[Zawgyi]





Ref: HTC

Min Than Htike (Akhayar)

www.akhayar.com


[Unicode]

2018 အတွက် HTC ရဲ့နောက်ထပ်ထုတ်ကုန် Desire 12

Flagship U Series တွေကို ကွဲပြားတဲ့အရောင်တွေနဲ့ ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ Desire Series ကိုပါ U Series တွေလိုသိသိသာသာပြောင်းလဲမှုတွေလုပ်လာပါပြီ။ HTC ရဲ့လှပတဲ့ Midrange Device တွေဖြစ်လာမှာပါ။

HTC Desire Series ကိုသင်ရင်းနှီးမှာပါ။ HTC ရဲ့ Midrange Phone တွေဖြစ်တာကြောင့် HTC Fan တွေသဘောကျတဲ့တန်ဖိုးသင့်ဖုန်းလေးတွေပဲဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ Desire 12 နှင့် Desire 12+ ကိုတော့ တောက်ပတဲ့အရောင်တွေနဲ့တွေ့ရမှာဖြစ်တာကြောင့် အခြားဖုန်းတွေကနေကွဲထွက်နေတဲ့ခံစားချက်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ Desire 12 ကိုတော့ 5.5 Inch Display နဲ့တွေ့ရမှာဖြစ်ပြီး Desire 12+ ကိုတော့ 6 Inch Display နဲ့တွေ့ရမှာဖြစ်ပါတယ်။ ဖုန်းနှစ်လုံးမှာ IPS LCD Display တွေကိုပဲအသုံးပြုပေးထားပြီး 18:9 Ratio နဲ့ပဲဖြစ်ပါတယ်။ Camera တွေအနေနဲ့ကတော့ Desire 12 မှာ 13 Megapixel Camera နဲ့ 5 Megapixel Front Camera တွေကိုတပ်ဆင်ထားပါတယ်။ Desire 12+ မှာတော့ 13 Megapixel နှင့် 2 Megapixel နှစ်လုံးပါဝင်ပါတယ်။ Portrait Photo အတွက်ပါ။ Front Camera ကတော့ 8 Megapixel ဖြစ်ပါတယ်။

Desire 12 မှာ MediaTek MT6739 နှင့် RAM 2 GB/ROM 16 GB ၊ RAM 3 GB/ Storage 32 GB တွေနဲ့ရနိုင်မှာဖြစ်ပြီး Desire 12+ မှာတော့ Snapdragon 450 နှင့် RAM 3 GB/ Storage 32 GB နဲ့တွေ့ရမှာဖြစ်ပါတယ်။ SD Card Slot လည်းပါသေးတာကြောင့်အဆင်ပြေပါတယ်။ Battery အနေနဲ့တော့ Desire 12 မှာ 2730mAh နဲ့ Desire 12+ မှာ 2956mAh ပါဝင်မှာဖြစ်ပါတယ်။ Fingerprint Scanner ကတော့ Desire 12+ မှာပဲပါတာဖြစ်ပါတယ်။  Desire လေးတွေကတော့ Android O နှင့်လာမှာဖြစ်ပြီး ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ HTC ကကြေငြာထားခြင်းမရှိသေးပါဘူး။

Ref: HTC

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။