[Zawgyi]

အေအးမိျခင္းနဲ႔ တုပ္ေကြးျဖစ္ျခင္းကို တူတူပဲလို႔ထင္ေနတုန္းပဲလား

ႏွာေစးျခင္း၊ လည္ေခ်ာင္းနာျခင္းနဲ႔ ေခါင္းကိုက္ျခင္း အစရွိတဲ႔လကၡဏာေတြဟာ အေအးမိျခင္းရဲ႕လကၡဏာေတြလား တုပ္ေကြးရဲ႕ လကၡဏာေတြလားဆိုတာကို လူအမ်ားစု ကဲြကဲြျပားျပား မသိၾကပါဘူး။ လူေတာ္ေတာ္မ်ားမ်ားကလည္း အေအးမိျခင္းနဲ႔ တုပ္ေကြးကို တူတူပဲလို႔ေတာင္ ထင္မွတ္မွားေနတတ္ၾကပါတယ္။

အေအးမိျခင္းနဲ႔ တုပ္ေကြးျဖစ္ျခင္း ႏွစ္မ်ဳိးစလံုးကေတာ့ လူကို ေနရထုိင္ရ မသက္သာျဖစ္ေစပါတယ္။ အဆိုပါေရာဂါႏွစ္မ်ဳိးစလံုးက အသက္ရႈလမ္းေၾကာင္းကို ဗိုင္းရပ္စ္ပိုးဝင္တဲ႔အတြက္ေၾကာင္႔ ျဖစ္ပြားရျခင္း ျဖစ္ပါတယ္။ အမ်ားအားျဖင္႔ ဒီေရာဂါႏွစ္ခုစလံုးရဲ႕ ေရာဂါလကၡဏာေတြက ဆင္တူတတ္ၾကပါတယ္။ ဒီလိုတူညီေနတဲ႔အတြက္ေၾကာင္႔ သူတို႔ရဲ႕ကဲြျပားျခားနားခ်က္ကို သိသာေအာင္ ေျပာဖို႔ရန္အတြက္ ခက္ခဲပါတယ္။ အေအးမိတာလား တုပ္ေကြးျဖစ္တာလား ကဲြကဲြျပားျပားသိမွ ျဖစ္တဲ့ေရာဂါေပၚမူတည္ၿပီး ထိေရာက္တဲ႔ေဆးကုသမႈကို ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး ေရာဂါကိုလည္း အလ်င္ျမန္ဆံုး သက္သာေပ်ာက္ကင္းေအာင္ ကုသႏိုင္မွာ ျဖစ္ပါတယ္။

အေအးမိတဲ့အခါ အဖ်ားလည္း အရမ္းႀကီး မတာရွည္တတ္ဘဲ လူက မအီမသာျဖစ္ေနတတ္ပါတယ္။ တုပ္ေကြးမိရင္ေတာ့ အေအးမိသလိုမ်ဳိး လကၡဏာနဲ႔ သိပ္မတူညီဘဲ ကဲြျပားသြားပါတယ္။ ၂၀၁၅-၂၀၁၆ ရာသီတုန္းက လူ ၁၁သန္းဟာ တုပ္ေကြးေရာဂါျဖစ္ပြားၿပီး ေဆးရုံေပါင္း ေျမာက္ျမားစြာကို လာေရာက္ေဆးကုသမႈခံယူေသာ္လည္း လူေပါင္း ၁၂,၀၀၀ အသက္ဆံုးရႈံုးခဲ႔ရပါတယ္။ အဲဒီလုိ အသက္ေသဆံုးၾကရတဲ႔ အဓိကအေၾကာင္းအရင္းကေတာ့ အေအးမိတာလား တုပ္ေကြးျဖစ္တာလား ကဲြကဲြျပားျပားမသိဘဲ ေဆးေတြ ရမ္းၿပီးေသာက္ရင္းကေန ဆရာဝန္ဆီေရာက္တာ ေနာက္က်ၿပီး အသက္ေသဆံုးသြားရျခင္း ျဖစ္ပါတယ္။

အဲဒီလို မေသဆံုးသင့့္ဘဲ အသက္ဆံုးရႈံးရတာမ်ဳိးမျဖစ္ေစဖို႔အတြက္ ဒီႏွစ္ခုရဲ႕ ကဲြျပားျခားနားခ်က္ကို ေသခ်ာ ကဲြကဲြျပားျပား သိထားသင္႔ပါတယ္။ အေအးမိတဲ့အခါ တစ္ခါတစ္ရံ ေခါင္းကိုက္ျခင္း၊ ပထမတစ္ရက္ႏွစ္ရက္မွာ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္းနဲ႔ ရင္ဘတ္တင္းက်ပ္စြာေအာင့္ျခင္း(တစ္ခါတရံ ရင္ဘတ္လည္း သိပ္မေအာင္႔တတ္ဘဲ ေခ်ာင္းလည္း သိပ္မဆိုးတတ္တာကို ေတြ႔ရပါတယ္)၊ လည္ေခ်ာင္းနာၿပီး မ်ဳိခ်ရခက္ကာ ႏွာေခါင္းေသြးလွ်ံျခင္း အစရွိတဲ႔ လကၡဏာေတြ ျဖစ္တတ္ပါတယ္။

တုပ္ေကြးျဖစ္တဲ႔အခါ အျမဲလိုလို ေခါင္းကိုက္ေနတတ္ျခင္း၊ တစ္ခါတစ္ရံ ႏွာေခါင္းပိတ္ေနတတ္ျခင္း၊ တစ္ခါတစ္ရံ လည္ေခ်ာင္းနာျခင္း၊ လက္ေမာင္း၊ေျခေထာက္နဲ႔ ေက်ာေတြ နာက်င္ကိုက္ခဲျခင္း၊ ျပင္းျပင္းထန္ထန္ေခ်ာင္းဆိုးျခင္းကေန အဆုတ္ေရာင္ေရာဂါဆီသို႔ ကူးေျပာင္းျခင္း၊ ကေလးေတြဆိုရင္ ဝမ္းေလွ်ာျခင္းနဲ႔အစာမေၾကျဖစ္ျခင္း၊ လည္ေခ်ာင္းနာၿပီး မ်ဳိခ်ရခက္ကာ ႏွာေခါင္းေသြးလွ်ံျခင္း၊ ၁၀၀ ကေန ၁၀၂ ဒီဂရီ ဖာရင္ဟိုက္အထိ ဖ်ားနာျခင္း၊ ကေလးေတြဆို ထိုအပူခ်ိန္ထက္ ပိုမိုေက်ာ္လြန္ကာ ဖ်ားနာျခင္း၊ အလြန္အမင္းပင္းပန္ႏြယ္နယ္ျခင္းေတြ ျဖစ္ပြားတတ္ပါတယ္။

အဆိုပါလကၡဏာေတြကို ေသေသခ်ာခ်ာေလး ေလ့လာမွတ္သားထားမယ္ဆုိရင္ အေအးမိျခင္းနဲ႔ တုပ္ေကြးျဖစ္ျခင္းကို ကဲြကဲြျပားျပား ခဲြျခားတတ္လာမွာပါ။ ကိုယ္အိမ္က မိသားစုဝင္တစ္ဦးဦး ဖ်ားနာေနလို႔ ေဝခဲြရခက္ေနရင္ ဆရာဝန္ဆီသြားေရာက္ျပသၿပီး ေဆးကုသမႈ အျမန္ခံယူတာကေတာ့ အေကာင္းဆံုးပါပဲ။ က်န္းမာျခင္းသည္ လာဘ္တစ္ပါးျဖစ္တဲ႔အတြက္ က်န္းမာေရးကို ဂရုစိုက္ဖုိ႔ တိုက္တြန္းခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်ခြင်းကို တူတူပဲလို့ထင်နေတုန်းပဲလား

နှာစေးခြင်း၊ လည်ချောင်းနာခြင်းနဲ့ ခေါင်းကိုက်ခြင်း အစရှိတဲ့လက္ခဏာတွေဟာ အအေးမိခြင်းရဲ့လက္ခဏာတွေလား တုပ်ကွေးရဲ့ လက္ခဏာတွေလားဆိုတာကို လူအများစု ကွဲကွဲပြားပြား မသိကြပါဘူး။ လူတော်တော်များများကလည်း အအေးမိခြင်းနဲ့ တုပ်ကွေးကို တူတူပဲလို့တောင် ထင်မှတ်မှားနေတတ်ကြပါတယ်။

အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်ခြင်း နှစ်မျိုးစလုံးကတော့ လူကို နေရထိုင်ရ မသက်သာဖြစ်စေပါတယ်။ အဆိုပါရောဂါနှစ်မျိုးစလုံးက အသက်ရှုလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးဝင်တဲ့အတွက်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အများအားဖြင့် ဒီရောဂါနှစ်ခုစလုံးရဲ့ ရောဂါလက္ခဏာတွေက ဆင်တူတတ်ကြပါတယ်။ ဒီလိုတူညီနေတဲ့အတွက်ကြောင့် သူတို့ရဲ့ကွဲပြားခြားနားချက်ကို သိသာအောင် ပြောဖို့ရန်အတွက် ခက်ခဲပါတယ်။ အအေးမိတာလား တုပ်ကွေးဖြစ်တာလား ကွဲကွဲပြားပြားသိမှ ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး ထိရောက်တဲ့ဆေးကုသမှုကို ပြုလုပ်နိုင်မှာဖြစ်ပြီး ရောဂါကိုလည်း အလျင်မြန်ဆုံး သက်သာပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။

အအေးမိတဲ့အခါ အဖျားလည်း အရမ်းကြီး မတာရှည်တတ်ဘဲ လူက မအီမသာဖြစ်နေတတ်ပါတယ်။ တုပ်ကွေးမိရင်တော့ အအေးမိသလိုမျိုး လက္ခဏာနဲ့ သိပ်မတူညီဘဲ ကွဲပြားသွားပါတယ်။ ၂၀၁၅-၂၀၁၆ ရာသီတုန်းက လူ ၁၁သန်းဟာ တုပ်ကွေးရောဂါဖြစ်ပွားပြီး ဆေးရုံပေါင်း မြောက်မြားစွာကို လာရောက်ဆေးကုသမှုခံယူသော်လည်း လူပေါင်း ၁၂,၀၀၀ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလို အသက်သေဆုံးကြရတဲ့ အဓိကအကြောင်းအရင်းကတော့ အအေးမိတာလား တုပ်ကွေးဖြစ်တာလား ကွဲကွဲပြားပြားမသိဘဲ ဆေးတွေ ရမ်းပြီးသောက်ရင်းကနေ ဆရာဝန်ဆီရောက်တာ နောက်ကျပြီး အသက်သေဆုံးသွားရခြင်း ဖြစ်ပါတယ်။

အဲဒီလို မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးရတာမျိုးမဖြစ်စေဖို့အတွက် ဒီနှစ်ခုရဲ့ ကွဲပြားခြားနားချက်ကို သေချာ ကွဲကွဲပြားပြား သိထားသင့်ပါတယ်။ အအေးမိတဲ့အခါ တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်း၊ ပထမတစ်ရက်နှစ်ရက်မှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ ရင်ဘတ်တင်းကျပ်စွာအောင့်ခြင်း(တစ်ခါတရံ ရင်ဘတ်လည်း သိပ်မအောင့်တတ်ဘဲ ချောင်းလည်း သိပ်မဆိုးတတ်တာကို တွေ့ရပါတယ်)၊ လည်ချောင်းနာပြီး မျိုချရခက်ကာ နှာခေါင်းသွေးလျှံခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

တုပ်ကွေးဖြစ်တဲ့အခါ အမြဲလိုလို ခေါင်းကိုက်နေတတ်ခြင်း၊ တစ်ခါတစ်ရံ နှာခေါင်းပိတ်နေတတ်ခြင်း၊ တစ်ခါတစ်ရံ လည်ချောင်းနာခြင်း၊ လက်မောင်း၊ခြေထောက်နဲ့ ကျောတွေ နာကျင်ကိုက်ခဲခြင်း၊ ပြင်းပြင်းထန်ထန်ချောင်းဆိုးခြင်းကနေ အဆုတ်ရောင်ရောဂါဆီသို့ ကူးပြောင်းခြင်း၊ ကလေးတွေဆိုရင် ဝမ်းလျှောခြင်းနဲ့အစာမကြေဖြစ်ခြင်း၊ လည်ချောင်းနာပြီး မျိုချရခက်ကာ နှာခေါင်းသွေးလျှံခြင်း၊ ၁၀၀ ကနေ ၁၀၂ ဒီဂရီ ဖာရင်ဟိုက်အထိ ဖျားနာခြင်း၊ ကလေးတွေဆို ထိုအပူချိန်ထက် ပိုမိုကျော်လွန်ကာ ဖျားနာခြင်း၊ အလွန်အမင်းပင်းပန်နွယ်နယ်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။

အဆိုပါလက္ခဏာတွေကို သေသေချာချာလေး လေ့လာမှတ်သားထားမယ်ဆိုရင် အအေးမိခြင်းနဲ့ တုပ်ကွေးဖြစ်ခြင်းကို ကွဲကွဲပြားပြား ခွဲခြားတတ်လာမှာပါ။ ကိုယ်အိမ်က မိသားစုဝင်တစ်ဦးဦး ဖျားနာနေလို့ ဝေခွဲရခက်နေရင် ဆရာဝန်ဆီသွားရောက်ပြသပြီး ဆေးကုသမှု အမြန်ခံယူတာကတော့ အကောင်းဆုံးပါပဲ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

www.akhayar.com