[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ကာဗွန်ဒိုင်အောက်ဆိုဒ်ရုပ်ရှင် ကိုဝေဖန်လိုက်တဲ့ ဒီဇိုင်နာပြည်စိုးအောင်

ဒီဇိုင်နာပြည်စိုးအောင် က ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ကိုသွားကြည့်ခဲ့ပြီး အခုလိုသုံးသပ်ဝေဖန်လိုက်တာဖြစ်ပါတယ်။ ရုပ်ရှင်ကို ကြည့်ချင်တာထက် အလင်းရောင်နဲ့ကျော်ထက်အောင် တို့ကို သွားအားပေးတာပါလို့လည်း အခုလို ဖော်ပြထားပါတယ်။

အလင်းရောင်က ပိုချောလာတယ် ၊ အိုက်တင်တွေလည်း ပိုလုပ်တတ်လာတယ်ဆိုပြီးတော့ ချီးမွမ်းထားတာကိုတွေ့ရပါတယ်။ ကျော်ထက်အောင်ကတော့ တခါတခါမျက်နှာ နဲ့ မျက်လုံးက နဲနဲသေတတ်တာလေး သတိထားရမယ်ဆိုပြီးတော့ ကြည့်ရှုသူတစ်ဦးအနေနဲ့ Comment ပေးထားတာကိုလည်း တွေ့ရပါတယ်။

ဒီဇိုင်နာတစ်ဦး ဖြစ်တယ်ဆိုပေမယ့်လည်း အနုပညာအသိုင်းအဝိုင်းနဲ့ မစိမ်းသူတစ်ဦးဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေကိုအခုလို သွားရောက်အားပေးခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကားအပေါ်အမြင်ကတော့ “ဇာတ်လမ်းနဲ့ ဇာတ်အိမ်ကတော့ ဖွတ်ချလူး” ဆိုပြီးတော့ ရေးထားတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားအပေါ်ဘယ်လိုအမြင်ရှိသလဲဆိုတာကို အပြုသဘောဆောင်ပြီးတော့ ဝေဖန်ပေးကြဦးနော်။

Photo Credit:Pyae Soe Aung Facebook

ကြည်သာ (Akhayar)

www.akhayar.com