[Zawgyi]

ဒဏ္ရာကုိ ခြဲစိတ္ ကုသမႈ ခံယူဖို႔ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တဲ့ မာရာဒိုနာ

အာဂ်င္တီးနားအသင္းရဲ႕ ဂႏၳဝင္ တိုက္စစ္မွဴး မာရာဒိုနာ Maradona ဟာ သူ႔ရဲ႕ ဒူးဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူသြားဖို႔ ရွိေနပါတယ္။ လြန္ခဲ့တဲ့ (၄)လေလာက္က စတင္ၿပီး နာက်င္မႈဒဏ္ကို ခံစားေနရတဲ့ ဘယ္ဘက္ဒူးဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူသင့္၊ မသင့္ကို ကိုလံဘီယာႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ကာလီၿမိဳ႕မွာရွိတဲ့ ေဆးရံုမွာ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ (၁၇)ႏွစ္က မာရာဒိုနာ Maradona ရဲ႕ ဒူးဒဏ္ရာကို ခြဲစိတ္ကုသေပးခဲ့တဲ့ ဂ်ာမန္ဆရာဝန္ အိုခ်ဴအာ Ochoa ပဲ ယခုဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ လာမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ေဘာလံုးေဝဖန္သူအျဖစ္ ေဆာင္ရြက္ဖို႔ ကတိေပးၿပီးမွ မာရာဒိုနာ Maradona ဟာ ဘယ္ဘက္ဒူးဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Diego-Maradona-is-currently-receiving-treatment-from-a-doctor-in-Colombia

Diego-Maradona-is-currently-receiving-treatment-from-a-doctor-in-Colombia

အာဂ်င္တီးနား ျပည္တြင္း မီဒီယာတစ္ခုကေတာ့ မာရာဒိုနာ Maradona ရဲ႕ ဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္ေနတဲ့ (၆)ရက္ကေန (၈)ရက္အတြင္း ဒဏ္ရာရလဒ္ကို သိရဖို႔ ေဆးရံုမွာ ေနထိုင္သြားရမွာျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ မာရာဒိုနာ Maradona ဟာ လက္ရွိအခ်ိန္မွာ ဘီလာရုစ္ကလပ္ ဒိုင္နမိုဘရက္စ္အသင္းရဲ႕ ဥကၠဌအျဖစ္ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ လာမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အီတလီရုပ္သံတစ္ခုမွာ ေဘာလံုးေဝဖန္သူအျဖစ္ ေဆာင္ရြက္သြားဖို႔ ရွိေနသလို ဗင္နီဇြဲလား ရုပ္သံလိုင္းတစ္ခုျဖစ္တဲ့ TeleSur ရုပ္သံကေန သူ႔ရဲ႕ ကိုယ္ပိုင္ ရုပ္သံအစီအစဥ္တစ္ခုျဖစ္တဲ့ “From the 10’s Hand” အစီအစဥ္ကေန တင္ဆက္မႈေတြ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူဖို့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ မာရာဒိုနာ

အာဂျင်တီးနားအသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူး မာရာဒိုနာ Maradona ဟာ သူ့ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူသွားဖို့ ရှိနေပါတယ်။ လွန်ခဲ့တဲ့ (၄)လ လောက်ကစတင်ပြီး နာကျင်မှုဒဏ်ကို ခံစားနေရတဲ့ ဘယ်ဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူသင့်၊ မသင့်ကို ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ကာလီမြို့မှာရှိတဲ့ ဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၇)နှစ်က မာရာဒိုနာ Maradona ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသပေးခဲ့တဲ့ ဂျာမန်ဆရာဝန် အိုချူအာ Ochoa ပဲ ယခုဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်ဖို့ ကတိပေးပြီးမှ မာရာဒိုနာ Maradona ဟာ ဘယ်ဘက်ဒူးဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Diego-Maradona-is-currently-receiving-treatment-from-a-doctor-in-Colombia

Diego-Maradona-is-currently-receiving-treatment-from-a-doctor-in-Colombia

အာဂျင်တီးနား ပြည်တွင်း မီဒီယာတစ်ခုကတော့ မာရာဒိုနာ Maradona ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ (၆)ရက်ကနေ (၈)ရက်အတွင်း ဒဏ်ရာရလဒ်ကို သိရဖို့ ဆေးရုံမှာ နေထိုင်သွားရမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ မာရာဒိုနာ Maradona ဟာ လက်ရှိအချိန်မှာ ဘီလာရုစ်ကလပ် ဒိုင်နမိုဘရက်စ်အသင်းရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီရုပ်သံတစ်ခုမှာ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်သွားဖို့ ရှိနေသလို ဗင်နီဇွဲလား ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ TeleSur ရုပ်သံကနေ သူ့ရဲ့ ကိုယ်ပိုင် ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ “From the 10’s Hand” အစီအစဉ်ကနေ တင်ဆက်မှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com