[Zawgyi]

Perfume နဲ႔ Body Mist ကို ကဲြကဲြဲျပားျပားသိၾကၿပီလား

လူအမ်ားစုက အေမႊးရနံကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ အနံေလးေမႊးေနရင္ စိတ္္ၾကည္လင္လန္းဆန္းေစကာ ကိုယ့္ကိုယ္ကိုလည္း ယံုၾကည္မႈပိုရွိလာေစပါတယ္။ အဲလိုယံုုၾကည္မႈေတြရရွိေစဖို႔အတြက္ေကာ တစ္ကုိယ္ရည္သန္႔ရွင္းေရးကို ဂရုစိုက္တဲ႔အေနနဲ႔ေကာ ကိုယ္ရဲ႕ Personality ကို ေဖာ္ညႊန္းတဲ့အေနနဲ႔ပါ Perfume ေတြ Body Mist ေတြကို အသံုးျပဳၾကပါတယ္။ Perfume ေကာ Body Mist ေကာက လူကုိေမႊးႀကိဳင္လန္းဆန္းသြားအာင္ လုပ္ေပးတာျဖစ္လို႔ လူေတာ္ေတာ္မ်ုားမ်ားက ဒီႏွစ္ခုကို အတူတူပဲလို႔ မွတ္ယူၿပီး ေရာေထြးေနတတ္ၾကပါတယ္။ အမွန္မွာက ဒီႏွစ္မ်ဳိးက တူမေယာင္ေယာင္နဲ႔ ကဲြျပားခ်က္ေတြ ရွိပါတယ္။ ဒီႏွစ္ခုရဲ႕ ကဲြျပားျခားနားမႈကို ေသေသခ်ာသိထားေတာ့ ကိုယ္လုိခ်င္တဲ့အမ်ဳိးအစားကို မွန္မွန္ကန္ကန္ ေရြးျခယ္ဝယ္ယူလို႔ရတာေပါ့။ ဒါေၾကာင့္မို႔ Perfume နဲ႔ Body Mist ၾကားက ကဲြျပားမႈေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Body Mist က Perfume လို အနံၾကာရွည္ မစဲြပါဘူး

Body Mist ကို ဝယ္ဖို႔စဥ္စားထားရင္ သိထားသင္႔တာက Body Mist က Perfume မဟုတ္တဲ႔အတြက္ အနံၾကာရွည္ခံမွာ မဟုတ္ပါဘူး။ Body Mist ကို စြတ္ထားရင္ တစ္နာရီပတ္ဝန္းက်င္ေလာက္ထိပဲ အနံစဲြပါတယ္။ တစ္နာရီပတ္ဝန္းက်င္ေက်ာ္သြားၿပီဆိုရင္ အနံျပယ္သြားလို႔ ျပန္စြတ္ေပးမွ အဆင္ေျပပါတယ္။

Body Mist မွာ ေပါ့ပါးတဲ႔အနံမ်ဳိးရွိပါတယ္

Body Mist နဲ႔ Perfume ကို သတိထားမိေစေလာက္ေအာင္ ကဲြျပားတာက Body Mist က Perfume ေတြလုိမ်ဳိး Strong ျဖစ္တဲ႔ အနံမ်ဳိးေတြမရွိဘဲ အနံသင္းသင္းေလးေတြပဲ ထြက္ရွိပါတယ္။ အနံသင္းသင္းေလးေတြ ထြက္ရွိရတဲ႔ အေၾကာင္းအရင္းကို ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။ အဲလိုသိမ္ေမြ႔ႏူးညံညင္သာတဲ့ အနံမ်ဳိးေတြပဲရရွိတာေၾကာင့္ အနံျပင္းျပင္းကို မခံစားႏုိင္တဲ႔သူေတြအတြက္ကေတာ့ Body Mist ေတြကို မ်က္စိမွိတ္ၿပီး ေရြးခ်ယ္သံုးေပးႏုိင္ပါတယ္။

ေရပါဝင္မႈႏႈန္း

Body Mist အနံၾကာရွည္မခံရတဲ႔ အေၾကာင္းအရင္းေတြ မ်ားစြာရွိေပမယ့္ အဓိကအနံမစဲြရတဲ႔ အေၾကာင္းအရင္းကေတာ့ ေရပါဝင္မႈႏႈန္းေၾကာင္႔ပဲ ျဖစ္ပါတယ္။ Body Mist ကို ျပဳလုပ္တဲ႔အခါမွာ ထည္႔သြင္းတဲ႔ ေရပမာဏက Perfume ေတြမွာ ထည္႔သြင္းတဲ႔ ပမာဏထက္မ်ားတဲ႔အခါမွာ အနံ႔မျပင္းေတာ့ဘဲ ေပ်ာ့ေနရျခင္း ျဖစ္ပါတယ္။

Body Mist မွာ Alcohol ပါဝင္မႈႈႏႈန္းျမင့္မားပါတယ္

Body Mist ကို စစဖြင္႔ၿပီး စြတ္လိုက္တဲ့အခါမွာ အရက္ပ်ံလို အနံမ်ဳိးႀကီး ရရွိတတ္ပါတယ္။ အဲလိုရရွိတတ္တာက Body Mist ထဲမွာ Alcohol ေတြ အမ်ားႀကီးပါဝင္ေနလို႔ ျဖစ္ပါတယ္။ Alcohol ေတြ အမ်ားႀကီးပါဝင္တဲ႔အတြက္ေၾကာင္႔ ေရေငြ႔ျပန္လြယ္ၿပီး အနံျမန္ျမန္ ျပယ္သြားရျခင္း ျဖစ္ပါတယ္။

Body Mist မွာ အေမႊးအဆီအႏွစ္ ပါဝင္မႈႏႈွန္းနည္းပါးတယ္

Body Mist က Perfume ေတြေလာက္ အနံမစဲြရတဲ႔ အေၾကာင္းအရင္းေတြထဲမွာ အေမႊးအဆီအႏွစ္ေတြ အနည္းငယ္ပဲ ပါဝင္ရျခင္းကလည္း တစ္ခုအပါအဝင္ပဲ ျဖစ္ပါတယ္။ Body Mist နဲ႔ Perfume ေတြမွာ အေမႊးအဆီအႏွစ္က အေရးႀကီးဆံုး ကုန္ပစၥည္းျဖစ္ပါတယ္။ အေမႊးအဆီအႏွစ္ေကာင္းမ်ားေလေလ အနံက ပိုေကာင္းၿပီး ပိုတာရွည္ခံပါတယ္။

Body Mist က ေစ်းႏႈန္းမျမင့္မားပါဘူး

Body Mist ေတြကို ဝယ္ယူဖို႔ၾကည္႔တဲ႔အခါမွာ သတိျပဳမိတာကေတာ့ ေစ်းႏႈန္းပဲျဖစ္ပါတယ္။ Body Mist ေတြက Perfume ေတြေလာက္ ေစ်းႏႈန္းမျမင္႔မားတဲ႔အျပင္ ေပ်ာ့တဲ႔အမ်ဳိးအစားထဲမွာပါဝင္လို႔ ခႏၶာကိုယ္ေပၚမွာ စိတ္ခ်လက္ခ်ယံုၾကည္စြာ အသံုးျပဳေပးလို႔ရပါတယ္။ ဒါအျပင္ ခႏၶာကိုယ္တစ္ခုလံုးကိုလည္း စြတ္ျဖန္းမယ္ဆိုရင္လည္း ယံုယံုၾကည္ၾကည္ စြတ္ျဖန္းေပးလို႔ရပါတယ္။

ဒီေလာက္ဆိုရင္ Perfume နဲ႕ Body Mist ကို ကဲြကဲြျပားျပား သိၾကၿပီဆိုေတာ့ ကိုယ္လိုခ်င္တဲ႔ အမ်ဳိးအစားနဲ႔ ကိုက္ညီတာကို ေရြးခ်ယ္ႏုိင္ၿပီလို႔ထင္ပါတယ္။ ပရိသတ္ႀကီးေကာ Perfume နဲ႔ Body Mist ေတြထဲကမွ ဘယ္ဟာကို အသံုးမ်ားဆံုးလဲဆိုတာကို ေျပာျပေပးသြားပါအံုးေနာ္။

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Perfume နဲ့ Body Mist ကို ကွဲကွဲပြားပြားသိကြပြီလား

လူအများစုက အမွှေးရနံကို ကြိုက်နှစ်သက်ကြပါတယ်။ အနံလေးမွှေးနေရင် စိတ်ကြည်လင်လန်းဆန်းစေကာ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိလာစေပါတယ်။ အဲလိုယုံုကြည်မှုတွေရရှိစေဖို့အတွက်ကော တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တဲ့အနေနဲ့ကော ကိုယ်ရဲ့ Personality ကို ဖော်ညွှန်းတဲ့အနေနဲ့ပါ Perfume တွေ Body Mist တွေကို အသုံးပြုကြပါတယ်။ Perfume ကော Body Mist ကောက လူကိုမွှေးကြိုင်လန်းဆန်းသွားအာင် လုပ်ပေးတာဖြစ်လို့ လူတော်တော်မျုားများက ဒီနှစ်ခုကို အတူတူပဲလို့ မှတ်ယူပြီး ရောထွေးနေတတ်ကြပါတယ်။ အမှန်မှာက ဒီနှစ်မျိုးက တူမယောင်ယောင်နဲ့ ကွဲပြားချက်တွေ ရှိပါတယ်။ ဒီနှစ်ခုရဲ့ ကွဲပြားခြားနားမှုကို သေသေချာသိထားတော့ ကိုယ်လိုချင်တဲ့အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးခြယ်ဝယ်ယူလို့ရတာပေါ့။ ဒါကြောင့်မို့ Perfume နဲ့ Body Mist ကြားက ကွဲပြားမှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Body Mist က Perfume လို အနံကြာရှည် မစွဲပါဘူး

Body Mist ကို ဝယ်ဖို့စဉ်စားထားရင် သိထားသင့်တာက Body Mist က Perfume မဟုတ်တဲ့အတွက် အနံကြာရှည်ခံမှာ မဟုတ်ပါဘူး။ Body Mist ကို စွတ်ထားရင် တစ်နာရီပတ်ဝန်းကျင်လောက်ထိပဲ အနံစွဲပါတယ်။ တစ်နာရီပတ်ဝန်းကျင်ကျော်သွားပြီဆိုရင် အနံပြယ်သွားလို့ ပြန်စွတ်ပေးမှ အဆင်ပြေပါတယ်။

Body Mist မှာ ပေါ့ပါးတဲ့အနံမျိုးရှိပါတယ်

Body Mist နဲ့ Perfume ကို သတိထားမိစေလောက်အောင် ကွဲပြားတာက Body Mist က Perfume တွေလိုမျိုး Strong ဖြစ်တဲ့ အနံမျိုးတွေမရှိဘဲ အနံသင်းသင်းလေးတွေပဲ ထွက်ရှိပါတယ်။ အနံသင်းသင်းလေးတွေ ထွက်ရှိရတဲ့ အကြောင်းအရင်းကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အဲလိုသိမ်မွေ့နူးညံညင်သာတဲ့ အနံမျိုးတွေပဲရရှိတာကြောင့် အနံပြင်းပြင်းကို မခံစားနိုင်တဲ့သူတွေအတွက်ကတော့ Body Mist တွေကို မျက်စိမှိတ်ပြီး ရွေးချယ်သုံးပေးနိုင်ပါတယ်။

ရေပါဝင်မှုနှုန်း

Body Mist အနံကြာရှည်မခံရတဲ့ အကြောင်းအရင်းတွေ များစွာရှိပေမယ့် အဓိကအနံမစွဲရတဲ့ အကြောင်းအရင်းကတော့ ရေပါဝင်မှုနှုန်းကြောင့်ပဲ ဖြစ်ပါတယ်။ Body Mist ကို ပြုလုပ်တဲ့အခါမှာ ထည့်သွင်းတဲ့ ရေပမာဏက Perfume တွေမှာ ထည့်သွင်းတဲ့ ပမာဏထက်များတဲ့အခါမှာ အနံ့မပြင်းတော့ဘဲ ပျော့နေရခြင်း ဖြစ်ပါတယ်။

Body Mist မှာ Alcohol ပါဝင်မှုှုနှုန်းမြင့်မားပါတယ်

Body Mist ကို စစဖွင့်ပြီး စွတ်လိုက်တဲ့အခါမှာ အရက်ပျံလို အနံမျိုးကြီး ရရှိတတ်ပါတယ်။ အဲလိုရရှိတတ်တာက Body Mist ထဲမှာ Alcohol တွေ အများကြီးပါဝင်နေလို့ ဖြစ်ပါတယ်။ Alcohol တွေ အများကြီးပါဝင်တဲ့အတွက်ကြောင့် ရေငွေ့ပြန်လွယ်ပြီး အနံမြန်မြန် ပြယ်သွားရခြင်း ဖြစ်ပါတယ်။

Body Mist မှာ အမွှေးအဆီအနှစ် ပါဝင်မှုနှုှန်းနည်းပါးတယ်

Body Mist က Perfume တွေလောက် အနံမစွဲရတဲ့ အကြောင်းအရင်းတွေထဲမှာ အမွှေးအဆီအနှစ်တွေ အနည်းငယ်ပဲ ပါဝင်ရခြင်းကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ Body Mist နဲ့ Perfume တွေမှာ အမွှေးအဆီအနှစ်က အရေးကြီးဆုံး ကုန်ပစ္စည်းဖြစ်ပါတယ်။ အမွှေးအဆီအနှစ်ကောင်းများလေလေ အနံက ပိုကောင်းပြီး ပိုတာရှည်ခံပါတယ်။

Body Mist က ဈေးနှုန်းမမြင့်မားပါဘူး

Body Mist တွေကို ဝယ်ယူဖို့ကြည့်တဲ့အခါမှာ သတိပြုမိတာကတော့ ဈေးနှုန်းပဲဖြစ်ပါတယ်။ Body Mist တွေက Perfume တွေလောက် ဈေးနှုန်းမမြင့်မားတဲ့အပြင် ပျော့တဲ့အမျိုးအစားထဲမှာပါဝင်လို့ ခန္ဓာကိုယ်ပေါ်မှာ စိတ်ချလက်ချယုံကြည်စွာ အသုံးပြုပေးလို့ရပါတယ်။ ဒါအပြင် ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း စွတ်ဖြန်းမယ်ဆိုရင်လည်း ယုံယုံကြည်ကြည် စွတ်ဖြန်းပေးလို့ရပါတယ်။

ဒီလောက်ဆိုရင် Perfume နဲ့ Body Mist ကို ကွဲကွဲပြားပြား သိကြပြီဆိုတော့ ကိုယ်လိုချင်တဲ့ အမျိုးအစားနဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ပြီလို့ထင်ပါတယ်။ ပရိသတ်ကြီးကော Perfume နဲ့ Body Mist တွေထဲကမှ ဘယ်ဟာကို အသုံးများဆုံးလဲဆိုတာကို ပြောပြပေးသွားပါအုံးနော်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။