[ZawGyi]

Giorgio Armani ၊ Emporio Armani နဲ့ Armani Exchange ဘာတွေကွာခြားသလဲ




Acer Swift 3

Acer Swift 3


Emporio Armani


Armani Exchange – A|X








Acer Swift 3

Acer Swift 3


www.akhayar.com
[Unicode]

Giorgio Armani ၊ Emporio Armani နဲ့ Armani Exchange ဘာတှကှောခွားသလဲ

Giorgio Armani ဆိုတာက မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ High-end Brand တစ်ခုဆိုတာတော့ အားလုံးသိကြပါတယ်။ ဖက်ရှင်ဂုရုကြီး Giorgio Armani က ရဲ့ ကိုယ်ပိုင်ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အမျိုးသား အမျိုးသမီးဝတ် Ready-to-wear အဝတ်အထည်တွေ၊ နာရီ၊ မျက်မှန်၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ ခါးပတ်၊ ရေကူးဝတ်စုံ၊ အတွင်းခံစတဲ့ Accessories တွေ၊ ရတနာပစ္စည်း၊ ချောကလက်၊ ရေမွှေး၊ အလှကုန်ပစ္စည်း၊ Floral Service တွေအပြင် Furniture နဲ့ Hotel ပိုင်းကိုလည်းကိုလည်း ထိုးဖောက်လာပါတယ်။

Giorgio Armani ရဲ့အောက်မှာ Emporio Armani နဲ့ Armani Exchange ရှိပြီးနှစ်မျိုးလုံးက Giorgio Armani ကနေထုတ်လုပ်တာပဲဖြစ်ပါတယ်။ ဒါတွေအပြင် Denim ဆက်စပ် Clothing တွေရောင်းတဲ့ Armani Jeans ၊ ကလေးအဝတ်အထည်တွေနဲ့ Accessories တွေရောင်းတဲ့ Armani Junior ၊ Made-to-Measure ဆိုင်ဖြစ်တဲ့ Armani Collezioni ရှိပါသေးတယ်။

Ready-to-wear လိုင်းမှာပဲ Emporio Armani ၊ Armani Exchange ဆိုပြီးရှိလာချိန်မှာလူတော်တော်များများက ဒါတွေဟာ Armani ထုတ်ကုန်ရော တကယ်ဟုတ်ရဲ့လား၊ ပစ္စည်းအစစ်ရောဟုတ်ရဲ့လားဆိုတာမျိုးတွေ ထွေပြားတတ်ကြပါတယ်။ Emporio Armani ၊ Armani Exchange ဟာ Armani ရဲ့ထုတ်ကုန်စစ်စစ်တွေဖြစ်ပြီး Ready to Wear လိုင်းကိုဦးတည်ထားပေမယ့် သူတို့ရဲ့မတူညီတဲ့ခြားနားချက်တွေက ဒီလိုပါ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

Emporio Armani

Emporio Armani ဆိုတာက Giorgio Armani မှ မိတ်ဆက်တဲ့ Clothing Line တစ်ခုပါ။ အထူးသဖြင့် အသက် ၂၀ ကနေ ၃၀ အတွင်း အရွယ်ရောက်ပြီးလူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ပါတယ်။ မီလန်မှာနှစ်စဉ်ကျင်းပတဲ့ Fashion Week မှာဆိုရင် Emporio Armani အောက်မှာ နောက်ဆုံးပေါ်ဖက်ရှင်တွေကိုအမြဲလို မိတ်ဆက်ပါတယ်။ Giorgio Armani Brand ထုတ်ကုန်တွေဟာ ဈေးနှုန်းပိုမြင့်မားပြီး Emporio Armani ကတော့ ဈေးနှုန်းသင့်တင့်ပါတယ်။ အဝတ်အစားအပြင် နာရီ၊ ရေမွှေး၊ နေကာမျက်မှန်၊ ဖိနပ်စတဲ့ Emporio Armani ထုတ်ကုန်တွေကို အမေရိကားမှာရှိတဲ့ Emporio Armani စတိုးတွေမှာဝယ်ယူနိုင်ပြီး Armani ရဲ့ Official Online Store ကနေလည်း မှာယူနိုင်ပါတယ်။

Armani Exchange – A|X

 

Giorgio Armani ရဲ့နောက်ထပ် Brand အခွဲတစ်ခုကတော့ Armani Exchange ပါ။ Armani Exchange ကို A|X လို့ညွှန်းဆိုပြီး ၁၉၉၁ ခုနစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ခေတ်ဆန်ကြော့မော့နေတဲ့ကောင်မလေးတွေ၊ Sexy ကျတဲ့ကောင်မလေးတွေနဲ့ခေတ်လူငယ်တွေအတွက်အတွက်ရည်ရွယ်ပါတယ်။ ဒီ Brand ကို အမေရိကန်နိုင်ငံတွေမှာ ရှိတဲ့ Fashion House တွေမှာ ဝယ်ယူနိုင်သလိုလက်ရှိမှာတော့ တခြားနိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ဝယ်ယူရရှိနိုင်ပါပြီ။

Armani Exchange အဝတ်အထည်တွေဟာ ပိုပြီးကာလာစုံသလို ခေတ်လည်းမီပါတယ်။ ပြီးတော့ Cotton များပါတယ်။ Giorgio Armani ထုတ်ကုန်ဖြစ်ပေမယ့် ဈေးအရမ်းမများတဲ့ Range တစ်ခုဖြစ်ပြီး Armani Exchange Sports မှာတော့ နာရီတွေ၊ တီရှပ်နဲ့ Denims လိုမျိုးထသွားထလာအဝတ်အစားတွေ အများဆုံးရောင်းချပါသေးတယ်။

ဒီတော့ အကျဉ်းချုပ်ပြောရရင်…

-Armani Exchange က Emporio Armani ထက်ပိုပြီး Trend ဖြစ်တယ်၊ Casual ဘက်ပိုသွားပါတယ်။ ပြီးတော့ ဆယ်ကျော်သက်ကလေးတွေနဲ့ Street Fashion ကြိုက်သူတွေအတွက် ဦးတည်ထုတ်လုပ်တာဖြစ်ပါတယ်။

-Emporio Armani ကတော့ အသက် ၂၀ မှ ၃၀ အတွင်း အရွယ်ရောက်ပြီး လူငယ်တွေအတွက်ပိုမိုဦးတည်ပါတယ်။

-Emporio Armani က Armani Exchange ထက်ပိုပြီး ဈေးများပါတယ်။

ဒါတွေကတော့ Giorgio Armani ၊ Emporio Armani နဲ့ Armani Exchange ကြားကွာခြားချက်လေးတွေပါ။ Emporio Armani နဲ့ Armani Exchange ထုတ်ကုန်တွေဟာ တင့်တယ်ခမ်းနားမှုနဲ့ခေတ်မီလှပမှုတွေကို ပေးစွမ်းနိုင်တာမို့ Brand ကောင်းကောင်းကြိုက်တဲ့လူငယ်တွေ အတွက်တော့တကယ်ကိုပိုင်ဆိုင်ချင်စရာ အိပ်မက်ပါပဲ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

www.akhayar.com