This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာဂ်င္တီးနား-ႏုိက္ဂ်ီးရီးယား ပထမပုိင္းအၿပီးမွာ ေဆးကုသမႈခံယူခဲ့ရတဲ့ မာရာဒုိနာ Maradona

အာဂ်င္တီးနားဂႏၳ၀င္ကစားသမားႀကီး မာရာဒုိနာ Maradona ဟာ အာဂ်င္တီးနားနဲ႔ႏုိက္ဂ်ီးရီးယားတို႔ကစားခဲ့တဲ့ပဲြ ပထမပုိင္းအၿပီးမွာ က်န္းမာေရးအေျခအေနေၾကာင့္ ေဆးကုသမႈခံယူခဲ့ရပါတယ္။ မာရာဒုိနာဟာ လည္ပင္းမွာ အလြန္အမင္းနာက်င္ေနတာေၾကာင့္ ပထမပုိင္းအၿပီး VIP ခန္းထဲမွာ ေဆးကုသမႈခံယူခဲ့ရတာျဖစ္ၿပီး သူ႔အေျခအေနက ျပန္လည္ေကာင္းမြန္ခဲ့တာေၾကာင့္ ဒုတိယပုိင္းကုိ ဆက္လက္အားေပးခဲ့တယ္။ မာရာဒုိနာကုိ ဆရာ၀န္က အိမ္ျပန္အနားယူဖို႔ တိုက္တြန္းခဲ့ေပမယ့္ သူက အာဂ်င္တီးနားအသငး္ကုိ ဆက္ၿပီးအားေပးဖုိ႔အတြက္ ျငင္းဆန္ခဲ့တာပါ။

A-picture-showed-two-medical-members-of-medical-staff-seemingly-assisting-Maradona

A-picture-showed-two-medical-members-of-medical-staff-seemingly-assisting-Maradona

အာဂ်င္တီးနားအသင္းဟာ ပထမပုိင္းမွာ မက္ဆီ Messi ရဲ႕ဂုိးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ႏုိက္ဂ်ီးရီးယားကြင္းလယ္လူ မီေခးလ္ Mikel က ပယ္နယ္တီကေန ေခ်ပဂုိးျပန္သြင္းခဲ့တယ္။ အာဂ်င္တီးနားအသင္း ေနာက္တစ္ဆင့္တက္ဖုိ႔ လုိအပ္ေနတဲ့အႏုိင္ဂုိးကုိ (၈၆)မိနစ္မွာ ေနာက္ခံလူ ႐ုိဟုိ Rojo က ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ အဲဒီပဲြအၿပီးမွာ မာရာဒုိနာက”ကၽြန္ေတာ့္ က်န္းမာေရးအေျခအေန ေကာင္းမြန္ေနၿပီဆုိတာ လူတိုင္းသိေအာင္ ေျပာခ်င္ပါတယ္။ ဆရာ၀န္က ကၽြန္ေတာ့္ကုိ စမ္းသပ္စစ္ေဆးၿပီး ဒုတိယပုိင္းမစခင္ အိမ္မွာ ျပန္အနားယူဖုိ႔ တိုက္တြန္းခဲ့တယ္။ ဒါေပမဲ့ အာဂ်င္တီးနားအသင္းအတြက္ အေရးႀကီးတဲ့ပဲြျဖစ္တာေၾကာင့္ ကၽြန္ေတာ္ ဆက္ၾကည့္ခဲ့တာပါ။ ဒီလုိပဲြမ်ိဳးကုိ ဘယ္လုိလုပ္ၿပီး လက္လြတ္ခံလုိ႔ရမွာလဲ”လုိ႔ သူရဲ႕ Instagram မွာ ေရးသားခဲ့ပါတယ္။

REF:BBC
Photo:Sporting News,Maradona Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာဂျင်တီးနား-နိုက်ဂျီးရီးယား ပထမပိုင်းအပြီးမှာ ဆေးကုသမှုခံယူခဲ့ရတဲ့ မာရာဒိုနာ Maradona

အာဂျင်တီးနားဂန္ထဝင်ကစားသမားကြီး မာရာဒိုနာ Maradona ဟာ အာဂျင်တီးနားနဲ့နိုက်ဂျီးရီးယားတို့ကစားခဲ့တဲ့ပွဲ ပထမပိုင်းအပြီးမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူခဲ့ရပါတယ်။ မာရာဒိုနာဟာ လည်ပင်းမှာ အလွန်အမင်းနာကျင်နေတာကြောင့် ပထမပိုင်းအပြီး VIP ခန်းထဲမှာ ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပြီး သူ့အခြေအနေက ပြန်လည်ကောင်းမွန်ခဲ့တာကြောင့် ဒုတိယပိုင်းကို ဆက်လက်အားပေးခဲ့တယ်။ မာရာဒိုနာကို ဆရာဝန်က အိမ်ပြန်အနားယူဖို့ တိုက်တွန်းခဲ့ပေမယ့် သူက အာဂျင်တီးနားအသင်းကို ဆက်ပြီးအားပေးဖို့အတွက် ငြင်းဆန်ခဲ့တာပါ။

A-picture-showed-two-medical-members-of-medical-staff-seemingly-assisting-Maradona

A-picture-showed-two-medical-members-of-medical-staff-seemingly-assisting-Maradona

အာဂျင်တီးနားအသင်းဟာ ပထမပိုင်းမှာ မက်ဆီ Messi ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နိုက်ဂျီးရီးယားကွင်းလယ်လူ မီခေးလ် Mikel က ပယ်နယ်တီကနေ ချေပဂိုးပြန်သွင်းခဲ့တယ်။ အာဂျင်တီးနားအသင်း နောက်တစ်ဆင့်တက်ဖို့ လိုအပ်နေတဲ့အနိုင်ဂိုးကို (၈၆)မိနစ်မှာ နောက်ခံလူ ရိုဟို Rojo က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲအပြီးမှာ မာရာဒိုနာက”ကျွန်တော့် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဆိုတာ လူတိုင်းသိအောင် ပြောချင်ပါတယ်။ ဆရာဝန်က ကျွန်တော့်ကို စမ်းသပ်စစ်ဆေးပြီး ဒုတိယပိုင်းမစခင် အိမ်မှာ ပြန်အနားယူဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ အာဂျင်တီးနားအသင်းအတွက် အရေးကြီးတဲ့ပွဲဖြစ်တာကြောင့် ကျွန်တော် ဆက်ကြည့်ခဲ့တာပါ။ ဒီလိုပွဲမျိုးကို ဘယ်လိုလုပ်ပြီး လက်လွတ်ခံလို့ရမှာလဲ”လို့ သူရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။

REF:BBC
Photo:Sporting News,Maradona Twitter
Naing Linn(Akhayar)
www.akhayar.com