[Zawgyi]

PSG အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ႔တဲ႔ ဒီမာရီယာ Di Maria

PSG ေတာင္ပံတိုက္စစ္ကစားသမား ဒီမာရီယာ Di Maria ဟာ အသင္းနဲ႔ (၂)ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ပါတယ္။ စာခ်ဳပ္သစ္အရ ဒီမာရီယာ ဟာ PSG အသင္းမွာ ၂၀၂၁ ခုႏွစ္အထိ ဆက္ရိွေနမွာပဲျဖစ္ပါတယ္။ လက္ရိွမွာ အသက္(၃၀)အရြယ္ရိွျပီျဖစ္သူ ဒီမာရီယာ ဟာ PSG အသင္းကို ၂၀၁၅ ခုႏွစ္ မန္ယူအသင္းကေန ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး လက္ရိွအခ်ိန္ထိအသင္းအတြက္ ပြဲေပါင္း(၁၄၉)ပြဲကစားထားျပီး (၅၇)ဂိုးသြင္းယူထားပါတယ္။

Di-Maria

Di-Maria

ဒီမာရီယာ က ” အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ႔တဲ႔ အတြက္ က်ြန္ေတာ္ အရမ္းေပ်ာ္ရႊင္မိပါတယ္။ PSG အသင္းမွာကစားခဲ႔တဲ႔ (၃)ႏွစ္ဆိုတဲ႔ အခ်ိန္ဟာ က်ြန္ေတာ္႔အတြက္ ႏွစ္သက္စရာပါပဲ။ အသင္းနဲ႔ ေအာင္ျမင္မႈေတြရရိွခဲ႔သလို ေျခစြမ္းျပကစားႏိုင္ေအာင္ ဆက္ျပီး ၾကိဳးစားသြားမွာပါ။ အသင္္းရဲ႕ ရည္မွန္းခ်က္ၾကီးတဲ႔ စီမံကိန္းထဲမွာ အစိတ္အပိုင္းတစ္ခု အျဖစ္ပါ၀င္ရတာေၾကာင္႔လည္း ေန႔တိုင္း ဂုဏ္ယူမိပါတယ္။ အသင္းေဖာ္ေတြနဲ႔အတူ က်ြန္ေတာ္တို႔ ေကာင္းမြန္တဲ႔ အရာေတြ ရယူခဲ႔သလို ဆက္ျပီးေတာ႔လည္း PSG အသင္း ေအာင္ျမင္မႈေတြရေအာင္ အကူအညီေပးသြားမွာျဖစ္ပါတယ္။ က်ြန္ေတာ္တို႔ရဲ႕ အေတြ႕အၾကံဳေကာင္းေတြနဲ႔ အတူ စိန္ေခၚမႈအသစ္ေတြကို ေက်ာ္ျဖတ္သြားမွာပါ။ အေကာင္းဆံုးေတြ ဆက္လာဦးမယ္လို႔ က်ြန္ေတာ္ ယံုၾကည္ေနပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

ဒီမာရီယာရဲ႕ PSG ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Ligue 1: 2015–16, 2017–18
Coupe de France: 2015–16, 2016–17, 2017–18
Coupe de la Ligue: 2015–16, 2016–17, 2017–18
Trophée des Champions: 2016, 2018

Ref: Sky Sports
Photo: Goal.com , Official Club Website | PSG.fr
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

PSG အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဒီမာရီယာ Di Maria

PSG တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာ Di Maria ဟာ အသင်းနဲ့ (၂)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်အရ ဒီမာရီယာ ဟာ PSG အသင်းမှာ ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေမှာပဲဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဒီမာရီယာ ဟာ PSG အသင်းကို ၂၀၁၅ ခုနှစ် မန်ယူအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိအသင်းအတွက် ပွဲပေါင်း(၁၄၉)ပွဲကစားထားပြီး (၅၇)ဂိုးသွင်းယူထားပါတယ်။

Di-Maria

Di-Maria

ဒီမာရီယာ က ” အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ PSG အသင်းမှာကစားခဲ့တဲ့ (၃)နှစ်ဆိုတဲ့ အချိန်ဟာ ကျွန်တော့်အတွက် နှစ်သက်စရာပါပဲ။ အသင်းနဲ့ အောင်မြင်မှုတွေရရှိခဲ့သလို ခြေစွမ်းပြကစားနိုင်အောင် ဆက်ပြီး ကြိုးစားသွားမှာပါ။ အသင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းထဲမှာ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်ရတာကြောင့်လည်း နေ့တိုင်း ဂုဏ်ယူမိပါတယ်။ အသင်းဖော်တွေနဲ့အတူ ကျွန်တော်တို့ ကောင်းမွန်တဲ့ အရာတွေ ရယူခဲ့သလို ဆက်ပြီးတော့လည်း PSG အသင်း အောင်မြင်မှုတွေရအောင် အကူအညီပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကောင်းတွေနဲ့ အတူ စိန်ခေါ်မှုအသစ်တွေကို ကျော်ဖြတ်သွားမှာပါ။ အကောင်းဆုံးတွေ ဆက်လာဦးမယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ဒီမာရီယာရဲ့ PSG ကစားသမားဘ၀ အောင်မြင်မှုများ

Ligue 1: 2015–16, 2017–18
Coupe de France: 2015–16, 2016–17, 2017–18
Coupe de la Ligue: 2015–16, 2016–17, 2017–18
Trophée des Champions: 2016, 2018

Ref: Sky Sports
Photo: Goal.com , Official Club Website | PSG.fr
Ko Kyue(Akhayar)
www.akhayar.com