[Zawgyi]

လီမြန္ခံြက အဆစ္အျမစ္နဲ႔ ဒူးနာျခင္းေတြကို ကုစားႏိုင္တယ္ဆိုတာ သင္သိပါသလား

ယေန႔ေခတ္မွာ လီမြန္ကို နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ အသံုးျပဳၾကပါတယ္။ ဝိတ္က်ေစဖို႔အတြက္ အစားအစာေတြထဲမွာ လီမြန္ညွစ္ၿပီး အသံုးျပဳၾကသလို အသား၊ငါးေတြ သန္႔ရွင္းစင္ၾကယ္ေစဖုိ႔အတြက္လည္း လီမြန္ကို အသံုးျပဳၾကပါတယ္။ လီမြန္က စြယ္စံုအသံုးျပဳလို႔ရတဲ႔ အပူပိုင္းေဒသအသီးျဖစ္ၿပီး က်န္းမာေရးအတြက္ အက်ဳိးေက်းဇူးေတြလည္း ရရွိေစတဲ႔ အသီးတစ္မ်ဳိးျဖစ္ပါတယ္။ ကၽြမ္းက်င္သူမ်ားရဲ႕အဆိုအရ လီမြန္သီးက အသီးအေနနဲ႔တင္ အက်ဳိးေက်းဇူးမ်ားရုံမကဘဲ အခံြအေနနဲ႔လည္း အက်ဳိးေက်းဇူးေတြမ်ားစြာ ရရွိပါေသးတယ္။ ေလ့လာခ်က္ေတြအရ လီမြန္ခံြမွွာ ဗီတာမင္ဓာတ္ေတြ ေျမာက္ျမားစြာပါဝင္တာကိုလည္း ေတြ႔ရပါတယ္ ။လီမြန္ခံြမွာ ကယ္စီယမ္၊ ပိုတက္စီယမ္၊ မဂၢနီဆီယမ္၊ ဘီတာကယ္႐ိုတင္းန္နဲ႔ ဗီတာမင္စီတို႔ကဲ့သို႔ က်န္္းမာေရးကို ပိုမိုေကာင္းမြန္ေစတဲ႔ ျဒပ္ေပါင္းေတြပါဝင္တာကို ေတြ႔ရပါတယ္။ က်န္းမာေရးကိုပိုမိုေကာင္းမြန္ေစတဲ့ ျဒပ္ေပါင္းေတြပါဝင္တဲ႔အျပင္ အသားအေရအတြက္ အေရးႀကီးေသာ ရွားပါးျဒပ္ေပါင္းေတြလည္းပါဝင္ကာ အူမႀကီးနဲ႔ ကင္ဆာဆဲလ္ေတြျဖစ္ေပၚေစတဲ႔ အေရးျပားေတြ ပိုမိုမဖံြၿဖိဳးလာေအာင္ တားဆီးကာကြယ္ေပးပါတယ္။

လီမြန္ခံြမွာ ဗီတာမင္စီနဲ႔ အပင္ကရတဲ႔ ဓာတုပစၥည္း (Flavonoids) ေတြ ၾကြယ္ဝစြာပါဝင္တဲ႔အတြက္ ေသြးေၾကာေတြကို သန္႔စင္ေပးၿပီး ေသြးလႊတ္ေၾကာေတြထဲရွိ ကိုလက္စထေရာပမာဏကိုလည္း ေလ်ာ့ၾကေစသလို Atherosclerosis (ေသြးေၾကာေတြထဲမွာ အဆီေတြ၊ကိုလက္စထေရာ၊ကယ္လ္ဆီယမ္နဲ႔ တျခားေသာအရာေတြစုပံုမႈေၾကာင္႔ ျဖစ္လာတဲ႔ ေရာဂါတစ္မ်ဳိး) ျဖစ္ျခင္းကိုလည္း ထိထိေရာက္ေရာက္ ကာကြယ္ေပးပါတယ္။ ကိုယ္ရဲ႕ ဟင္းပဲြေတြထဲမွာ လီမြန္ခံြကို ထည္႔သြင္းစားသံုးေပးျခင္းအားျဖင္႔ အဆစ္အျမစ္က်န္းမာေရးကို တိုးတက္ေကာင္းမြန္ေစၿပီး ဒူးနာျခင္းနဲ႔ အရုိးပြေရာဂါျဖစ္ပြားျခင္းအႏၱရာယ္ကိုလည္း ေလ်ာ့ခ်ၿပီးသား ျဖစ္ေစပါတယ္။

အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္းက ကမာၻ႔တစ္ဝွမ္းရွိ လူေတြအတြက္ ႀကီးမားတဲ႔ ျပႆနာျဖစ္ေနပါတယ္။ ဒီလုိအဆစ္အျမစ္ေတြနာက်င္ကိုက္ခဲျခင္းက အသက္အရြယ္ရလာတာနဲ႔အမွ် လူတိုင္းၾကံဳေတြ႕ႏိုင္သလုိ အာဟာရဓာတ္ခ်ဳိ႕တဲ႔အခါမွာလည္း အရြတ္ေတြ နာက်င္ကိုက္ခဲတာ၊ ဒူးနာတာ၊ အဆစ္အျမစ္ေတြ နာက်င္ကိုက္ခဲတာမ်ဳိးကိုလည္း ခံစားရႏိုင္ပါတယ္။

လီမြန္ခံြကိုအသံုးျပဳၿပီး ဒူးနာျခင္းနဲ႔ အဆစ္အျမစ္နာက်င္မႈေတြကို ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ နည္းလမ္းႏွစ္သြယ္ရွိပါတယ္။ လီမြန္ခံြက အာရုံေၾကာေတြကို သက္သာေစတဲ့ ဂုဏ္သတိၱရွိတဲ့အျပင္ သဘာဝနည္းလမ္းေတြနဲ႔ က်န္းမာေရးကို ကုစားတာျဖစ္တဲ႔အတြက္ ေဘးထြက္ဆိုးက်ဳိးကိုလည္း မခံစားႏိုင္ရပါဘူး။ နည္းလမ္းႏွစ္သြယ္ရွိတဲ႔အနက္ ပထမနည္းလမ္းကေတာ့ လြယ္ကူရုိးရွင္းပါတယ္။ လီမြန္ခံြတစ္ခု(သို႔) ႏွစ္ခုကို ႀကိတ္ေခ်ၿပီး ရရွိလာတဲ႔အမႈန္ကို နာက်င္ေနတဲ႔ အဆစ္အျမစ္ေပၚမွာ လိမ္းေပးထားၿပီး အခ်ိန္နာရီ အနည္းငယ္ၾကာေအာင္ ထားေပးပါ။ အဲဒီလုိ ပံုမွန္ေလးလုပ္ေပးျခင္းျဖင္႔ မၾကာမီမွာ သက္သာရာရရွိလာတာကို ေတြ႔ရပါလိမ့္မယ္။

ဒုတိယ နည္းလမ္းတစ္ခုကေတာ့ သံလြင္ဆီ၊ ယူကလစ္ရြက္အနည္းငယ္နဲ႔ လီမြန္ႏွစ္လံုးတို႔နဲ႔ ေပါင္းစပ္ၿပီး ျပဳလုပ္ရမွာျဖစ္ပါတယ္။ လီမြန္ႏွစ္လံုးကို အခံြခြာၿပီး အခံြကို ဖန္ပုလင္းထဲမွာ ထည္႔ေပးပါ။ အဆိုပါဖန္ပုလင္းထဲကို လီမြန္ခံြျမွဳပ္တဲ႔အထိ သံလြင္ဆီေလာင္းထည္႔ၿပီး ယူကလစ္ရြက္အနည္းငယ္ပါ ထည္႔ေပးပါ။ ထို႔ေနာက္ ဖန္ပုလင္းကို ပိတ္လုိက္ၿပီး ေျခာက္ေသြ႔ေအးျမတဲ႔ ေနရာမွာ ရက္သတၱပတ္ႏွစ္ပတ္ၾကာေအာင္ ထားေပးပါ။ ရက္သတၱပတ္ႏွစ္ပတ္ၾကာေအာင္ထားၿပီးတဲ့ေနာက္မွာေတာ့ ထိုအရည္ထဲက္ို အဝတ္္စေလးႏွစ္ၿပီၤး နာက်င္ေနတဲ႔အဆစ္အျမစ္ေတြနဲ႔ ဒူးေတြေပၚမွာ သုတ္လိမ္းေပးလို႔ ရပါၿပီ။ ထုိအရည္ကို ညအိပ္ရာမဝင္ခင္မွာ လိမ္းေပးျခင္းအားျဖင္႔ ေကာင္းမြန္တဲ႔ အက်ဳိးေက်းဇူးေတြ ရရွိေစမွာ ျဖစ္ပါတယ္။

ကဲ… လီမြန္ခံြကိုအသံုးျပဳၿပီး အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္းနဲ႔ ဒူးနာျခင္းေတြကို သက္သာေအာင္ ျပဳလုပ္ႏိုင္တဲ႔ နည္းလမ္းေတြ သိရွိသြားၿပီးဆိုေတာ့ အခုပဲ စမ္းသပ္ျပဳလုပ္ၾကည္႔ဖို႔ တိုက္တြန္းခ်င္ပါတယ္။ စမ္းသပ္ျပဳလုပ္ၾကည္႔ၿပီးလို႔ အက်ဳိးမ်ားတယ္ဆိုုရင္လည္း ျပန္လည္မွ်ေဝေပးဖို႔ မေမ့ပါနဲ႔ဦးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

လီမွန်ခွံက အဆစ်အမြစ်နဲ့ ဒူးနာခြင်းတွေကို ကုစားနိုင်တယ်ဆိုတာ သင်သိပါသလား

ယနေ့ခေတ်မှာ လီမွန်ကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ဝိတ်ကျစေဖို့အတွက် အစားအစာတွေထဲမှာ လီမွန်ညှစ်ပြီး အသုံးပြုကြသလို အသား၊ငါးတွေ သန့်ရှင်းစင်ကြယ်စေဖို့အတွက်လည်း လီမွန်ကို အသုံးပြုကြပါတယ်။ လီမွန်က စွယ်စုံအသုံးပြုလို့ရတဲ့ အပူပိုင်းဒေသအသီးဖြစ်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလည်း ရရှိစေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ကျွမ်းကျင်သူများရဲ့အဆိုအရ လီမွန်သီးက အသီးအနေနဲ့တင် အကျိုးကျေးဇူးများရုံမကဘဲ အခွံအနေနဲ့လည်း အကျိုးကျေးဇူးတွေများစွာ ရရှိပါသေးတယ်။ လေ့လာချက်တွေအရ လီမွန်ခွံမှာ ဗီတာမင်ဓာတ်တွေ မြောက်မြားစွာပါဝင်တာကိုလည်း တွေ့ရပါတယ် ။လီမွန်ခွံမှာ ကယ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဘီတာကယ်ရိုတင်းန်နဲ့ ဗီတာမင်စီတို့ကဲ့သို့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့ ဒြပ်ပေါင်းတွေပါဝင်တာကို တွေ့ရပါတယ်။ ကျန်းမာရေးကိုပိုမိုကောင်းမွန်စေတဲ့ ဒြပ်ပေါင်းတွေပါဝင်တဲ့အပြင် အသားအရေအတွက် အရေးကြီးသော ရှားပါးဒြပ်ပေါင်းတွေလည်းပါဝင်ကာ အူမကြီးနဲ့ ကင်ဆာဆဲလ်တွေဖြစ်ပေါ်စေတဲ့ အရေးပြားတွေ ပိုမိုမဖွံဖြိုးလာအောင် တားဆီးကာကွယ်ပေးပါတယ်။

လီမွန်ခွံမှာ ဗီတာမင်စီနဲ့ အပင်ကရတဲ့ ဓာတုပစ္စည်း (Flavonoids) တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးကြောတွေကို သန့်စင်ပေးပြီး သွေးလွှတ်ကြောတွေထဲရှိ ကိုလက်စထရောပမာဏကိုလည်း လျော့ကြစေသလို Atherosclerosis (သွေးကြောတွေထဲမှာ အဆီတွေ၊ကိုလက်စထရော၊ကယ်လ်ဆီယမ်နဲ့ တခြားသောအရာတွေစုပုံမှုကြောင့် ဖြစ်လာတဲ့ ရောဂါတစ်မျိုး) ဖြစ်ခြင်းကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ ကိုယ်ရဲ့ ဟင်းပွဲတွေထဲမှာ လီမွန်ခွံကို ထည့်သွင်းစားသုံးပေးခြင်းအားဖြင့် အဆစ်အမြစ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး ဒူးနာခြင်းနဲ့ အရိုးပွရောဂါဖြစ်ပွားခြင်းအန္တရာယ်ကိုလည်း လျော့ချပြီးသား ဖြစ်စေပါတယ်။

အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းက ကမ္ဘာ့တစ်ဝှမ်းရှိ လူတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်နေပါတယ်။ ဒီလိုအဆစ်အမြစ်တွေနာကျင်ကိုက်ခဲခြင်းက အသက်အရွယ်ရလာတာနဲ့အမျှ လူတိုင်းကြုံတွေ့နိုင်သလို အာဟာရဓာတ်ချို့တဲ့အခါမှာလည်း အရွတ်တွေ နာကျင်ကိုက်ခဲတာ၊ ဒူးနာတာ၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာမျိုးကိုလည်း ခံစားရနိုင်ပါတယ်။

လီမွန်ခွံကိုအသုံးပြုပြီး ဒူးနာခြင်းနဲ့ အဆစ်အမြစ်နာကျင်မှုတွေကို လျော့ချနိုင်ဖို့အတွက် နည်းလမ်းနှစ်သွယ်ရှိပါတယ်။ လီမွန်ခွံက အာရုံကြောတွေကို သက်သာစေတဲ့ ဂုဏ်သတ္တိရှိတဲ့အပြင် သဘာဝနည်းလမ်းတွေနဲ့ ကျန်းမာရေးကို ကုစားတာဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးကိုလည်း မခံစားနိုင်ရပါဘူး။ နည်းလမ်းနှစ်သွယ်ရှိတဲ့အနက် ပထမနည်းလမ်းကတော့ လွယ်ကူရိုးရှင်းပါတယ်။ လီမွန်ခွံတစ်ခု(သို့) နှစ်ခုကို ကြိတ်ချေပြီး ရရှိလာတဲ့အမှုန်ကို နာကျင်နေတဲ့ အဆစ်အမြစ်ပေါ်မှာ လိမ်းပေးထားပြီး အချိန်နာရီ အနည်းငယ်ကြာအောင် ထားပေးပါ။ အဲဒီလို ပုံမှန်လေးလုပ်ပေးခြင်းဖြင့် မကြာမီမှာ သက်သာရာရရှိလာတာကို တွေ့ရပါလိမ့်မယ်။

ဒုတိယ နည်းလမ်းတစ်ခုကတော့ သံလွင်ဆီ၊ ယူကလစ်ရွက်အနည်းငယ်နဲ့ လီမွန်နှစ်လုံးတို့နဲ့ ပေါင်းစပ်ပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။ လီမွန်နှစ်လုံးကို အခွံခွာပြီး အခွံကို ဖန်ပုလင်းထဲမှာ ထည့်ပေးပါ။ အဆိုပါဖန်ပုလင်းထဲကို လီမွန်ခွံမြှုပ်တဲ့အထိ သံလွင်ဆီလောင်းထည့်ပြီး ယူကလစ်ရွက်အနည်းငယ်ပါ ထည့်ပေးပါ။ ထို့နောက် ဖန်ပုလင်းကို ပိတ်လိုက်ပြီး ခြောက်သွေ့အေးမြတဲ့ နေရာမှာ ရက်သတ္တပတ်နှစ်ပတ်ကြာအောင် ထားပေးပါ။ ရက်သတ္တပတ်နှစ်ပတ်ကြာအောင်ထားပြီးတဲ့နောက်မှာတော့ ထိုအရည်ထဲကို အဝတ်စလေးနှစ်ပြီၤး နာကျင်နေတဲ့အဆစ်အမြစ်တွေနဲ့ ဒူးတွေပေါ်မှာ သုတ်လိမ်းပေးလို့ ရပါပြီ။ ထိုအရည်ကို ညအိပ်ရာမဝင်ခင်မှာ လိမ်းပေးခြင်းအားဖြင့် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်ပါတယ်။

ကဲ… လီမွန်ခွံကိုအသုံးပြုပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းနဲ့ ဒူးနာခြင်းတွေကို သက်သာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ သိရှိသွားပြီးဆိုတော့ အခုပဲ စမ်းသပ်ပြုလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ စမ်းသပ်ပြုလုပ်ကြည့်ပြီးလို့ အကျိုးများတယ်ဆိုရင်လည်း ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)

www.akhayar.com