Joker (Akhayar)
[Unicode]
YouTube မှာ View အများဆုံးဗီဒီယိုဖြစ်လာတဲ့ Despacito
Luis Fonsi နဲ့ Daddy Yankee တို့ရဲ့ “Despacito” သီချင်းဗီဒီယိုဟာ ယခုအခါ YouTube မှာ လူြုကည့်အများဆုံး ဗီဒီယိုဖြစ်လာပါတယ်။ အဲ့ဒီအပြင် ဗီဒီယိုဟာ ထွက်တာ ၇လပဲ ရှိသေးတာဖြစ်ပေမယ့် လက်ရှိ YouTube သမိုင်းမှာ View ၃ဘီလီယံကျော်သွားတဲ့ ပထမဆုံး ဗီဒီယိုအဖြစ်လည်း စံချိန်တင်သွားခဲ့တာပါ။
သူ့နောက်မှာတော့ Furious 7 ထဲက Wiz Khalifa ရဲ့ “See You Again” သီချင်းဗီဒီယိုက ဒုတိယမှာရပ်တည်နေပြီး PSY ရဲ့ “Gangnam Style” က ၂၀၁၂ တုန်းက တင်ခဲ့တဲ့ ကမ္ဘာ့စံချိန်ကနေ တတိယမှာ ရှိနေပါတယ်။ Khalofa ဟာ လတ်တလောလအတွင်းမှာတင် See You Again နဲ့ View အများဆုံးရထားတာဖြစ်ပေမယ့် ‘Despacito’ က လျှင်လျှင်မြန်မြန်ပဲ ကျော်တက်သွားခဲ့တာပါ။
ဒီလအစောပိုင်းမှာလည်း “Despacito” ဟာ ထုတ်လွှင့်မှုအများဆုံး သီချင်းအဖြစ် စံချိန်တင်ထားခဲ့တာပါ။ စပိန်သီချင်းအနေနဲ့ နောက်ပိုင်းမှာ Justin Bieber ကတောင် Additional Verses တွေထပ်ပေါင်းပြီး ထည့်ဆိုခဲ့ရပါတယ်။
Akhayar ပရိတ်သတ်ကြီးလည်း အားလုံးလိုလို Despacito ကိုနားထောင်ပြီးလောက်ကြပါပြီ။ တကယ်လို့ နားမထောင်ရသေးရင်လည်း အောက်မှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Article ကို Despacito နားထောင်ပြီးရေးနေတာပါ ??
Joker (Akhayar)
Ref: The Verge, Billboard