Facebook ဟာသူတို့ရဲ့ Live Streaming အသုံးပြုတဲ့ သူတွေအတွက် Mobile ကတင်မဟုတ်ပဲ Desktop နဲ့ Laptopတွေမှာပါ Live လွှင့်နိုင်ပြီဖြစ်ကြောင်းကို ကြေငြာခဲ့ပါတယ်။ ကနဦးအစတုန်းက တော့ မိုဘိုင်းအတွက် ပဲသုံးလို့ရတာဖြစ်ပါတယ်။အခုအခါမှာတော့   Desktopနဲ့ Laptop အသုံးပြုတဲ့ သူတွေဟာ Web-Cam ကိုအသုံးပြု ပြီးတိုက်ရိုက်လွှင့်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် စာသားတွေပါ Live လွှင့်နိုင်ကြောင်းလည်းသိရပါတယ်။ Desktop ဒါမှမဟုတ် Laptop နဲ့သုံးတဲ့အခါ တခြားလုပ်နိုင်တာတွေကတော့ Question & Answers ၊ Blogs ၊ Tutorials စတာတွေဖြစ်ပါတယ်။ Desktop နဲ့ Facebook သုံးတဲ့အခါ Status မှာ Live Button ကိုမြင်ရမှာပါ။ အစပိုင်းမှာတော့ ဒီ Feature ကို Facebook Pages တွေအတွက်သာ အသုံးပြုခွင့် ပေးခဲ့ပေမယ့် အခုအခါမှာတော့ Facebook Account ရှိတဲ့သူတိုင်း သုံးနိုင်ပြီဖြစ်ပါတယ်။

အရည်အသွေးကောင်းကောင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ချင်တယ်ဆိုရင်တော့ Streaming Software ဒါမှမဟုတ် Hardware လိုအပ်ပါတယ်။ Live Streaming နဲ့ပတ်သတ်တဲ့ တခြားသုံးနည်းတွေကိုသိချင်တယ်ဆိုရင်တော့ Facebook ရဲ့ Step-By-Step Guide ကို ကြည့်နိုင်ပါတယ်။

တကယ်လို့ သင်ဟာ Gamer တစ်ယောက်ဆိုရင်တော့ ဂိမ်းကစားတာကိုလည်း တိုက်ရိုက်လွှင့်နိုင်ပြီး သူငယ်ချင်းတွေ ၊ Followers တွေနဲ့ Engagement ရယူနိုင်မှာပါ။

Jan ( Akhayar)

Ref : Techcrunch