This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

မွတ္တမ္းေကာင္းတစ္ခုရခဲ့တဲ့ ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္ Deschamps

ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္ Deschamps ဟာ ႏုိင္ငံလက္ေရြးစင္အသင္းကုိ ၂၀၁၈ ကမၻာ႔ဖလားဗုိလ္လုပဲြေရာက္ေအာင္ ပုိ႔ေဆာင္ေပးႏုိင္ခဲ့တဲ့အတြက္ မွတ္တမ္းေကာင္းတစ္ခုရရွိခဲ့ပါတယ္။ အဲဒါကေတာ့ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ ကစားသမားအျဖစ္သာမက နည္းျပအျဖစ္ပါ ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ စတုတၳေျမာက္အျဖစ္ မွတ္တမ္း၀င္ခဲ့ၿပီျဖစ္ပါတယ္။ ဒက္စ္ခ်မ့္ဟာ ျပင္သစ္အသင္း ပထမဆုံးအႀကိမ္ဗုိလ္စဲြခဲ့တဲ့ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အသင္းေခါငး္ေဆာင္အျဖစ္ ကစားခြင့္ရခဲ့ၿပီး အခု ျပင္သစ္အသင္းကုိ ကမၻာ႔ဖလားဗုိလ္လုပဲြ ျပန္လည္ေရာက္ရွိေအာင္ ဦးေဆာင္ႏုိင္ခဲ့သူပါ။

Blanc-and-Deschamps

Blanc-and-Deschamps

ဒက္စ္ခ်မ့္မတိုင္ခင္ ကမၻာ႔ဖလားဗုိလ္လုပဲြကုိ ကစားသမား/နည္းျပအျဖစ္ ဆင္ႏႊဲခဲ့သူေတြကေတာ့ ဂ်ာမန္ ဂႏၳ၀င္ေတြျဖစ္တဲ့ ဘက္ကင္ေဘာင္၀ါ Beckenbauer ၊ ႐ူဒီေဗာင္လာ Rudi Voller ၊ ဘရာဇီးလ္ဂႏၳ၀င္ ဇာဂါလုိ Zagallo တို႔ပဲျဖစ္ပါတယ္။ ဘက္ကင္ေဘာင္၀ါဟာ ကစားသမားဘ၀မွာ ၁၉၇၄ ကမၻာ႔ဖလားခ်န္ပီယံဆု ရရွိခဲ့ၿပီး နည္းျပအျဖစ္ ၁၉၉၀ ကမၻာ႔ဖလားမွာ ဂ်ာမနီအသငး္ကုိ ဗုိလ္လုပဲြေရာက္ေအာင္ ပုိ႔ေဆာင္ခဲ့သလုိ ခ်န္ပီယံဆုလည္းဆြတ္ခူးခဲ့တယ္။ ႐ူဒီေဗာင္လာက ကစားသမားဘ၀မွာ ဂ်ာမနီအသင္းနဲ႔အတူ ၁၉၈၆၊ ၁၉၉၀ ကမၻာ႔ဖလားဗုိလ္လုပဲြတက္ေရာက္ခဲ့ၿပီး ၁၉၉၀ မွာ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ နည္းျပအျဖစ္နဲ႔ ၂၀၀၂ ကမၻာ႔ဖလားမွာ ဂ်ာမနီအသင္းကုိ ဗုိလ္လုပဲြေရာက္ေအာင္ စြမ္းေဆာင္ခဲ့ေပမယ့္ ဘရာဇီးလ္အသင္းကုိ (၂-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ ဘရာဇီးလ္ဂႏၳ၀င္ ဇာဂါလုိကေတာ့ ကမၻာ႔ဖလားကုိ ကစားသမားအျဖစ္သာမက နည္းျပအျဖစ္ပါ ပထမဆုံးရယူႏုိင္ခဲ့သူအျဖစ္ မွတ္တမ္း၀င္ထားသူပါ။ ဇာဂါလုိဟာ ကစားသမားဘ၀မွာ ဘရာဇီးလ္အသင္းနဲ႔အတူ ၁၉၅၈၊ ၁၉၆၂ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ဗုိလ္စဲြခဲ့ၿပီး ၁၉၇၀ ကမၻာ႔ဖလားမွာ နည္းျပအျဖစ္ ခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ႏုိင္ခဲ့တယ္။ တကယ္လုိ႔ ဒက္စ္ခ်မ့္အေနနဲ႔ ၂၀၁၈ ကမၻာ႔ဖလားကုိ ကုိင္ေျမႇာက္ႏုိင္ခဲ့ရင္ ဇာဂါလုိ၊ ဘက္ကင္ေဘာင္၀ါတို႔နဲ႔အတူ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကစားသမား/နည္းျပအျဖစ္ ရယူခဲ့တဲ့ တတိယေျမာက္အျဖစ္ မွတ္တမ္း၀င္ႏုိင္မွာျဖစ္ပါတယ္။

REF:Daily Mail
Photo:Goal.com,iNews
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

မှတ်တမ်းကောင်းတစ်ခုရခဲ့တဲ့ ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့် Deschamps

ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့် Deschamps ဟာ နိုင်ငံလက်ရွေးစင်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် မှတ်တမ်းကောင်းတစ်ခုရရှိခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကစားသမားအဖြစ်သာမက နည်းပြအဖြစ်ပါ ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ စတုတ္ထမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒက်စ်ချမ့်ဟာ ပြင်သစ်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရခဲ့ပြီး အခု ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပြန်လည်ရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့သူပါ။

Blanc-and-Deschamps

Blanc-and-Deschamps

ဒက်စ်ချမ့်မတိုင်ခင် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကစားသမား/နည်းပြအဖြစ် ဆင်နွှဲခဲ့သူတွေကတော့ ဂျာမန် ဂန္ထဝင်တွေဖြစ်တဲ့ ဘက်ကင်ဘောင်ဝါ Beckenbauer ၊ ရူဒီဗောင်လာ Rudi Voller ၊ ဘရာဇီးလ်ဂန္ထဝင် ဇာဂါလို Zagallo တို့ပဲဖြစ်ပါတယ်။ ဘက်ကင်ဘောင်ဝါဟာ ကစားသမားဘဝမှာ ၁၉၇၄ ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့ပြီး နည်းပြအဖြစ် ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ခဲ့သလို ချန်ပီယံဆုလည်းဆွတ်ခူးခဲ့တယ်။ ရူဒီဗောင်လာက ကစားသမားဘဝမှာ ဂျာမနီအသင်းနဲ့အတူ ၁၉၈၆၊ ၁၉၉၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ၁၉၉၀ မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ နည်းပြအဖြစ်နဲ့ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းကို ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဘရာဇီးလ်ဂန္ထဝင် ဇာဂါလိုကတော့ ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်သာမက နည်းပြအဖြစ်ပါ ပထမဆုံးရယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ထားသူပါ။ ဇာဂါလိုဟာ ကစားသမားဘဝမှာ ဘရာဇီးလ်အသင်းနဲ့အတူ ၁၉၅၈၊ ၁၉၆၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ၁၉၇၀ ကမ္ဘာ့ဖလားမှာ နည်းပြအဖြစ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တယ်။ တကယ်လို့ ဒက်စ်ချမ့်အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ရင် ဇာဂါလို၊ ဘက်ကင်ဘောင်ဝါတို့နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကစားသမား/နည်းပြအဖြစ် ရယူခဲ့တဲ့ တတိယမြောက်အဖြစ် မှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။

REF:Daily Mail
Photo:Goal.com,iNews
Naing Linn(Akhayar)
www.akhayar.com