[Zawgyi]

BB Cream ၊ CC Cream နဲ႔ DD Cream ကို ကဲြကဲြျပားျပားသိၾကလား

ကိုရီးယားကားေတြေခတ္စားလာတဲ႔ေနာက္ပိုင္း ကိုရီးယားအစားအေသာက္ေတြ ၊ ယဥ္ေက်းမႈေတြ ၊ ဝတ္စားဆင္ယင္မႈေတြ၊ ျပင္ဆင္ျခယ္သမႈေတြနဲ႔ မိတ္ကပ္ေတြပါ ျမန္မာႏိုင္ငံကို ရုိက္ခတ္လို႔လာခဲ႔ပါေတာ့တယ္။ အဲဒီလိုရုိတ္ခတ္လာတဲ့အထဲမွာမွ မိတ္ကပ္ Product ေတြျဖစ္တဲ႔ BB Cream ၊ CC Cream နဲ႔ DD Cream ေတြရဲ႕ ရုိက္ခတ္မႈကလည္း ႀကီးမားပါတယ္။ ဒါေပမယ္႔ BB Cream ၊ CC Cream နဲ႔ DD Cream တို႔ကို ကဲြကဲြျပားျပားသိသူက နည္းပါးပါတယ္။ သူတို႔ရဲ႕ကြဲျပားျခားနားခ်က္ကုိ ေသခ်ာသိထားရင္ ပစၥည္းဝယ္တဲ့အခါမွာ ကိုယ္အသားအရည္နဲ႔ကိုက္ညီတဲ့ပစၥည္းကုိ အခ်ိန္ကုန္သက္သာစြာနဲ႔ မွန္မွန္ကန္ကန္ ေရြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ မို႔ BB Cream ၊ CC Cream နဲ႔ DD Cream တို႔ရဲ႕ ကဲြျပားျခားနားခ်က္နဲ႔ ဘယ္လုိျဖစ္ေပၚလာတယ္ဆိုတာကို ဗဟုသုတရေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

BB Cream ဆုိတာဘာလဲ

BB Cream က ကမာၻ႔ေပၚရွိ ပထမဆံုး Alphabetic နာမည္နဲ႔ ထြက္ေပၚလာတဲ့ Cream ျဖစ္ၿပီး ၁၉၆၀ ခုနစ္ Germany ႏိုင္ငံရွိ အေရးျပားေရာဂါကုဆရာဝန္ ေဒါက္တာ Christine Schrammek က သူရဲ႕လူနာကို Facial Peel လုပ္ေပးၿပီးတဲ႔ေနာက္မွာ လူနာရဲ႕အေရျပားကို ကာကြယ္ဖို႔အတြက္ အာနိသင္ေကာင္းတဲ႔ Cream ကို ထုတ္လုပ္ခဲ႔ျခင္း ျဖစ္ပါတယ္။ ႏွစ္သံုးဆယ္ၾကာၿပီးတဲဲ့ေနာက္မွာ ကိုရီးယားႏိုင္ငံနဲ႔ ကိုရီးယားစတားေတြၾကားမွာ All In One Product တစ္ခုအေနနဲ႔ ျပန္လည္ေခတ္စားလာၿပီး ထိုမွတစ္ဆင္႔ အာရွႏိုင္ငံေတြမွာပါ တြင္တြင္က်ယ္က်ယ္ အသံုးျပဳလာၾကပါတယ္။

BB Cream က မၾကာေသးမီႏွစ္ေတြကမွ တြင္တြင္က်ယ္က်ယ္အသံုးျပဳလာတဲ႔ အာရွသြင္းကုန္တစ္ခု ျဖစ္ပါတယ္။ BB Cream က “Beauty Balm” သို႔မဟုတ္ “Blemish Balm”အေနနဲ႔ ရပ္တည္ေနၿပီး Full Coverage လုပ္ေပးႏိုင္တဲ့အျပင္ SPF နဲ႔ Antioxidant ေတြကဲ့သို႔ေသာ Skin Care အက်ဳိးအာနိသင္ေတြပါဝင္တဲ့ စြယ္စံုသံုးလိို႔ရတဲဲ့ Beauty Product တစ္ခုပဲ ျဖစ္ပါတယ္။ ဒါအျပင္ ေနေလာင္ဒဏ္ကိုကာကြယ္ေပးၿပီး ေရဓာတ္ကို ၾကြယ္ဝစြာျဖည္႔ေပးကာ အစိုဓာတ္ကုိလည္း ထိန္းေပးလို႔ အျပစ္အနာအဆာကင္းၿပီး ေခ်ာေမြ႔လွပတဲ႔ Skin Tone ကို ရရွိေစပါတယ္။ သူက Foundation ေတြထက္ Light ျဖစ္ၿပီးေတာ့ ေန႔စဥ္သံုးေနက် Moisturizer ေတြထက္ေတာ့ Heavy ပိုျဖစ္ပါတယ္။ BB Cream ဟာ ေျခာက္ေသြ႔တဲ႔အသားအေရနဲ႔ ပံုမွန္အသားအေရပိုင္ရွင္ေတြအတြက္ အသံုးျပဳဖို႔သင္႔ေတာ္ေပမယ္႔ ဝက္ျခံထြက္လြယ္ၿပီး အဆီျပန္တတ္တဲ႔ အသားအေရေတြအေနနဲ႔ကေတာ့ အသံုးျပဳဖို႔ သိပ္အဆင္မေျပပါဘူး။ သူ႕ရဲ႕ Texture ကေတာ့ Creamy နဲ႔ Moisturizing ဘက္ကို သြားပါတယ္။

CC Cream က BB Cream နဲ႔ဘာကြာလဲ

BB Cream နဲ႔ CC Cream က တူသလိုလိုနဲ႔ ကဲြျပားျခားနာမႈရွိပါတယ္။ အႀကီးမားဆံုးကြာျခားခ်က္ကေတာ့ CC Cream က Oil Free ျဖစ္ပါတယ္။ Oil Free ျဖစ္တဲ့အတြက္ ေျခာက္ေသြ႔တဲ႔ အသားအေရေတြအေနနဲ႔ အသံုးျပဳဖို႔ မသင္္႔ေတာ္ပါဘူး။ အဆီျပန္ၿပီး ဝက္ျခံျဖစ္လြယ္တဲ့ အသားအေရေတြ၊ Sensitive ျဖစ္လြယ္တဲ့ အသားအေရေတြအေနနဲ႔က CC Cream နဲ႔ ပိုကိုက္ညီမႈ ရွိပါတယ္။ CC Cream က BB Cream ေလာက္ေတာ့ Coverage သိပ္မျဖစ္ပါဘူး။ CC Cream က Color Corrector အေနနဲ႔လည္း ေက်ာ္ၾကားတဲ့အတြက္ အသားအေရနီျမန္းျခင္းနဲ႔ ေရာင္ရမ္းျခင္းေတြကဲ႔သို႔ အသားအေရျပႆနာေတြကိုလည္း ေျဖရွင္းေပးႏိုင္စြမ္းရွိပါတယ္။ ထိုအျပင္ CC Cream ကို Moisturizer ၊ Foundation ၊ Primer ၊ SPF နဲ႔ Anti-Aging Cream အေနနဲ႔လည္း အသံုးျပဳၾကပါေသးတယ္။ CC Cream က စုပ္ယူမႈအားေကာင္းတဲ့အျပင္ Antioxidant ေတြလည္း ေပါမ်ားစြာပါဝင္ကာ လိမ္းထားရင္ အသားအေရနဲ႔ ကိုက္ညီတဲ့ အသားအေရာင္ကို ရရွိေစပါတယ္။ CC Cream ကို ဝယ္ယူတဲ့အခါမွာ CC Cream မွာပါဝင္တဲ့ ပါဝင္ပစၥည္းေတြက ကိုယ္အသားအေရလိုအပ္ခ်က္နဲ႔ ကိုက္ညီမႈရွိမရွိ ေသခ်ာစစ္ေဆးၿပီးမွ ဝယ္ယူသင့္ပါတယ္။ CC Cream ရဲ႕ Texture ကေတာ့ Lightweight နဲ႔ Fast-absorbing ျဖစ္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

DD Cream က ဘယ္လို ထူးျခားမႈေတြရွိလဲ

DD Cream ကို “Daily Defense” သို႔မဟုတ္ “Dynamic Do All” လို႔ ေခၚပါတယ္။ DD Cream ဟာ BB Cream နဲ႔ CC Cream မွာရႏိုင္တဲ႔ အက်ဳိးအာနိသင္ေတြ အကုန္ရရွိၿပီး Anti-aging ပါ ပါဝင္လို႔ အသားအေရကိုေခ်ာေမြ႔ၿပီး အေရးအေၾကာင္းေတြကိုပါ ေလ်ာ့က်ေစပါတယ္။ ဒါေပမယ္႔ DD Cream က အျခား Cream ေတြနဲ႔ယွဥ္ရင္ ပိုၿပီးေပါ့ေပါ့ပါးပါးရွိပါတယ္။ DD Cream က Anti-aging စသံုးေပးဖို႔လုိအပ္ေနတဲ့ သက္လတ္ပိုင္းအမ်ဳိးသမီးေတြနဲ႔ ပိုသင္႔ေတာ္ပါတယ္။ DD Cream ရဲ႕ Texture က ထူေပမယ္႔ Coverage အရမ္းေကာင္းတဲ့ Cream ျဖစ္ပါတယ္။ DD Cream က အသားအရည္ေျခာက္ေသြ႔ၿပီး အသက္အရြယ္ရေနၿပီးျဖစ္တဲ့သူေတြနဲ႔ ပိုသင္႔ေတာ္ပါတယ္။

ဒီ Cream သံုးမ်ဳိးလံုးက Foundation ေတြနဲ႔ ဆင္တူၿပီးေတာ့ Skin အတြက္ အက်ဳိးအာနိသင္ေကာင္းေစတာေတြကို ထပ္ျဖည္႔ထားတဲ့ Skincare ေပါင္းစပ္ပါဝင္တဲ႔ Cream ေတြပဲ ျဖစ္ပါတယ္။ ဒီသံုးမ်ဳိးရဲ႕ကြာျခားခ်က္ေတြကို ေကာင္းေကာင္းႀကီးသိသြားၿပီဆိုေတာ႔ ဘာဝယ္ရင္ေကာင္းမလဲ အခ်ိန္ကုန္ခံစဥ္စားစရာမလိုေတာ့ဘဲ ကိုယ္အသားအေရနဲ႔ကိုက္ညီတဲ႔ Product ကို မွန္မွန္ကန္ကန္ ေရြးခ်ယ္ဝယ္ယူႏိုင္ၾကၿပီလို႔ ထင္ပါတယ္ေနာ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

BB Cream ၊ CC Cream နဲ့ DD Cream ကို ကွဲကွဲပြားပြားသိကြလား

ကိုရီးယားကားတွေခေတ်စားလာတဲ့နောက်ပိုင်း ကိုရီးယားအစားအသောက်တွေ ၊ ယဉ်ကျေးမှုတွေ ၊ ဝတ်စားဆင်ယင်မှုတွေ၊ ပြင်ဆင်ခြယ်သမှုတွေနဲ့ မိတ်ကပ်တွေပါ မြန်မာနိုင်ငံကို ရိုက်ခတ်လို့လာခဲ့ပါတော့တယ်။ အဲဒီလိုရိုတ်ခတ်လာတဲ့အထဲမှာမှ မိတ်ကပ် Product တွေဖြစ်တဲ့ BB Cream ၊ CC Cream နဲ့ DD Cream တွေရဲ့ ရိုက်ခတ်မှုကလည်း ကြီးမားပါတယ်။ ဒါပေမယ့် BB Cream ၊ CC Cream နဲ့ DD Cream တို့ကို ကွဲကွဲပြားပြားသိသူက နည်းပါးပါတယ်။ သူတို့ရဲ့ကွဲပြားခြားနားချက်ကို သေချာသိထားရင် ပစ္စည်းဝယ်တဲ့အခါမှာ ကိုယ်အသားအရည်နဲ့ကိုက်ညီတဲ့ပစ္စည်းကို အချိန်ကုန်သက်သာစွာနဲ့ မှန်မှန်ကန်ကန် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မို့ BB Cream ၊ CC Cream နဲ့ DD Cream တို့ရဲ့ ကွဲပြားခြားနားချက်နဲ့ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

BB Cream ဆိုတာဘာလဲ

BB Cream က ကမ္ဘာ့ပေါ်ရှိ ပထမဆုံး Alphabetic နာမည်နဲ့ ထွက်ပေါ်လာတဲ့ Cream ဖြစ်ပြီး ၁၉၆၀ ခုနစ် Germany နိုင်ငံရှိ အရေးပြားရောဂါကုဆရာဝန် ဒေါက်တာ Christine Schrammek က သူရဲ့လူနာကို Facial Peel လုပ်ပေးပြီးတဲ့နောက်မှာ လူနာရဲ့အရေပြားကို ကာကွယ်ဖို့အတွက် အာနိသင်ကောင်းတဲ့ Cream ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်သုံးဆယ်ကြာပြီးတဲ့နောက်မှာ ကိုရီးယားနိုင်ငံနဲ့ ကိုရီးယားစတားတွေကြားမှာ All In One Product တစ်ခုအနေနဲ့ ပြန်လည်ခေတ်စားလာပြီး ထိုမှတစ်ဆင့် အာရှနိုင်ငံတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။

BB Cream က မကြာသေးမီနှစ်တွေကမှ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အာရှသွင်းကုန်တစ်ခု ဖြစ်ပါတယ်။ BB Cream က “Beauty Balm” သို့မဟုတ် “Blemish Balm”အနေနဲ့ ရပ်တည်နေပြီး Full Coverage လုပ်ပေးနိုင်တဲ့အပြင် SPF နဲ့ Antioxidant တွေကဲ့သို့သော Skin Care အကျိုးအာနိသင်တွေပါဝင်တဲ့ စွယ်စုံသုံးလို့ရတဲ့ Beauty Product တစ်ခုပဲ ဖြစ်ပါတယ်။ ဒါအပြင် နေလောင်ဒဏ်ကိုကာကွယ်ပေးပြီး ရေဓာတ်ကို ကြွယ်ဝစွာဖြည့်ပေးကာ အစိုဓာတ်ကိုလည်း ထိန်းပေးလို့ အပြစ်အနာအဆာကင်းပြီး ချောမွေ့လှပတဲ့ Skin Tone ကို ရရှိစေပါတယ်။ သူက Foundation တွေထက် Light ဖြစ်ပြီးတော့ နေ့စဉ်သုံးနေကျ Moisturizer တွေထက်တော့ Heavy ပိုဖြစ်ပါတယ်။ BB Cream ဟာ ခြောက်သွေ့တဲ့အသားအရေနဲ့ ပုံမှန်အသားအရေပိုင်ရှင်တွေအတွက် အသုံးပြုဖို့သင့်တော်ပေမယ့် ဝက်ခြံထွက်လွယ်ပြီး အဆီပြန်တတ်တဲ့ အသားအရေတွေအနေနဲ့ကတော့ အသုံးပြုဖို့ သိပ်အဆင်မပြေပါဘူး။ သူ့ရဲ့ Texture ကတော့ Creamy နဲ့ Moisturizing ဘက်ကို သွားပါတယ်။

CC Cream က BB Cream နဲ့ဘာကွာလဲ

BB Cream နဲ့ CC Cream က တူသလိုလိုနဲ့ ကွဲပြားခြားနာမှုရှိပါတယ်။ အကြီးမားဆုံးကွာခြားချက်ကတော့ CC Cream က Oil Free ဖြစ်ပါတယ်။ Oil Free ဖြစ်တဲ့အတွက် ခြောက်သွေ့တဲ့ အသားအရေတွေအနေနဲ့ အသုံးပြုဖို့ မသင့််တော်ပါဘူး။ အဆီပြန်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေတွေ၊ Sensitive ဖြစ်လွယ်တဲ့ အသားအရေတွေအနေနဲ့က CC Cream နဲ့ ပိုကိုက်ညီမှု ရှိပါတယ်။ CC Cream က BB Cream လောက်တော့ Coverage သိပ်မဖြစ်ပါဘူး။ CC Cream က Color Corrector အနေနဲ့လည်း ကျော်ကြားတဲ့အတွက် အသားအရေနီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်းတွေကဲ့သို့ အသားအရေပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ ထိုအပြင် CC Cream ကို Moisturizer ၊ Foundation ၊ Primer ၊ SPF နဲ့ Anti-Aging Cream အနေနဲ့လည်း အသုံးပြုကြပါသေးတယ်။ CC Cream က စုပ်ယူမှုအားကောင်းတဲ့အပြင် Antioxidant တွေလည်း ပေါများစွာပါဝင်ကာ လိမ်းထားရင် အသားအရေနဲ့ ကိုက်ညီတဲ့ အသားအရောင်ကို ရရှိစေပါတယ်။ CC Cream ကို ဝယ်ယူတဲ့အခါမှာ CC Cream မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ကိုယ်အသားအရေလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ CC Cream ရဲ့ Texture ကတော့ Lightweight နဲ့ Fast-absorbing ဖြစ်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

DD Cream က ဘယ်လို ထူးခြားမှုတွေရှိလဲ

DD Cream ကို “Daily Defense” သို့မဟုတ် “Dynamic Do All” လို့ ခေါ်ပါတယ်။ DD Cream ဟာ BB Cream နဲ့ CC Cream မှာရနိုင်တဲ့ အကျိုးအာနိသင်တွေ အကုန်ရရှိပြီး Anti-aging ပါ ပါဝင်လို့ အသားအရေကိုချောမွေ့ပြီး အရေးအကြောင်းတွေကိုပါ လျော့ကျစေပါတယ်။ ဒါပေမယ့် DD Cream က အခြား Cream တွေနဲ့ယှဉ်ရင် ပိုပြီးပေါ့ပေါ့ပါးပါးရှိပါတယ်။ DD Cream က Anti-aging စသုံးပေးဖို့လိုအပ်နေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေနဲ့ ပိုသင့်တော်ပါတယ်။ DD Cream ရဲ့ Texture က ထူပေမယ့် Coverage အရမ်းကောင်းတဲ့ Cream ဖြစ်ပါတယ်။ DD Cream က အသားအရည်ခြောက်သွေ့ပြီး အသက်အရွယ်ရနေပြီးဖြစ်တဲ့သူတွေနဲ့ ပိုသင့်တော်ပါတယ်။

ဒီ Cream သုံးမျိုးလုံးက Foundation တွေနဲ့ ဆင်တူပြီးတော့ Skin အတွက် အကျိုးအာနိသင်ကောင်းစေတာတွေကို ထပ်ဖြည့်ထားတဲ့ Skincare ပေါင်းစပ်ပါဝင်တဲ့ Cream တွေပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးရဲ့ကွာခြားချက်တွေကို ကောင်းကောင်းကြီးသိသွားပြီဆိုတော့ ဘာဝယ်ရင်ကောင်းမလဲ အချိန်ကုန်ခံစဉ်စားစရာမလိုတော့ဘဲ ကိုယ်အသားအရေနဲ့ကိုက်ညီတဲ့ Product ကို မှန်မှန်ကန်ကန် ရွေးချယ်ဝယ်ယူနိုင်ကြပြီလို့ ထင်ပါတယ်နော်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။