[Zawgyi]

အက္သလက္တီကိုနဲ႔ စာခ်ဳပ္သက္တမ္းတိုးျမွင့္ခဲ့တဲ့ ဂိုဒင္ Godin

ဥရုေဂြးအသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ဂိုဒင္ Godin ဟာ အက္သလက္တီကုိအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးျမွင့္ခဲ့ပါတယ္။ ဂိုဒင္ Godin ဟာ အက္သလက္တီကိုအသင္းနဲ႔ (၂)ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္ မန္ယူအသင္းက အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ ဂိုဒင္ Godin ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ (၁၈)သန္းနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တဲ့ေနာက္ အက္သလက္တီကိုအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးျမွင့္ခဲ့တာပါ။ ၂၀၁၉ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ အဓိကေနာက္ခံလူ ဂိုဒင္ Godin ကို စာခ်ဳပ္သက္တမ္းတိုးျမွင့္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အက္သလက္တီကိုအသင္းက တရားဝင္ေၾကညာခဲ့ပါတယ္။

The-defenders-contract-will-take-him-up-until-the-summer-of-2021-The-defenders-contract-will-take-him-up-until-the-summer-of-2021

The-defenders-contract-will-take-him-up-until-the-summer-of-2021-The-defenders-contract-will-take-him-up-until-the-summer-of-2021

စာခ်ဳပ္သက္တမ္းတိုးျမွင့္ခဲ့တဲ့အတြက္ ဂိုဒင္ Godin ဟာ တစ္ႏွစ္လုပ္ခ ေပါင္ (၆.၇၄)သန္းအထိ တိုးျမွင့္ရရွိမွာျဖစ္ပါတယ္။ စပိန္ျပည္ပ ကစားသမားေတြထဲမွာ အက္သလက္တီကိုအသင္းအတြက္ ပြဲအမ်ားဆံုး ကစားထားတဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားတဲ့ ဂိုဒင္ Godin ဟာ အသင္းအတြက္ ကစားခဲ့တဲ့ (၈)ႏွစ္တာကာလအတြင္း ပြဲေပါင္း (၃၅၀)ေက်ာ္ ကစားေပးခဲ့ပါတယ္။ ထြက္ေပၚခဲ့တဲ့သတင္းေတြအရ ဂိုဒင္ Godin ရဲ႕ ေအးဂ်င့္က မန္ယူအသင္းကို ေျပာငး္ေရႊ႕ဖို႔ တိုက္တြန္းခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အက္သလက္တီကိုမွာ ဆက္ေနဖို႔ ဆႏၵရွိခဲ့တာေၾကာင့္ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ မန္ယူအသင္းက ဂိုဒင္ Godin ကို တစ္ႏွစ္လုပ္ခ ေပါင္ (၇)သန္းအထိေပးၿပီး ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က ျငင္းဆန္ခဲ့တာပါ။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အက်သလက်တီကိုနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ ဂိုဒင် Godin

ဥရုဂွေးအသင်းရဲ့ ဝါရင့်နောက်ခံလူ ဂိုဒင် Godin ဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။ ဂိုဒင် Godin ဟာ အက်သလက်တီကိုအသင်းနဲ့ (၂)နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂိုဒင် Godin ရဲ့ စာချုပ်လျော်ကြေး ပေါင် (၁၈)သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တဲ့နောက် အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အဓိကနောက်ခံလူ ဂိုဒင် Godin ကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်း အက်သလက်တီကိုအသင်းက တရားဝင်ကြေညာခဲ့ပါတယ်။

The-defenders-contract-will-take-him-up-until-the-summer-of-2021-The-defenders-contract-will-take-him-up-until-the-summer-of-2021

The-defenders-contract-will-take-him-up-until-the-summer-of-2021-The-defenders-contract-will-take-him-up-until-the-summer-of-2021

စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့အတွက် ဂိုဒင် Godin ဟာ တစ်နှစ်လုပ်ခ ပေါင် (၆.၇၄)သန်းအထိ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ စပိန်ပြည်ပ ကစားသမားတွေထဲမှာ အက်သလက်တီကိုအသင်းအတွက် ပွဲအများဆုံး ကစားထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂိုဒင် Godin ဟာ အသင်းအတွက် ကစားခဲ့တဲ့ (၈)နှစ်တာကာလအတွင်း ပွဲပေါင်း (၃၅၀)ကျော် ကစားပေးခဲ့ပါတယ်။ ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ဂိုဒင် Godin ရဲ့ အေးဂျင့်က မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အက်သလက်တီကိုမှာ ဆက်နေဖို့ ဆန္ဒရှိခဲ့တာကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက ဂိုဒင် Godin ကို တစ်နှစ်လုပ်ခ ပေါင် (၇)သန်းအထိပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ငြင်းဆန်ခဲ့တာပါ။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com