[Zawgyi]

အမ်ိုဳးသမီးေတြကုိ ရွိရင္းစြဲအသက္ထက္ပုိျပီး အုိမင္းရင့္ေရာ္ေစတဲ့ အျပဴအမူမ်ား

လူေတာ္ေတာ္မ်ားမ်ားက ကုိယ့္ကုိ “ဟယ္ မထင္ရဘူး ႏုလုိက္တာ” လုိ႔ ခ်ီးက်ဴးၾကရင္ စိတ္ထဲမွာ က်ိတ္ျပီးေက်နပ္မိတာၾကတာ အမွန္ပါပဲ။ အထူးသျဖင့္ အမ်ဳိးသမီးေတြရဲ႕ အလွတရားကုိ အေျပာင္းလဲၾကီးေျပာင္းလဲေစႏုုိင္တဲ့ လ်ိဳ႕၀ွက္ခ်က္ႏွစ္ခုကေေတာ့ မိတ္ကပ္အျပင္အဆင္နဲ႕ ဖက္ရွင္ ျဖစ္ပါတယ္။
ဒါေပမယ့္ ဒီေန႕ေခတ္မွာ အမ်ိဳးသမီးေတြ အေနနဲ႕ အလွအပ ၊ဖက္ရွင္နဲ႕ပတ္သက္ျပီး ေန႔တဒူ၀ အမႈမဲ့အမွတ္မဲ့ လုပ္မိေနတဲ့ အမွားေလးေတြရွိပါတယ္။ ဒီအခ်က္ေတြသာ ျပင္ဆင္လုိက္မယ္ဆုိရင္ေတာ့ ကုိယ့္ကုိယ္ကုိ ရုပ္ရင့္ေစေမယ့္ အျပဴအမူေတြက ဘာေတြလဲဆုိတာ သိသြားမွာပါေနာ္။
(၁) လည္ပင္းကုိ ဖုံးကြယ္ထားေစတဲ့ လည္ပိတ္အကၤ်ီမ်ိဳး မ၀တ္ပါနဲ႕။ သင့္ရဲ႕ လည္တုိင္ကုိေက်ာ့ေက်ာ့ရွင္းရွင္းနဲ႕ လွပေစဖုိ႕ လည္ပင္းသားကုိ ေပၚေစတဲ့ ေပ့ါပါးတဲ့၀တ္စုံမ်ိုဳး ၀တ္ဆင္ေပးသင့္ပါတယ္။


(၂)စကပ္အရွည္ၾကီးေတြမ၀တ္ပါနဲ႕ ။ ဒီေန႕ေခတ္မွာ တစ္ေက်ာ့့ျပန္ေခတ္စားလာတာကေတာ့ စကပ္အကားေလးေတြပါ။ စကပ္၀တ္မယ္ဆုိရင္ ေျခမ်က္စိထိရွည္လြန္းတဲ့ စကပ္မ်ိဳးေတြမ၀တ္ပဲ အလြန္ဆုံး ဒူးေခါင္းအတိထိရွိတဲ့ စကပ္အတုိေလးေတြကုိသာ ၀တ္ဆင္ေပးသင့္ပါတယ္။ စကပ္အရွည္ၾကီးေတြ၀တ္တာဟာ လူကုိပုိျပီး အုိမင္းေစတယ္လုိ႕ ထင္ရတဲ့အျပင္ ေတာဆန္တဲ့ပုံလည္းေပၚေစပါတယ္။


(၃) အေရာင္မႈိင္းၿပီး မြဲေျခာက္လြန္းတဲ့ အေပၚ၀တ္အက်ၤီေတြကုိ မ၀တ္ပါနဲ႕။ ထသြားထလာပဲျဖစ္ျဖစ္ ခရီးပဲထြက္ထြက္ အျပင္သြားတဲ့အခါ အေပၚ၀တ္အေနနဲ႕ ေရြးခ်ယ္မယ္ဆုိရင္ အေရာင္မြဲေျခာက္ေျခာက္ျဖစ္ေစတဲ့ အေႏြးထည္ေတြ၀တ္မယ့္အစား ဂ်ာကင္တုိ႕ ၊ ဘေလဇာ အက်ၤီတုိ႕ ၀တ္ဆင္ေပးမယ္ဆုိရင္ေတာ့ ကုိယ့္ကုိပုိျပီး ႏုပ်ိဳလန္းဆန္းေစတဲ့ပုံေပၚပါတယ္။


(၄) ေနာက္တစ္ခ်က္အေနနဲ႕ အၾကံေပးရမယ္ဆုိရင္ေတာ့ ကိုယ္တစ္ကုိယ္လုံးမွာ အနက္ေရာင္ေတြခ်ည္း၀တ္ဆင္တာကုိ ေရွာင္သင့္ပါတယ္။ အနက္ေရာင္က အထာက်ေစတဲ့ ကာလာျဖစ္ေပမယ့္လည္း အနက္ေရာင္နဲ႕လုိက္ဖက္တဲ့သူက ရွားပါတယ္။ ဒါေၾကာင့္ အနက္ေတြခ်ည္း၀တ္ဆင္မယ့္အစား အေရာင္ေတာက္ျပီး လင္းတဲ့ အေရာင္လွလွေလးေတြကုိ လုိက္ဖက္စြာ၀တ္ဆင္သင့္ပါတယ္ေနာ္။


(၅) မိတ္ကပ္ကုိ ထူပိန္းပိန္းၾကီးေတြလိမ္းျပီး ရဲရဲေတာက္ႏႈတ္ခမ္းနီအေရာင္မ်ိဳး ဆုိးတာကုိ ေရွာင္ေပးပါ။
ထသြားထလာျဖစ္ ပါတီပဲသြားသြား ၊ ပြဲတက္တဲ့အခါပဲျဖစ္ျဖစ္ မိတ္ကပ္အျပင္အဆင္ကုိ ပါးပါးေလးေလးနဲ႕ အေရာင္ႏုတဲ့ ႏႈတ္ခမ္းနီေလးေတြကုိသာ တြဲဖက္ဆုိးသင့္ပါတယ္။ မ်က္လုံးကုိ Eye Liner ေတြ ၊ Eye Shadow ေတြအလြန္အမင္း ျပင္ဆင္တာကလည္းကုိယ့္ကုိ ရွိရင္းစြဲအသက္ထက္ကုိပုိျပီး ရုပ္ရင့္ေစပါတယ္။ ဒါေၾကာင့္ သဘာ၀က်က် မိတ္ကပ္အျပင္အဆင္ေလးကုိ လိမ္းျခယ္လုိက္မယ္ဆုိရင္ ပုိျပီး မ်က္စိေအးကာ ဆြဲေဆာင္မႈပုိေစပါတယ္။


(၆) ကုိယ့္ရဲ႕ Body နဲ႕ မေတာ္တေရာ္ အရမ္းၾကီးလြန္းတဲ့ ၀တ္စုံေတြကုိလည္း မ၀တ္မိပါေစနဲ႕ ။ ဒီေန႕ေခတ္မွာေတာ့ တမင္တကာ တီရွပ္အပြေတြ ျပန္ေခတ္စားေနတာမွန္ေပမယ့္ တကယ္တမ္းမွာေတာ့ အရမ္းၾကီးတဲ့၀တ္စုံေတြကုိ ၀တ္လုိက္တဲ့အခါ ကုိယ့္ရဲ႕ ခႏၶာကိုယ္အလွကုိ ငုတ္ေစတာမုိ႕ ၀တ္ခ်င္တယ္ဆုိရင္ေတာ့ Gym ကစားတဲ့အခါမ်ိဳးမွာပဲ ၀တ္ပါ။

(၇) မ်က္မွန္အစား ျဖစ္ႏုိင္ရင္ေတာ့ မ်က္ကပ္မွန္လွလွေလးတပ္ေပးပါ။ တစ္ခ်ိဳ႕ကေတာ့ ပါ၀ါအရမ္းမ်ားလြန္းလုိ႕ မ်က္မွန္ကုိပဲ တပ္ၾကတာမ်ားေပမယ့္ မ်က္ကပ္မွန္ကုိ အလုပ္ရႈပ္လုိ႕ဆုိျပီး မတပ္ျဖစ္ၾကပါဘူး။ မ်က္မွန္ကုိအလွတပ္သူေတြပဲျဖစ္ျဖစ္ ပါ၀ါရွိလုိ႕တပ္သူေတြပဲျဖစ္ျဖစ္ မ်က္မွန္တပ္ထားရင္ ကုိယ့္ကုိ ပုိျပီး အသက္ၾကီးတယ္လုိ႕ အထင္ခံရႏုိင္ပါတယ္။

(၈)ပန္းပြင့္ပါတဲ့ ၀တ္စုံေတြကုိ မ၀တ္ပါနဲ႕ ။ အပြင့္အခက္ေတြခ်ည္း တန္ဆာဆင္ထားတဲ့ ၀တ္စုံမ်ိဳးက ကုိယ့္ရုပ္ရည္ကုိ ပုိျပီး ရင့္ေစတယ္လုိ႕ သိရပါတယ္။ ဒါ့ေၾကာင့္ အဲ့လုိအပြင့္အခက္ေတြနဲ႕ ရႈပ္ယွက္ခက္ေနတဲ့ ၀တ္စုံမ်ဳိးထက္ ေျပာင္ေလးေတြ ၀တ္ဆင္ေပးသင့္ပါတယ္။

(၉) ဆံပင္တိုမညွပ္ပါနဲ႕။ ဆံပင္အတုိေလးေတြညွပ္တာက ပုိလန္းတယ္ထင္ရေပမယ့္ ကုိယ့္ကုိရွိရင္းစြဲအသက္ထက္(၂)ႏွစ္ေလာက္ပုိၾကီးတဲ့ပုံေပါက္သြားမွာပါ။ က်န္းမာသန္စြမ္းတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တယ္ဆုိရင္ေတာ့ ဆံပင္အရွည္ေလးပဲထားတာ အလွဆုံးျဖစ္မွာပါေနာ္။

ကဲ ပရိသတ္ၾကီးလည္း ဒီအခ်က္(၉)ခ်က္ကုိ သိျပီးျပီဆုိေတာ့ ဖက္ရွင္က်ျပီး အရြယ္တင္ႏုပ်ိဳတဲ့ အမ်ဳိဳးသမီးတစ္ေယာက္ျဖစ္ပါေစေနာ္။ ကိုယ့္ပတ္၀န္းက်င္မွာရွိတဲ့ မိန္းကေလးသူငယ္ခ်င္းေတြကုိပါသိေအာင္ တစ္ဆင့္ျပန္လည္မွ်ေ၀ေပးလုိက္ပါဦးေနာ္။

Stella(Akhayar)

www.Akhayar.com

[Unicode]

အမျိုုးသမီးတွေကို ရှိရင်းစွဲအသက်ထက်ပိုပြီး အိုမင်းရင့်ရော်စေတဲ့ အပြူအမူများ

ုလူတော်တော်များများက ကိုယ့်ကို “ဟယ် မထင်ရဘူး နုလိုက်တာ” လို့ ချီးကျူးကြရင် စိတ်ထဲမှာ ကျိတ်ပြီးကျေနပ်မိတာကြတာ အမှန်ပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အလှတရားကို အပြောင်းလဲကြီးပြောင်းလဲစေနိုင်တဲ့ လျို့ဝှက်ချက်နှစ်ခုကေတော့ မိတ်ကပ်အပြင်အဆင်နဲ့ ဖက်ရှင် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာ အမျိုးသမီးတွေ အနေနဲ့ အလှအပ ၊ဖက်ရှင်နဲ့ပတ်သက်ပြီး နေ့တဒူ၀ အမှုမဲ့အမှတ်မဲ့ လုပ်မိနေတဲ့ အမှားလေးတွေရှိပါတယ်။ ဒီအချက်တွေသာ ပြင်ဆင်လိုက်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ရုပ်ရင့်စေမေယ့် အပြူအမူတွေက ဘာတွေလဲဆိုတာ သိသွားမှာပါနော်။
(၁) လည်ပင်းကို ဖုံးကွယ်ထားစေတဲ့ လည်ပိတ်အင်္ကျီမျိုး မဝတ်ပါနဲ့။ သင့်ရဲ့ လည်တိုင်ကိုကျော့ကျော့ရှင်းရှင်းနဲ့ လှပစေဖို့ လည်ပင်းသားကို ပေါ်စေတဲ့ ပေ့ါပါးတဲ့ဝတ်စုံမျိုုး ဝတ်ဆင်ပေးသင့်ပါတယ်။


(၂)စကပ်အရှည်ကြီးတွေမဝတ်ပါနဲ့ ။ ဒီနေ့ခေတ်မှာ တစ်ကျော့ပြန်ခေတ်စားလာတာကတော့ စကပ်အကားလေးတွေပါ။ စကပ်ဝတ်မယ်ဆိုရင် ခြေမျက်စိထိရှည်လွန်းတဲ့ စကပ်မျိုးတွေမဝတ်ပဲ အလွန်ဆုံး ဒူးခေါင်းအတိထိရှိတဲ့ စကပ်အတိုလေးတွေကိုသာ ဝတ်ဆင်ပေးသင့်ပါတယ်။ စကပ်အရှည်ကြီးတွေဝတ်တာဟာ လူကိုပိုပြီး အိုမင်းစေတယ်လို့ ထင်ရတဲ့အပြင် တောဆန်တဲ့ပုံလည်းပေါ်စေပါတယ်။


(၃) အရောင်မှိုင်းပြီး မွဲခြောက်လွန်းတဲ့ အပေါ်ဝတ်အင်္ကျီတွေကို မဝတ်ပါနဲ့။ ထသွားထလာပဲဖြစ်ဖြစ် ခရီးပဲထွက်ထွက် အပြင်သွားတဲ့အခါ အပေါ်ဝတ်အနေနဲ့ ရွေးချယ်မယ်ဆိုရင် အရောင်မွဲခြောက်ခြောက်ဖြစ်စေတဲ့ အနွေးထည်တွေဝတ်မယ့်အစား ဂျာကင်တို့ ၊ ဘလေဇာ အင်္ကျီတို့ ဝတ်ဆင်ပေးမယ်ဆိုရင်တော့ ကိုယ့်ကိုပိုပြီး နုပျိုလန်းဆန်းစေတဲ့ပုံပေါ်ပါတယ်။


(၄) နောက်တစ်ချက်အနေနဲ့ အကြံပေးရမယ်ဆိုရင်တော့ ကိုယ်တစ်ကိုယ်လုံးမှာ အနက်ရောင်တွေချည်းဝတ်ဆင်တာကို ရှောင်သင့်ပါတယ်။ အနက်ရောင်က အထာကျစေတဲ့ ကာလာဖြစ်ပေမယ့်လည်း အနက်ရောင်နဲ့လိုက်ဖက်တဲ့သူက ရှားပါတယ်။ ဒါကြောင့် အနက်တွေချည်းဝတ်ဆင်မယ့်အစား အရောင်တောက်ပြီး လင်းတဲ့ အရောင်လှလှလေးတွေကို လိုက်ဖက်စွာဝတ်ဆင်သင့်ပါတယ်နော်။


(၅) မိတ်ကပ်ကို ထူပိန်းပိန်းကြီးတွေလိမ်းပြီး ရဲရဲတောက်နှုတ်ခမ်းနီအရောင်မျိုး ဆိုးတာကို ရှောင်ပေးပါ။
ထသွားထလာဖြစ် ပါတီပဲသွားသွား ၊ ပွဲတက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ကပ်အပြင်အဆင်ကို ပါးပါးလေးလေးနဲ့ အရောင်နုတဲ့ နှုတ်ခမ်းနီလေးတွေကိုသာ တွဲဖက်ဆိုးသင့်ပါတယ်။ မျက်လုံးကို Eye Liner တွေ ၊ Eye Shadow တွေအလွန်အမင်း ပြင်ဆင်တာကလည်းကိုယ့်ကို ရှိရင်းစွဲအသက်ထက်ကိုပိုပြီး ရုပ်ရင့်စေပါတယ်။ ဒါကြောင့် သဘာဝကျကျ မိတ်ကပ်အပြင်အဆင်လေးကို လိမ်းခြယ်လိုက်မယ်ဆိုရင် ပိုပြီး မျက်စိအေးကာ ဆွဲဆောင်မှုပိုစေပါတယ်။


(၆) ကိုယ့်ရဲ့ Body နဲ့ မတော်တရော် အရမ်းကြီးလွန်းတဲ့ ဝတ်စုံတွေကိုလည်း မဝတ်မိပါစေနဲ့ ။ ဒီနေ့ခေတ်မှာတော့ တမင်တကာ တီရှပ်အပွတွေ ပြန်ခေတ်စားနေတာမှန်ပေမယ့် တကယ်တမ်းမှာတော့ အရမ်းကြီးတဲ့ဝတ်စုံတွေကို ဝတ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလှကို ငုတ်စေတာမို့ ဝတ်ချင်တယ်ဆိုရင်တော့ Gym ကစားတဲ့အခါမျိုးမှာပဲ ဝတ်ပါ။

(၇) မျက်မှန်အစား ဖြစ်နိုင်ရင်တော့ မျက်ကပ်မှန်လှလှလေးတပ်ပေးပါ။ တစ်ချို့ကတော့ ပါဝါအရမ်းများလွန်းလို့ မျက်မှန်ကိုပဲ တပ်ကြတာများပေမယ့် မျက်ကပ်မှန်ကို အလုပ်ရှုပ်လို့ဆိုပြီး မတပ်ဖြစ်ကြပါဘူး။ မျက်မှန်ကိုအလှတပ်သူတွေပဲဖြစ်ဖြစ် ပါဝါရှိလို့တပ်သူတွေပဲဖြစ်ဖြစ် မျက်မှန်တပ်ထားရင် ကိုယ့်ကို ပိုပြီး အသက်ကြီးတယ်လို့ အထင်ခံရနိုင်ပါတယ်။

(၈)ပန်းပွင့်ပါတဲ့ ဝတ်စုံတွေကို မဝတ်ပါနဲ့ ။ အပွင့်အခက်တွေချည်း တန်ဆာဆင်ထားတဲ့ ဝတ်စုံမျိုးက ကိုယ့်ရုပ်ရည်ကို ပိုပြီး ရင့်စေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဲ့လိုအပွင့်အခက်တွေနဲ့ ရှုပ်ယှက်ခက်နေတဲ့ ဝတ်စုံမျိုးထက် ပြောင်လေးတွေ ဝတ်ဆင်ပေးသင့်ပါတယ်။

(၉) ဆံပင်တိုမညှပ်ပါနဲ့။ ဆံပင်အတိုလေးတွေညှပ်တာက ပိုလန်းတယ်ထင်ရပေမယ့် ကိုယ့်ကိုရှိရင်းစွဲအသက်ထက်(၂)နှစ်လောက်ပိုကြီးတဲ့ပုံပေါက်သွားမှာပါ။ ကျန်းမာသန်စွမ်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ဆံပင်အရှည်လေးပဲထားတာ အလှဆုံးဖြစ်မှာပါနော်။

ကဲ ပရိသတ်ကြီးလည်း ဒီအချက်(၉)ချက်ကို သိပြီးပြီဆိုတော့ ဖက်ရှင်ကျပြီး အရွယ်တင်နုပျိုတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါစေနော်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေကိုပါသိအောင် တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

Stella(Akhayar)

www.Akhayar.com