[Zawgyi]

အတုအစစ္မကဲြျပားတဲ့ ေရေမႊးေတြကို အလြယ္တကူခဲြျခားသိႏိုင္ဖို႔ နည္းအသြယ္သြယ္

ေခတ္မီတိုးတက္ေနတဲ့ ဒီေန႔ေခတ္ႀကီးထဲမွာ အစစ္နီးပါးနဲ႔တူတဲ့ အတုေတြကို ေစ်းကြက္ထဲမွာ အလြယ္တကူဝယ္ယူရရွိႏိုင္ပါၿပီ။ ဒီလိုအတုေတြေပါမ်ားလာရျခင္းကလည္း ေငြကုန္ေၾကးက်နည္းနည္းနဲ႔ အလြယ္တကူ ထုတ္လုပ္ႏိုင္တာေၾကာင့္လည္း ျဖစ္ပါတယ္။ အတုေတြက ဘယ္ေလာက္ထိ တုပလာၾကလဲဆိုရင္ ေရေမႊးအနံကိုေတာင္ အတုလား အစစ္လား ခဲြျခားလို႔မရတဲ႔အထိ တုပလာၾကပါတယ္။ ဒီလိုအတုအစစ္ေတြ ခဲြျခားရခက္တဲ႔အခ်ိန္မွာ ေရေမႊးစစ္စစ္ကို ဘယ္လိုဝယ္ရမလဲဆိုတာ ေဝခြဲရခက္ေနရင္ ဒီနည္းလမ္းေလးေတြအတုိင္း ခဲြျခားၿပီး ဝယ္ယူႏုိင္ပါတယ္။

ထုပ္ပိုးမႈပံုစံ

ေရေမႊးအစစ္ေတြမွာ ထုပ္ပိုးထားတဲ႔ ပလတ္စတစ္မွန္ၾကည္စကၠဴက အနည္းငယ္ထူၿပီး ေရေမႊးထည္႔တဲ့ စကၠဴဘူးထဲမွာ အံ့ဝင္ခြင္က်ျဖစ္ေအာင္ ထိုပလတ္စတစ္စကၠဴနဲ႕ တင္းတင္းက်ပ္က်ပ္ ထုပ္ပိုးထားတာကို ေတြ႔ရွိရပါတယ္။ ဒီအခ်က္နဲ႔ဆန္႔က်င္ဘက္ မသပ္မရပ္ ျဖစ္သလိုထုပ္ပိုးထားတဲ႔ဘူးေတြကေတာ့ ေရေမႊးအတုျဖစ္ေၾကာင္း ေဖာ္ျပေနတဲ႔ ထုပ္ပိုးမႈပံုစံပဲ ျဖစ္ပါတယ္။

Wrapping

စကၠဴဘူး

Authentic ေရေမႊးေတြရဲ႕ Paper Box က ေရေမႊြးပုလင္းကို ထိရွကဲြအက္တာမ်ဳိး မျဖစ္ေစဖို႔အတြက္ အဆင္႔ျမင္႔ျမင့္ထုတ္လုပ္ထားတဲ့ စကၠဴးဘူးနဲ႔ ထုပ္ပိုးထားၿပီး အလြယ္တကူ ပ်က္စီးျခင္းအႏၱရာယ္မွ ကာကြယ္ထားပါတယ္။ ေရေမႊးအစစ္ေတြရဲ႕ စကၠဴဘူးေတြက မ်ားေသာအားျဖင္႔ အျဖဴေရာင္ျဖစ္ပါတယ္။ အျဖဴစစ္စစ္မဟုတ္ဘဲအျဖဴေရာင္သန္းတဲ့ စကၠဴဘူးနဲ႔ဆိုရင္ေတာ့ သတိထားၿပီး စစ္ေဆးသင္႔ပါတယ္။

PaperBoard

အညႊန္းေတြ

ေရေမႊးဘူးေအာက္ေျခမွာရွိတဲ႔ ေရႊေရာင္အဝိုင္းေလးထဲက ျမားကိုၾကည္႔ၿပီးလည္း အတုအစစ္ခဲြျခားႏုိင္ပါေသးတယ္။ ေရႊေရာင္အဝိုင္ေလးထဲမွာရွိတဲ႔ ညာဘက္ကိုျပေနတဲျ့မွားက ဘယ္ဘက္ကိုျပေနတဲ့ျမွားထက္ ပိုထူၿပီးမည္းေနခဲ့ရင္ ေရေမႊးအတုျဖစ္ေၾကာင္း အလြယ္တကူသိႏိုင္ပါတယ္။ ေရေမႊးဝယ္ယူတဲ႔အခါမွာ ဝယ္ယူသူအမ်ားစုက ထုတ္လုပ္တဲ႔ Website မွာရွိတဲ႔ Information ေတြနဲ႔ Packaging မွာရွိတဲ႔ Information ေတြကို တိုက္ၿပီး စစ္ေဆးတာမ်ိဳးမျပဳလုပ္တတ္ၾကပါဘူး။ဒီလုိမစစ္ေဆးႏိုင္ခဲ႔ရင္ ျမွားေလးကိုၾကည္႔ၿပီး အလြယ္တကူခဲြျခားလို႔ရပါတယ္။ ဒါက ေသးငယ္တဲ့ကြာျခားမႈေလးျဖစ္ေပမယ္႔လည္း အတုအစစ္ခဲြျခားရာမွာ အေရးပါတဲ႔ အခ်က္တစ္ခုပဲ ျဖစ္ပါတယ္။

Labels-and-inscriptions

ပုလင္းဒီဇိုင္း

ေရေမႊးဆိုင္ေတြမွာရွိတဲ့ ေရေမႊးေတြကို ေသေသခ်ာခ်ာသတိထားၾကည္႔တဲ့အခါ High-End Designer Perfumes ေတြနဲ႔ တစ္ပံုစံတည္းတူတဲ႔ ေရေမႊးေတြ အေျမာက္အျမားကို ေတြ႔ရွိရတတ္ပါတယ္။ ဒီေရေမႊးေတြက ရုတ္တရက္ဆုိ အနံ႔ကလည္းတစ္ထပ္တည္းက်ေနလို႔ ခဲြျခားဖို႔ မလြယ္ကူပါဘူး။ခဲြျခားဖို႔အတြက္ ရုိးရွင္းတဲ့လွည္႔ကြက္တစ္ခုကေတာ့ ပုလင္းဒီဇုိင္းကို ေသခ်ာစစ္ေဆးၾကည္႔လို႔ရပါတယ္။ အတုနဲ႔ အစစ္ၾကားမွာ ပုလင္းဒီဇုိင္းေတြက အနည္းငယ္ ကဲြျပားျခားနာမႈရွိေနတာမို႔ ေသခ်ာသတိထားစစ္ေဆးပါ။

Bottle-Design

ေရေမႊးအေရာင္

နာမည္ႀကီးအမွတ္တံဆိပ္ေရေမႊးေတြရဲ႕ အေရာင္က မ်ားေသာအားျဖင္႔ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနတတ္ၾကပါတယ္။ ဘာေၾကာင္႔လဲဆုိေတာ့ နာမည္ႀကီးထုတ္ကုန္ေတြက ဆိုးေဆးေတြ သံုးေလ့မရွိဘဲ အရည္အေသြးေကာင္းေအာင္သာ ထုတ္လုပ္တတ္တာေၾကာင္႔ပဲ ျဖစ္ပါတယ္။ ေရေမႊးေတြထဲမွာရွိတဲ႔ ဓာတုအရည္ေတြရဲ႕ အေရာင္ကိုၾကည္႔ျခင္းကလည္း အတုအစစ္ခဲြျခားတဲ႔ေနရာမွာ အသံုးျပဳလို႔ရတဲ႔ နည္းလမ္းေတြထဲက နည္းလမ္းတစ္သြယ္ပဲ ျဖစ္ပါတယ္။

Perfume-Color

ပုလင္းအဖံုး

ေရေမႊးအစစ္ရဲ႕ ပုလင္းအဖံုးေတြက မ်ားေသာအားျဖင္႔ တစ္ဖက္နဲ႔တစ္ဖက္ အခ်ဳိးညီေနတတ္ပါတယ္။ မူလဖန္တီးမႈမဟုတ္ဘဲ တုပထားတဲ႔ ေရေမႊးေတြရဲ႕ ပုလင္းအဖံုးေတြက အခ်ဴိးမညီတတ္ၾကသလို လက္ရာလည္းမေသသပ္တတ္ၾကပါဘူး။ ဒါေၾကာင္႔မို႔ ပါကင္ဖြင္႔ၾကည္႔လို႔ရတဲ့ ေရေမႊးေတြဆိုရင္ ပုလင္းအဖံုးကို ေသခ်ာစစ္ေဆးၿပီး အတုလား အစစ္လားခဲြျခားၿပီး ဝယ္ယူႏုိင္ပါတယ္။

Bottle-Cap

Serial Number

Serial Number ေတြကို ပုလင္းရဲ႕ေအာက္ေျခမွာ ညႊန္းျပထားေလ့ရွိပါတယ္။ ေရေမႊးအစစ္ေတြမွာ ပုလင္းေအာက္ေျခမွာရွိတဲ႔ Serial Number နဲ႔ ဘူးခံြမွာရွိတဲ႔ Serial Number ေတြက တူညီေလ့ရွိပါတယ္။ Serial Number ေတြကိုေတာ့ မ်ားေသာအားျဖင္႔ ဘူးခံြေအာက္ေျခမွာ တံဆိပ္ႏိွပ္ထားတဲ့ပံုစံ(သို႔) မွင္ႏွင္႔ပံုႏွိပ္ထားတဲ႔ပံုစံမ်ဳိးအေနနဲ႔ ေတြ႔႔ရတတ္ပါတယ္။ ေရေမႊးအစစ္ကိုပိုင္ဆိုင္ဖို႔အတြက္ Serial Number ကိုလည္း စစ္ေဆးၾကည္႔သင္႔ပါတယ္။

Serial-Number

ပုလင္း

ေရေမႊးအစစ္ေတြရဲ႕ပုလင္းေတြက အရည္အေသြးျမင္႔တဲ႔ ပုလင္းေတြျဖစ္ၿပီး ေခ်ာေမြ႔ေကာင္းမြန္တဲ႔ မ်က္ႏွာျပင္ရွိပါတယ္။ေရေမႊးအတုေတြရဲ႕ပုလင္းေတြက ၾကမ္းတမ္းၿပီး မ်က္္ႏွာျပင္ကလည္း အထစ္ထစ္ေလးေတြ ျဖစ္ေနတတ္ပါတယ္။ ဒီအခ်က္ကလည္း အရမ္းသိသာထင္ရွားတဲ႔ကြဲျပားမႈ မဟုတ္ေပမယ္႔ အတုုအစစ္ခဲြတဲ႔ေနရာမွာေတာ့ အသံုးဝင္တဲ႔အခ်က္တစ္ခု ျဖစ္ပါတယ္။

Bottle

ေရေမႊး Crazy သမားေတြအေနနဲ႔ အတုအစစ္မကဲြျပားတဲ့ ေရေမႊးေတြကို ဒိီနည္းလမ္းေတြအတိုင္း စစ္ေဆးၿပီး မွန္ကန္ေကာင္းမြန္တဲ႔ ပစၥည္းအစစ္အမွန္ေတြကို ေရြးခ်ယ္ဝယ္ယူႏိုင္ၿပီလို႔ ထင္ပါတယ္။ ေစ်းႀကီးႀကီးနဲ႔ေပးဝယ္ရၿပီး ဂ်င္းမမိရေလေအာင္ ေရေမႊးခ်စ္သူေတြကိုလည္း ဒီနည္းလမ္းေလးေတြကို ျပန္မွ်ေဝလုိက္ပါဦးေနာ္။

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အတုအစစ်မကွဲပြားတဲ့ ရေမွှေးတွေကို အလွယ်တကူခွဲခြားသိနိုင်ဖို့ နည်းအသွယ်သွယ်

ခေတ်မီတိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ အစစ်နီးပါးနဲ့တူတဲ့ အတုတွေကို ဈေးကွက်ထဲမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီ။ ဒီလိုအတုတွေပေါများလာရခြင်းကလည်း ငွေကုန်ကြေးကျနည်းနည်းနဲ့ အလွယ်တကူ ထုတ်လုပ်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ အတုတွေက ဘယ်လောက်ထိ တုပလာကြလဲဆိုရင် ရေမွှေးအနံကိုတောင် အတုလား အစစ်လား ခွဲခြားလို့မရတဲ့အထိ တုပလာကြပါတယ်။ ဒီလိုအတုအစစ်တွေ ခွဲခြားရခက်တဲ့အချိန်မှာ ရေမွှေးစစ်စစ်ကို ဘယ်လိုဝယ်ရမလဲဆိုတာ ဝေခွဲရခက်နေရင် ဒီနည်းလမ်းလေးတွေအတိုင်း ခွဲခြားပြီး ဝယ်ယူနိုင်ပါတယ်။

ထုပ်ပိုးမှုပုံစံ

ရေမွှေးအစစ်တွေမှာ ထုပ်ပိုးထားတဲ့ ပလတ်စတစ်မှန်ကြည်စက္ကူက အနည်းငယ်ထူပြီး ရေမွှေးထည့်တဲ့ စက္ကူဘူးထဲမှာ အံ့ဝင်ခွင်ကျဖြစ်အောင် ထိုပလတ်စတစ်စက္ကူနဲ့ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတာကို တွေ့ရှိရပါတယ်။ ဒီအချက်နဲ့ဆန့်ကျင်ဘက် မသပ်မရပ် ဖြစ်သလိုထုပ်ပိုးထားတဲ့ဘူးတွေကတော့ ရေမွှေးအတုဖြစ်ကြောင်း ဖော်ပြနေတဲ့ ထုပ်ပိုးမှုပုံစံပဲ ဖြစ်ပါတယ်။

Wrapping

စက္ကူဘူး

Authentic ရေမွှေးတွေရဲ့ Paper Box က ရေမွှွေးပုလင်းကို ထိရှကွဲအက်တာမျိုး မဖြစ်စေဖို့အတွက် အဆင့်မြင့်မြင့်ထုတ်လုပ်ထားတဲ့ စက္ကူးဘူးနဲ့ ထုပ်ပိုးထားပြီး အလွယ်တကူ ပျက်စီးခြင်းအန္တရာယ်မှ ကာကွယ်ထားပါတယ်။ ရေမွှေးအစစ်တွေရဲ့ စက္ကူဘူးတွေက များသောအားဖြင့် အဖြူရောင်ဖြစ်ပါတယ်။ အဖြူစစ်စစ်မဟုတ်ဘဲအဖြူရောင်သန်းတဲ့ စက္ကူဘူးနဲ့ဆိုရင်တော့ သတိထားပြီး စစ်ဆေးသင့်ပါတယ်။

PaperBoard

အညွှန်းတွေ

ရေမွှေးဘူးအောက်ခြေမှာရှိတဲ့ ရွှေရောင်အဝိုင်းလေးထဲက မြားကိုကြည့်ပြီးလည်း အတုအစစ်ခွဲခြားနိုင်ပါသေးတယ်။ ရွှေရောင်အဝိုင်လေးထဲမှာရှိတဲ့ ညာဘက်ကိုပြနေတဲြ့မှားက ဘယ်ဘက်ကိုပြနေတဲ့မြှားထက် ပိုထူပြီးမည်းနေခဲ့ရင် ရေမွှေးအတုဖြစ်ကြောင်း အလွယ်တကူသိနိုင်ပါတယ်။ ရေမွှေးဝယ်ယူတဲ့အခါမှာ ဝယ်ယူသူအများစုက ထုတ်လုပ်တဲ့ Website မှာရှိတဲ့ Information တွေနဲ့ Packaging မှာရှိတဲ့ Information တွေကို တိုက်ပြီး စစ်ဆေးတာမျိုးမပြုလုပ်တတ်ကြပါဘူး။ဒီလိုမစစ်ဆေးနိုင်ခဲ့ရင် မြှားလေးကိုကြည့်ပြီး အလွယ်တကူခွဲခြားလို့ရပါတယ်။ ဒါက သေးငယ်တဲ့ကွာခြားမှုလေးဖြစ်ပေမယ့်လည်း အတုအစစ်ခွဲခြားရာမှာ အရေးပါတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Labels-and-inscriptions

ပုလင်းဒီဇိုင်း

ရေမွှေးဆိုင်တွေမှာရှိတဲ့ ရေမွှေးတွေကို သေသေချာချာသတိထားကြည့်တဲ့အခါ High-End Designer Perfumes တွေနဲ့ တစ်ပုံစံတည်းတူတဲ့ ရေမွှေးတွေ အမြောက်အမြားကို တွေ့ရှိရတတ်ပါတယ်။ ဒီရေမွှေးတွေက ရုတ်တရက်ဆို အနံ့ကလည်းတစ်ထပ်တည်းကျနေလို့ ခွဲခြားဖို့ မလွယ်ကူပါဘူး။ခွဲခြားဖို့အတွက် ရိုးရှင်းတဲ့လှည့်ကွက်တစ်ခုကတော့ ပုလင်းဒီဇိုင်းကို သေချာစစ်ဆေးကြည့်လို့ရပါတယ်။ အတုနဲ့ အစစ်ကြားမှာ ပုလင်းဒီဇိုင်းတွေက အနည်းငယ် ကွဲပြားခြားနာမှုရှိနေတာမို့ သေချာသတိထားစစ်ဆေးပါ။

Bottle-Design

ရေမွှေးအရောင်

နာမည်ကြီးအမှတ်တံဆိပ်ရေမွှေးတွေရဲ့ အရောင်က များသောအားဖြင့် ဖြူဖပ်ဖြူရော် ဖြစ်နေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ကြီးထုတ်ကုန်တွေက ဆိုးဆေးတွေ သုံးလေ့မရှိဘဲ အရည်အသွေးကောင်းအောင်သာ ထုတ်လုပ်တတ်တာကြောင့်ပဲ ဖြစ်ပါတယ်။ ရေမွှေးတွေထဲမှာရှိတဲ့ ဓာတုအရည်တွေရဲ့ အရောင်ကိုကြည့်ခြင်းကလည်း အတုအစစ်ခွဲခြားတဲ့နေရာမှာ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေထဲက နည်းလမ်းတစ်သွယ်ပဲ ဖြစ်ပါတယ်။

Perfume-Color

ပုလင်းအဖုံး

ရေမွှေးအစစ်ရဲ့ ပုလင်းအဖုံးတွေက များသောအားဖြင့် တစ်ဖက်နဲ့တစ်ဖက် အချိုးညီနေတတ်ပါတယ်။ မူလဖန်တီးမှုမဟုတ်ဘဲ တုပထားတဲ့ ရေမွှေးတွေရဲ့ ပုလင်းအဖုံးတွေက အချိူးမညီတတ်ကြသလို လက်ရာလည်းမသေသပ်တတ်ကြပါဘူး။ ဒါကြောင့်မို့ ပါကင်ဖွင့်ကြည့်လို့ရတဲ့ ရေမွှေးတွေဆိုရင် ပုလင်းအဖုံးကို သေချာစစ်ဆေးပြီး အတုလား အစစ်လားခွဲခြားပြီး ဝယ်ယူနိုင်ပါတယ်။

Bottle-Cap

Serial Number

Serial Number တွေကို ပုလင်းရဲ့အောက်ခြေမှာ ညွှန်းပြထားလေ့ရှိပါတယ်။ ရေမွှေးအစစ်တွေမှာ ပုလင်းအောက်ခြေမှာရှိတဲ့ Serial Number နဲ့ ဘူးခွံမှာရှိတဲ့ Serial Number တွေက တူညီလေ့ရှိပါတယ်။ Serial Number တွေကိုတော့ များသောအားဖြင့် ဘူးခွံအောက်ခြေမှာ တံဆိပ်နှိပ်ထားတဲ့ပုံစံ(သို့) မှင်နှင့်ပုံနှိပ်ထားတဲ့ပုံစံမျိုးအနေနဲ့ တွေ့ရတတ်ပါတယ်။ ရေမွှေးအစစ်ကိုပိုင်ဆိုင်ဖို့အတွက် Serial Number ကိုလည်း စစ်ဆေးကြည့်သင့်ပါတယ်။

Serial-Number

ပုလင်း

ရေမွှေးအစစ်တွေရဲ့ပုလင်းတွေက အရည်အသွေးမြင့်တဲ့ ပုလင်းတွေဖြစ်ပြီး ချောမွေ့ကောင်းမွန်တဲ့ မျက်နှာပြင်ရှိပါတယ်။ရေမွှေးအတုတွေရဲ့ပုလင်းတွေက ကြမ်းတမ်းပြီး မျက်နှာပြင်ကလည်း အထစ်ထစ်လေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီအချက်ကလည်း အရမ်းသိသာထင်ရှားတဲ့ကွဲပြားမှု မဟုတ်ပေမယ့် အတုုအစစ်ခွဲတဲ့နေရာမှာတော့ အသုံးဝင်တဲ့အချက်တစ်ခု ဖြစ်ပါတယ်။

Bottle

ရေမွှေး Crazy သမားတွေအနေနဲ့ အတုအစစ်မကွဲပြားတဲ့ ရေမွှေးတွေကို ဒီနည်းလမ်းတွေအတိုင်း စစ်ဆေးပြီး မှန်ကန်ကောင်းမွန်တဲ့ ပစ္စည်းအစစ်အမှန်တွေကို ရွေးချယ်ဝယ်ယူနိုင်ပြီလို့ ထင်ပါတယ်။ ဈေးကြီးကြီးနဲ့ပေးဝယ်ရပြီး ဂျင်းမမိရလေအောင် ရေမွှေးချစ်သူတွေကိုလည်း ဒီနည်းလမ်းလေးတွေကို ပြန်မျှဝေလိုက်ပါဦးနော်။

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။