိန်မှာ ပိုပြီးအဖြစ်များတယ်လို့လည်း ဖော်ပြထားပါတယ်။

အချို့သောအိပ်စက်ခြင်းဆိုင်ရာပြဿနာ

ဘယ်သန်တွေက Preodic Limb Movement Disorder(PLMD) လို့ခေါ်တဲ့ အိပ်စက်နေစဉ်အတွင်းမှာ ခြေတွေလက်တွေနဲ့ ကန်တဲ့ပြသာနာမျိူးဖြစ်တတ်ပါတယ်။ ၂၀၁၁ ခုနှစ်က Toledo တက္ကသိုလ်စစ်တမ်းများအရ ၆၉ ရာခိုင်နှုန်းသော ညာသန်တွေသာ သူတို့ခန္ဓာကိုုယ်ရှိ ခြေလက်အင်္ဂါနှစ်ဘက်စလုံးက အိပ်စက်နေစဉ်အတွင်းမှာ လှုပ်ရှားမှုရှိပြီး ၉၄ ရာခိုင်နှုန်းသော ဘယ်သန်တွေကတော့ အိပ်စက်နေစဉ်အတွင်းမှာ ညာသန်တွေထက်ကို လှုပ်ရှားမှု ပိုမိုဖြစ်ပွားတတ်ပါတယ်။

ဘယ်သန်ညာသန်ကွဲပြားခြားနားမှုကို အလွန်သိမ်မွေ့တဲ့ အရာဖြစ်တဲ့အပြင် ဒီလိုကွဲခြားမှုကလည်း သိပွံပညာရှင်တွေအတွက်ရော လက်တွေ့ဘဝအတွက်ရော စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုလည်းဖြစ်တဲ့အတွက် အခရာပရိတ်သတ်ကြီးကို ဗဟုသုတရအောင် ဝေမျှပေးလိုက်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။