[Zawgyi]

Ballon d’Or ဆုကုိ ျပင္သစ္ကစားသမားတစ္ဦးဦး ဆြတ္ခူးႏုိင္ဖုိ႔ ေမွ်ာ္လင့္ေနတဲ့ ဒက္စ္ခ်မ့္ Deschamps

၂၀၁၈ ကမၻာ႔ဖလားခ်န္ပီယံျပင္သစ္အသငး္နည္းျပ ဒက္စ္ခ်မ့္ Deschamps က အခုႏွစ္ Ballon d’Or ဆုကုိ ကမၻာ႔ဖလားခ်န္ပီယံျပင္သစ္အသင္းက ကစားသမားတစ္ဦးဦး ဆြတ္ခူးႏုိင္ဖုိ႔ ေမွ်ာ္လင့္တယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့ပါတယ္။ ၂၀၁၈ Ballon d’Or ဆုဟာ အရင္ႏွစ္ေတြကထက္စာရင္ အခုႏွစ္မွာ ဘယ္ကစားသမားရမလဲဆိုတာ ၿပိဳင္ဆုိင္မႈပုိျပင္းထန္ေနၿပီး ၿပီးခဲ့တဲ့(၁၀)ႏွစ္အတြင္း ဒီဆု အျပန္အလွန္ရယူခဲ့ၾကတဲ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ မက္ဆီ Messi တို႔ စုိးမုိးေနမႈကုိ ဘယ္သူအဆုံးသတ္မလဲဆုိတာ ပရိသတ္ေတြ စိတ္၀င္စားေနၾကတယ္။ လက္ရွိအခ်ိန္မွာ FIFA The Best ဆုနဲ႔ ဥေရာပအေကာင္းဆုံးေဘာလုံးသမားဆု ပုိင္ရွင္ မုိဒရစ္ Modric (ခ႐ုိေအးရွား) အပါအ၀င္ ဘာေပ Mbappe ၊ ဂရစ္ဇ္မန္း Griezmann ၊ ေပ့ါဘာ Pogba ၊ ကြန္ေတ Kante (အားလုံးျပင္သစ္)တို႔လည္း ေရပန္းစားေနတယ္။

2018-FIFA-World-Cup-Champion-France1

2018-FIFA-World-Cup-Champion-France1

ျပင္သစ္ကစားသမားထဲမွာ Ballon d’Or ဆု ဆြတ္ခူးခဲ့ဖူးတဲ့သူက (၄)ဦးသာရွိၿပီး အဲဒီဆုကုိ ေနာက္ဆုံးဆြတ္ခူးခဲ့တဲ့ ျပင္သစ္ကစားသမားက ဂႏၳ၀င္ကြင္းလယ္လူ ဇီဒန္း Zidane (၁၉၉၈)ျဖစ္ပါတယ္။ ဇီဒန္းေနာက္ပုိင္း Ballon d’Or ဆုကုိ ျပင္သစ္ကစားသမားထဲက တစ္ဦးမွ ဆြတ္ခူးႏုိင္ျခငး္မရွိေတာ့ဘဲ ဆယ္စုႏွစ္တစ္ခုၾကာျမင့္ေနပါၿပီ။

Zidane-with-Ballon-dOr

Zidane-with-Ballon-dOr

ဒက္စ္ခ်မ့္က “ျပင္သစ္ကစားသမားတစ္ဦးဦး Ballon d’Or ဆုကုိ ဆြတ္ခူးႏုိင္ဖုိ႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ တကယ္လုိ႔ အဲဒီလုိျဖစ္ခဲ့ရင္ ျပင္သစ္ေဘာလုံးေလာကအတြက္ ေနာက္ထပ္ဂုဏ္ယူစရာ မွတ္တမ္းတစ္ခုျဖစ္လာမွာပါ။ ျပင္သစ္အသင္းက ကစားသမားေတြရဲ႕ ၂၀၁၈ ကမၻာ႔ဖလားမွာ ျပသခဲ့တဲ့ ေျခစြမ္း၊ ခ်န္ပီယံဆုဖလားရရွိခဲ့မႈအရ ဒီဆုဟာ ျပင္သစ္ကစားသမားေတြအတြက္ ထုိက္တန္တယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

Ballon d’Or ဆု ရရွိခဲ့တဲ့ ျပင္သစ္ကစားသမားမ်ား

Michel Platini – 3 (1983, 1984, 1985)
Raymond Kopa – 1 (1958)
Jean-Pierre Papin – 1 (1991)
Zinedine Zidane – 1 (1998)

REF:Marca
Photo:Wikipedia,The Times,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Ballon d’Or ဆုကို ပြင်သစ်ကစားသမားတစ်ဦးဦး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတဲ့ ဒက်စ်ချမ့် Deschamps

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့် Deschamps က အခုနှစ် Ballon d’Or ဆုကို ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းက ကစားသမားတစ်ဦးဦး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ၂၀၁၈ Ballon d’Or ဆုဟာ အရင်နှစ်တွေကထက်စာရင် အခုနှစ်မှာ ဘယ်ကစားသမားရမလဲဆိုတာ ပြိုင်ဆိုင်မှုပိုပြင်းထန်နေပြီး ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း ဒီဆု အပြန်အလှန်ရယူခဲ့ကြတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ မက်ဆီ Messi တို့ စိုးမိုးနေမှုကို ဘယ်သူအဆုံးသတ်မလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြတယ်။ လက်ရှိအချိန်မှာ FIFA The Best ဆုနဲ့ ဥရောပအကောင်းဆုံးဘောလုံးသမားဆု ပိုင်ရှင် မိုဒရစ် Modric (ခရိုအေးရှား) အပါအဝင် ဘာပေ Mbappe ၊ ဂရစ်ဇ်မန်း Griezmann ၊ ပေ့ါဘာ Pogba ၊ ကွန်တေ Kante (အားလုံးပြင်သစ်)တို့လည်း ရေပန်းစားနေတယ်။

2018-FIFA-World-Cup-Champion-France1

2018-FIFA-World-Cup-Champion-France1

ပြင်သစ်ကစားသမားထဲမှာ Ballon d’Or ဆု ဆွတ်ခူးခဲ့ဖူးတဲ့သူက (၄)ဦးသာရှိပြီး အဲဒီဆုကို နောက်ဆုံးဆွတ်ခူးခဲ့တဲ့ ပြင်သစ်ကစားသမားက ဂန္ထဝင်ကွင်းလယ်လူ ဇီဒန်း Zidane (၁၉၉၈)ဖြစ်ပါတယ်။ ဇီဒန်းနောက်ပိုင်း Ballon d’Or ဆုကို ပြင်သစ်ကစားသမားထဲက တစ်ဦးမှ ဆွတ်ခူးနိုင်ခြင်းမရှိတော့ဘဲ ဆယ်စုနှစ်တစ်ခုကြာမြင့်နေပါပြီ။

Zidane-with-Ballon-dOr

Zidane-with-Ballon-dOr

ဒက်စ်ချမ့်က “ပြင်သစ်ကစားသမားတစ်ဦးဦး Ballon d’Or ဆုကို ဆွတ်ခူးနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့ရင် ပြင်သစ်ဘောလုံးလောကအတွက် နောက်ထပ်ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုဖြစ်လာမှာပါ။ ပြင်သစ်အသင်းက ကစားသမားတွေရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ ခြေစွမ်း၊ ချန်ပီယံဆုဖလားရရှိခဲ့မှုအရ ဒီဆုဟာ ပြင်သစ်ကစားသမားတွေအတွက် ထိုက်တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Ballon d’Or ဆု ရရှိခဲ့တဲ့ ပြင်သစ်ကစားသမားများ

Michel Platini – 3 (1983, 1984, 1985)
Raymond Kopa – 1 (1958)
Jean-Pierre Papin – 1 (1991)
Zinedine Zidane – 1 (1998)

REF:Marca
Photo:Wikipedia,The Times,Twitter
Naing Linn(Akhayar)
www.akhayar.com