[Zawgyi]






Stefano Gabbana

Stefano Gabbana


Selena Gomez

Selena Gomez



Yoe Lu (Akhayar)

www.akhayar.com

Ref : pagesix.com
[Unicode]

Selena Gomez ကို အရမ်းရုပ်ဆိုးတယ်လို့ ပြောလိုက်တဲ့ Designer Stefano Gabbana

Selena Gomez ကတော့ တိုက်ခိုက်ခံရပြန်ပါပြီ။ ပြီးခဲ့တဲ့ တနင်္လာနေ့က Catwalk Italia မှာ Selena Gomez ရဲ့ အနီရောင်ဝတ်စုံတွေချည်း တင်ထားတဲ့ Instagram ပုံအောက်မှာ အီတလီ ဒီဇိုင်နာ Stefano Gabbana က “è proprio brutta” လို့ ခေါ်တဲ့ Comment ကိုပေးခဲ့ပြီး အင်္ဂလိပ်လိုဆိုရင်တော့ “She’s so ugly.” လို့ အဓိပ္ပာယ်ရပါတယ်။

#selenagomez rocks red dresses ❤️ Choose your fave: 1,2,3,4 or 5?

A post shared by The Catwalk Italia – TCI (@thecatwalkitalia) on

ဒီလို Comment ကို မြင်လိုက်တာနဲ့ Selena Gomez ရဲ့ အမာခံ ပရိသတ် Selenator တွေကလည်း အဲ့ဒီ Comment ကို အပြေးအလွှားသွားဝုန်းကြပါတော့တယ်။ တစ်ယောက်ဆိုရင် “ဒီ Post မှာ ရုပ်ဆိုးနေတဲ့ တစ်ခုတည်းသောအရာက မင်းရဲ့ ပင်ကိုယ်စရိုက်ပါပဲ”လို့ ပြန်နှိပ်ကွပ်လိုက်ပါတယ်။

Stefano Gabbana

Stefano Gabbana

ဒီလို Comment ပေးခဲ့တဲ့ အီတလီ ဒီဇိုင်နာ Stefano Gabbana ဟာ နယ်နယ်ရရတစ်ယောက်တော့ မဟုတ်ပါဘူး။ Dolce & Gabbana Luxury Fashion House ရဲ့ ပူးတွဲ တည်ထောင်သူတစ်ယောက်ဖြစ်သလို ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

Selena Gomez

Selena Gomez

သူဟာ အရင်ကလည်း နာမည်ကျော်အမျိုးသမီးတွေကို လူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ဖူးပြီး တစ်ခါကဆိုရင် Catwalk Italia ကပဲ Share ထားတဲ့ Kate Moss တစ်ယောက် Saint Laurent Brand ဝတ်ဆင်ထားတဲ့ ပုံအောက်မှာ No လို့ Comment ပေးခဲ့ဖူးပါတယ်။ Vogue ကတင်တဲ့ Victoria Beckham ရဲ့ ပုံမှာလည်း လက်မအောက်စိုက်နေတဲ့ Emoji နဲ့ Dislike သဘောရတဲ့ Comment ကို ပေးခဲ့ဖူးပါသေးတယ်။

ဒါကြောင့် ဒီတစ်ခါတော့ Stefano ရဲ့ ရက်စက်တဲ့ Comment ပေးမှုကို Selena တစ်ယောက်ခံလိုက်ရတာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : pagesix.com