[Zawgyi]

က်န္းမာလွပတဲ့ ကိုယ္ခႏၶာကို အပင္ပန္းသိပ္မခံပဲ ဘယ္လိုယူလို႔ရမလဲ

မိန္းကေလးေတြကေတာ့ တစ္ေန႔တစ္ေန႔ ပိန္ခ်င္တယ္၊ ပိန္ခ်င္လိုက္တာလို႔ ထိုင္ေအာ္ေနၾကတာခ်ည္းပါပဲ။ တကယ္တမ္းလက္ေတြ႕မွာေတာ့ ကိုယ္ခႏၶာကို က်စ္လွစ္လွပေစတဲ့ ေလ့က်င့္ခန္းမေျပာနဲ႔ အေနအထုိင္အစားအေသာက္ ဆင္ျခင္ဖို႔ေတာင္ ပ်င္းေနၾကတယ္။ ဟုတ္တယ္ဟုတ္။ ဒါေပမယ့္ အမ်ားႀကီးလည္း အားစိုက္ထုတ္ၿပီး အစာငတ္ခံ Diet လုပ္စရာမလိုဘူး။ ကိုယ့္ရဲ႕ ပံုမွန္ေန႔စဥ္စားေသာက္သြားလာေနထိုင္မႈေတြထဲကေန နည္းနည္းေလး ဂရုစိုက္ေပးေနရံုနဲ႔ ကိုယ္အေလးခ်ိန္ကို ဒီထက္ထပ္မတက္လာေအာင္၊ နည္းနည္းခ်င္းဆီ ပိန္က်သြားေအာင္ လုပ္လို႔ရတယ္ဆိုရင္ေရာ။ ဒါဆို အတူတူလုပ္ၾကည့္ၾကရေအာင္ေနာ္။

သေရစာေတြစားမယ့္အစား အသားပိုစားလိုက္ပါ

အာဟာရလည္းမရွိ၊ က်န္းမာေရးအတြက္လည္း အက်ိဳးမေပး၊ အလကားေနရင္း ၀ၿဖိဳးလာေစတဲ့ ဒီသေရစာေတြကို မိန္းကေလးေတြ ခုထိ မမုန္းႏုိင္ေသးတာ အံ့ၾသစရာပါေနာ္။ ေန႔တိုင္း Heavy စားမယ္ဆိုရင္ေတာင္ အသားေတြ၊ ငါးေတြနဲ႔ အရသာရွိရွိစားမယ့္အစား ဘာမဟုတ္တဲ့ ဆီေၾကာ္ေတြ၊ ဒိုးနတ္ေတြ၊ သၾကားလံုးခ်ိဳခ်ဥ္ေတြနဲ႔ အာလူးေၾကာ္ေတြကိုပဲ ဗိုက္အေလးခံၿပီးစားေနၾကတဲ့ ကၽြန္မတို႔တစ္ေတြရဲ႕ အက်င့္ကို အရင္ဆံုးျပင္ရေအာင္။ ဒီလို သေရစာေတြစားမယ့္အစား စားခ်င္စိတ္ရွိလာရင္ Steak ေတြ၊ အသားေပါင္းေတြနဲ႔ အရသာရွိတဲ့ အသားငါးေတြကို အားရပါးရစားလိုက္ၾကတာ ပိုေကာင္းပါတယ္။

Active ျဖစ္ေနပါေစ

ဒီဘက္ေခတ္မွာေလ Online ေပၚမွာ Active ျဖစ္ေနတာမ်ိဳးမဟုတ္ဘဲနဲ႔ အျပင္ေန႔စဥ္ဘ၀မွာလည္း Active ျဖစ္ေနဖို႔ လိုအပ္ပါတယ္ေနာ္။ ဘယ္ေလာက္ပဲအလုပ္ရွဳပ္ရွဳပ္ Digital Device ေတြေရွ႕က ထၿပီး လမ္းေလွ်ာက္ပါ။ ေလွကားတက္ပါ။ အိမ္သာသြားပါ။ ေလ့က်င့္ခန္းႀကီးကို အခ်ိန္ေပးၿပီးလုပ္ဖို႔ မလိုအပ္ပါဘူး။ Gym ပံုမွန္မသြားႏုိင္လည္း ကိစၥမရွိပါဘူး။ ရံုးသြားရင္းနဲ႔ပဲျဖစ္ျဖစ္၊ အလုပ္လုပ္ေနရင္းနဲ႔ပဲျဖစ္ျဖစ္ မၾကာခဏ ထၿပီး ေလွကားတက္ဆင္းလုပ္ေပးပါ။ အသြားအျပန္ခရီးေတြမွာ တက္ႏုိင္သေလာက္ လမ္းေလွ်ာက္ေပးပါ။ ဆီးခ်ဳပ္၀မ္းခ်ဳပ္ျဖစ္တာ ေကာင္းတဲ့လကၡဏာမဟုတ္ပါဘူး။ အိမ္သာသြားရမွာမပ်င္းပါနဲ႔။

အခ်ိဳေနရာမွ အခ်ဥ္ကို အစားထိုးပါ

ႏို႔ေခ်ာကလက္ေတြ၊ သၾကားလံုးခ်ိဳခ်ဥ္ေတြ၊ ခ်ိဳရဲေနတဲ့အေအးေတြ၊ ခ်ိဳျမေနတဲ့အသီးေတြ ဒါေတြကို စြဲလမ္းေနတုန္းပဲလား။ ႏို႔ေခ်ာကလက္ေတြအစား ေခ်ာကလက္အခါးကို ေျပာင္းစားလိုက္ပါ။ သၾကားလံုးခ်ိဳခ်ဥ္ေတြကို လက္လႊတ္လိုက္ပါ။ ခ်ိဳရဲေနတဲ့အေအးေတြအစား သဘာ၀လက္လက္ဆတ္ဆတ္ေဖ်ာ္ထားတဲ့ သစ္သီးေဖ်ာ္ရည္ကို ေရြးေသာက္ပါ။ ခ်ိဳျမေနတဲ့အသီးေတြအစား ဗီတာမင္ စီဓာတ္ပါတဲ့ အသီးခ်ဥ္ခ်ဥ္ေလးေတြကို ေရြးခ်ယ္ပါ။ စားတာက ပံုမွန္စားပါ။ ဒါေပမယ့္ ေရြးခ်ယ္မႈကို မသိမသာေလး ေျပာင္းလဲလိုက္ရံုပါေနာ္။

လံုး၀အစာငတ္မခံပါနဲ႔

ေသခ်ာတာေပါ့။ အစာငတ္ခံၿပီး Diet လုပ္ေနသေရြ႕ စိတ္မခိုင္တဲ့ ကၽြန္မလိုမိန္းကေလးေတြအဖို႔ ႏွစ္ဆတိုးၿပီး ပိုစားေနမိဦးမွာပါပဲ။ လံုး၀ လံုး၀ အစာငတ္မခံပါနဲ႔။ သစ္သီးေတြခ်ည္းပဲ လိွမ့္စားေနစရာမလိုပါဘူး။ ပံုမွန္စားပါ။ မနက္စာကို ရွင္ဘုရင္လိုစားပါ။ ေန႔လည္စာကို သာမာန္လူလုိစားပါ။ ညစာကို သူဖုန္းစားလိုစားပါ။ ဟုတ္ပါတယ္။ စားတာကေတာ့ စားေနပါ။ မရပ္လိုက္ပါနဲ႔။ ဗိုက္အဆာမခံပါနဲ႔။ ဒါေပမယ့္ ပမာဏနည္းနည္းခ်င္းဆီ ခဏခဏစားပါ။ မွတ္ထားရမွာတစ္ခုကေတာ့ အစားမစားပဲေနတာက ကၽြန္မတို႔ကို တကယ္ပိန္သြားေစတဲ့နည္းလမ္းမဟုတ္ဘူးဆိုတာပါပဲ။

အစားမစားပဲမေနႏုိင္ဘူးဆိုတဲ့ ေကာင္မေလးေတြအတြက္ အထိေရာက္ဆံုးနည္းလမ္းေတြပါေနာ္။ စားေနရင္းနဲ႔ပဲ ကိုယ္စားတဲ့အစားအစာေတြထဲက ပံုစံနဲ႔ ေရြးခ်ယ္မႈေလးေတြကို ျဖည္းျဖည္းခ်င္းဆီ ေျပာင္းလဲသြားလိုက္ပါ။ ခ်က္ခ်င္းႀကီး ပိန္သြားဖို႔ မေမွ်ာ္လင့္ပါနဲ႔။ ခ်က္ခ်င္းႀကီးပိန္သြားေစတဲ့နည္းလမ္းေတြက ဆိုးက်ိဳးမ်ားပါတယ္။ တျဖည္းျဖည္းခ်င္းဆီ ကိုယ္ရည္စစ္သြားၿပီး က်န္းမာလွပတဲ့ကိုယ္ခႏၶာကို ပိုင္ဆုိင္ႏိုင္ဖို႔အတြက္ကေတာ့ သိပ္မခက္ခဲပါဘူး။

Moethaesay (Akhayar)

[Unicode]

ကျန်းမာလှပတဲ့ ကိုယ်ခန္ဓာကို အပင်ပန်းသိပ်မခံပဲ ဘယ်လိုယူလို့ရမလဲ

မိန်းကလေးတွေကတော့ တစ်နေ့တစ်နေ့ ပိန်ချင်တယ်၊ ပိန်ချင်လိုက်တာလို့ ထိုင်အော်နေကြတာချည်းပါပဲ။ တကယ်တမ်းလက်တွေ့မှာတော့ ကိုယ်ခန္ဓာကို ကျစ်လှစ်လှပစေတဲ့ လေ့ကျင့်ခန်းမပြောနဲ့ အနေအထိုင်အစားအသောက် ဆင်ခြင်ဖို့တောင် ပျင်းနေကြတယ်။ ဟုတ်တယ်ဟုတ်။ ဒါပေမယ့် အများကြီးလည်း အားစိုက်ထုတ်ပြီး အစာငတ်ခံ Diet လုပ်စရာမလိုဘူး။ ကိုယ့်ရဲ့ ပုံမှန်နေ့စဉ်စားသောက်သွားလာနေထိုင်မှုတွေထဲကနေ နည်းနည်းလေး ဂရုစိုက်ပေးနေရုံနဲ့ ကိုယ်အလေးချိန်ကို ဒီထက်ထပ်မတက်လာအောင်၊ နည်းနည်းချင်းဆီ ပိန်ကျသွားအောင် လုပ်လို့ရတယ်ဆိုရင်ရော။ ဒါဆို အတူတူလုပ်ကြည့်ကြရအောင်နော်။

သရေစာတွေစားမယ့်အစား အသားပိုစားလိုက်ပါ

အာဟာရလည်းမရှိ၊ ကျန်းမာရေးအတွက်လည်း အကျိုးမပေး၊ အလကားနေရင်း ဝဖြိုးလာစေတဲ့ ဒီသရေစာတွေကို မိန်းကလေးတွေ ခုထိ မမုန်းနိုင်သေးတာ အံ့သြစရာပါနော်။ နေ့တိုင်း Heavy စားမယ်ဆိုရင်တောင် အသားတွေ၊ ငါးတွေနဲ့ အရသာရှိရှိစားမယ့်အစား ဘာမဟုတ်တဲ့ ဆီကြော်တွေ၊ ဒိုးနတ်တွေ၊ သကြားလုံးချိုချဉ်တွေနဲ့ အာလူးကြော်တွေကိုပဲ ဗိုက်အလေးခံပြီးစားနေကြတဲ့ ကျွန်မတို့တစ်တွေရဲ့ အကျင့်ကို အရင်ဆုံးပြင်ရအောင်။ ဒီလို သရေစာတွေစားမယ့်အစား စားချင်စိတ်ရှိလာရင် Steak တွေ၊ အသားပေါင်းတွေနဲ့ အရသာရှိတဲ့ အသားငါးတွေကို အားရပါးရစားလိုက်ကြတာ ပိုကောင်းပါတယ်။

Active ဖြစ်နေပါစေ

ဒီဘက်ခေတ်မှာလေ Online ပေါ်မှာ Active ဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ အပြင်နေ့စဉ်ဘဝမှာလည်း Active ဖြစ်နေဖို့ လိုအပ်ပါတယ်နော်။ ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ် Digital Device တွေရှေ့က ထပြီး လမ်းလျှောက်ပါ။ လှေကားတက်ပါ။ အိမ်သာသွားပါ။ လေ့ကျင့်ခန်းကြီးကို အချိန်ပေးပြီးလုပ်ဖို့ မလိုအပ်ပါဘူး။ Gym ပုံမှန်မသွားနိုင်လည်း ကိစ္စမရှိပါဘူး။ ရုံးသွားရင်းနဲ့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်းနဲ့ပဲဖြစ်ဖြစ် မကြာခဏ ထပြီး လှေကားတက်ဆင်းလုပ်ပေးပါ။ အသွားအပြန်ခရီးတွေမှာ တက်နိုင်သလောက် လမ်းလျှောက်ပေးပါ။ ဆီးချုပ်ဝမ်းချုပ်ဖြစ်တာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ အိမ်သာသွားရမှာမပျင်းပါနဲ့။

အချိုနေရာမှ အချဉ်ကို အစားထိုးပါ

နို့ချောကလက်တွေ၊ သကြားလုံးချိုချဉ်တွေ၊ ချိုရဲနေတဲ့အအေးတွေ၊ ချိုမြနေတဲ့အသီးတွေ ဒါတွေကို စွဲလမ်းနေတုန်းပဲလား။ နို့ချောကလက်တွေအစား ချောကလက်အခါးကို ပြောင်းစားလိုက်ပါ။ သကြားလုံးချိုချဉ်တွေကို လက်လွှတ်လိုက်ပါ။ ချိုရဲနေတဲ့အအေးတွေအစား သဘာဝလက်လက်ဆတ်ဆတ်ဖျော်ထားတဲ့ သစ်သီးဖျော်ရည်ကို ရွေးသောက်ပါ။ ချိုမြနေတဲ့အသီးတွေအစား ဗီတာမင် စီဓာတ်ပါတဲ့ အသီးချဉ်ချဉ်လေးတွေကို ရွေးချယ်ပါ။ စားတာက ပုံမှန်စားပါ။ ဒါပေမယ့် ရွေးချယ်မှုကို မသိမသာလေး ပြောင်းလဲလိုက်ရုံပါနော်။

လုံးဝအစာငတ်မခံပါနဲ့

သေချာတာပေါ့။ အစာငတ်ခံပြီး Diet လုပ်နေသရွေ့ စိတ်မခိုင်တဲ့ ကျွန်မလိုမိန်းကလေးတွေအဖို့ နှစ်ဆတိုးပြီး ပိုစားနေမိဦးမှာပါပဲ။ လုံး၀ လုံး၀ အစာငတ်မခံပါနဲ့။ သစ်သီးတွေချည်းပဲ လှိမ့်စားနေစရာမလိုပါဘူး။ ပုံမှန်စားပါ။ မနက်စာကို ရှင်ဘုရင်လိုစားပါ။ နေ့လည်စာကို သာမာန်လူလိုစားပါ။ ညစာကို သူဖုန်းစားလိုစားပါ။ ဟုတ်ပါတယ်။ စားတာကတော့ စားနေပါ။ မရပ်လိုက်ပါနဲ့။ ဗိုက်အဆာမခံပါနဲ့။ ဒါပေမယ့် ပမာဏနည်းနည်းချင်းဆီ ခဏခဏစားပါ။ မှတ်ထားရမှာတစ်ခုကတော့ အစားမစားပဲနေတာက ကျွန်မတို့ကို တကယ်ပိန်သွားစေတဲ့နည်းလမ်းမဟုတ်ဘူးဆိုတာပါပဲ။

အစားမစားပဲမနေနိုင်ဘူးဆိုတဲ့ ကောင်မလေးတွေအတွက် အထိရောက်ဆုံးနည်းလမ်းတွေပါနော်။ စားနေရင်းနဲ့ပဲ ကိုယ်စားတဲ့အစားအစာတွေထဲက ပုံစံနဲ့ ရွေးချယ်မှုလေးတွေကို ဖြည်းဖြည်းချင်းဆီ ပြောင်းလဲသွားလိုက်ပါ။ ချက်ချင်းကြီး ပိန်သွားဖို့ မမျှော်လင့်ပါနဲ့။ ချက်ချင်းကြီးပိန်သွားစေတဲ့နည်းလမ်းတွေက ဆိုးကျိုးများပါတယ်။ တဖြည်းဖြည်းချင်းဆီ ကိုယ်ရည်စစ်သွားပြီး ကျန်းမာလှပတဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင်ဖို့အတွက်ကတော့ သိပ်မခက်ခဲပါဘူး။

Moethaesay (Akhayar)