[Zawgyi]

Cristiano Ronaldo နဲ႔ Mayorga တို႔ လွ်ိဳ႕၀ွက္ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ထြက္ေပၚလာၿပီ

ဂ်ာမန္နာမည္ေက်ာ္ မဂၢဇင္းျဖစ္တဲ့ Der Spiegel ဟာ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo နဲ႔ မာေယာ္ဂါ Mayorga တို႔ လွ်ိဳ႕၀ွက္ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ကုိ တရား၀င္ လူသိရွင္ၾကားဖြင့္ခ်လုိက္ၿပီျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္၊ ဇြန္လတုန္းက Las Vegas ၿမိဳ႕မွာရွိတဲ့ ဟုိတယ္တစ္ခုမွာ စီေရာ္နယ္လ္ဒုိက မုဒိန္းက်င့္ခဲ့တယ္ဆုိၿပီး မာေယာ္ဂါက စြပ္စဲြထားသလုိ အဲဒီကိစၥကုိ ဘယ္သူ႔ကုိမွ မေျပာဖုိ႔ ႏႈတ္ပိတ္ခအျဖစ္ ေပါင္(၃)ေသာင္းနီးပါး ေပးခဲ့သလုိ ေရွ႕ေနေတြေရွ႕မွာပဲ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တယ္။

Another-image-allegedly-taken-from-the-documents-purportedly-identifies-Ronaldo

Another-image-allegedly-taken-from-the-documents-purportedly-identifies-Ronaldo

စီေရာ္နယ္လ္ဒုိဟာ မာေယာ္ဂါကုိ က်ဴးလြန္ခဲ့ၿပီး (၁)ႏွစ္ေက်ာ္အၾကာ ၂၀၁၀၊ ဇူလုိင္လ (၁၂)ရက္မွာ အခုလုိ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္သလုိ (၇)ရက္အၾကာမွာ နစ္နာေၾကးေပးမယ္လုိ႔လည္း သေဘာတူညီခဲ့တယ္။ အဲဒီစာခ်ဳပ္ထဲမွာ စီေရာ္နယ္လ္ဒုိရဲ႕ အမည္ရင္း မထည့္ထားဘဲ ‘Topher’လုိ႔ အမည္လဲြထားၿပီး မုဒိန္းမႈက်ဴးလြန္သူဟာ နာမည္ႀကီးလူပုဂၢိဳလ္တစ္ဦးဆုိတာရယ္၊ အားကစားသမားတစ္ဦးဆုိတာရယ္သာ ပါ၀င္ခဲ့တယ္။ စီေရာ္နယ္လ္ဒုိဟာ စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔အတြက္ အခုိင္အမာျပင္ဆင္ခဲ့ၿပီး ေအးဂ်င့္ေတြ၊ ေရွ႕ေနေတြ၊ သီးသန္႔ စုံစမ္းစစ္ေဆးေရးမွဴးေတြပါ အသိသက္ေသေခၚခဲ့ပါေသးတယ္။

German-magazine-has-published-several-documents

German-magazine-has-published-several-documents

Der Spiegel ရဲ႕ ေဖာ္ျပခ်က္ထဲမွာ “အဲဒီအခ်ိန္တုန္းက Ms.C (မာေယာ္ဂါ အမည္လဲြ)ဟာ ေအာ္ဟစ္တာေတြ လုပ္ခဲ့လား”လုိ႔ ေမးျမန္းခဲ့ေတာ့ စီေရာ္နယ္လ္ဒုိက “သူမဟာ ဒီလုိမလုပ္ပါနဲ႔”ဆုိၿပီး ခဏခဏေျပာခဲ့တယ္ဆုိၿပီး ေျပာဆုိခဲ့တာေတြကုိလည္း ဖြင့္ခ်ထားပါတယ္။

German-magazine-has-published-several-documents-1

German-magazine-has-published-several-documents-1

အဲဒီစာခ်ဳပ္မွာ စီေရာ္နယ္လ္ဒုိကုိယ္တိုင္ တရား၀င္လက္မွတ္ေရးထုိးထားၿပီး Der Spiegel မဂၢဇင္းဘက္ကေတာ့ “ဒီစာခ်ဳပ္ဟာ အစစ္အမွန္ဟုတ္ပါ့မလားဆုိၿပီး နည္းနည္းေလးေတာင္ သံသယ မရွိပါနဲ႔၊ အခုဆုိရင္ စီေရာ္နယ္လ္ဒုိတို႔ဘက္က ဒါနဲ႔ပတ္သက္ၿပီး ဘာကန္႔ကြက္မႈမွ မလုပ္ေသးပါဘူး”လုိ႔ အခုိင္အမာကုိ ထုတ္ျပန္ေၾကညာခဲ့တယ္။

Cristiano-Ronaldo-dancing-with-Kathryn-Mayorga

Cristiano-Ronaldo-dancing-with-Kathryn-Mayorga

စီေရာ္နယ္လ္ဒုိနဲ႔ မာေယာ္ဂါတို႔ရဲ႕ ဇာတ္လမ္းကေတာ့ တျဖည္းျဖည္း ပုိအသက္၀င္လာၿပီး စိတ္၀င္စားစရာလည္း ေကာင္းလာပါၿပီ။ ဒီဇာတ္လမ္းက ဘယ္လုိအဆုံးသတ္မလဲဆုိတာေတာ့ . . .

REF:AS,The Sun
Photo:DER SPIEGEL,Celebritiesbuzz.com.VivaroNews
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Cristiano Ronaldo နဲ့ Mayorga တို့ လျှို့ဝှက်ချုပ်ဆိုခဲ့တဲ့ စာချုပ်ထွက်ပေါ်လာပြီ

ဂျာမန်နာမည်ကျော် မဂ္ဂဇင်းဖြစ်တဲ့ Der Spiegel ဟာ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မာယော်ဂါ Mayorga တို့ လျှို့ဝှက်ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို တရားဝင် လူသိရှင်ကြားဖွင့်ချလိုက်ပြီဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇွန်လတုန်းက Las Vegas မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ စီရော်နယ်လ်ဒိုက မုဒိန်းကျင့်ခဲ့တယ်ဆိုပြီး မာယော်ဂါက စွပ်စွဲထားသလို အဲဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့ နှုတ်ပိတ်ခအဖြစ် ပေါင်(၃)သောင်းနီးပါး ပေးခဲ့သလို ရှေ့နေတွေရှေ့မှာပဲ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ်။

Another-image-allegedly-taken-from-the-documents-purportedly-identifies-Ronaldo

Another-image-allegedly-taken-from-the-documents-purportedly-identifies-Ronaldo

စီရော်နယ်လ်ဒိုဟာ မာယော်ဂါကို ကျူးလွန်ခဲ့ပြီး (၁)နှစ်ကျော်အကြာ ၂၀၁၀၊ ဇူလိုင်လ (၁၂)ရက်မှာ အခုလို စာချုပ်ချုပ်ဆိုခဲ့တာဖြစ်သလို (၇)ရက်အကြာမှာ နစ်နာကြေးပေးမယ်လို့လည်း သဘောတူညီခဲ့တယ်။ အဲဒီစာချုပ်ထဲမှာ စီရော်နယ်လ်ဒိုရဲ့ အမည်ရင်း မထည့်ထားဘဲ ‘Topher’လို့ အမည်လွဲထားပြီး မုဒိန်းမှုကျူးလွန်သူဟာ နာမည်ကြီးလူပုဂ္ဂိုလ်တစ်ဦးဆိုတာရယ်၊ အားကစားသမားတစ်ဦးဆိုတာရယ်သာ ပါဝင်ခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ စာချုပ်ချုပ်ဆိုဖို့အတွက် အခိုင်အမာပြင်ဆင်ခဲ့ပြီး အေးဂျင့်တွေ၊ ရှေ့နေတွေ၊ သီးသန့် စုံစမ်းစစ်ဆေးရေးမှူးတွေပါ အသိသက်သေခေါ်ခဲ့ပါသေးတယ်။

German-magazine-has-published-several-documents

German-magazine-has-published-several-documents

Der Spiegel ရဲ့ ဖော်ပြချက်ထဲမှာ “အဲဒီအချိန်တုန်းက Ms.C (မာယော်ဂါ အမည်လွဲ)ဟာ အော်ဟစ်တာတွေ လုပ်ခဲ့လား”လို့ မေးမြန်းခဲ့တော့ စီရော်နယ်လ်ဒိုက “သူမဟာ ဒီလိုမလုပ်ပါနဲ့”ဆိုပြီး ခဏခဏပြောခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာတွေကိုလည်း ဖွင့်ချထားပါတယ်။

German-magazine-has-published-several-documents-1

German-magazine-has-published-several-documents-1

အဲဒီစာချုပ်မှာ စီရော်နယ်လ်ဒိုကိုယ်တိုင် တရားဝင်လက်မှတ်ရေးထိုးထားပြီး Der Spiegel မဂ္ဂဇင်းဘက်ကတော့ “ဒီစာချုပ်ဟာ အစစ်အမှန်ဟုတ်ပါ့မလားဆိုပြီး နည်းနည်းလေးတောင် သံသယ မရှိပါနဲ့၊ အခုဆိုရင် စီရော်နယ်လ်ဒိုတို့ဘက်က ဒါနဲ့ပတ်သက်ပြီး ဘာကန့်ကွက်မှုမှ မလုပ်သေးပါဘူး”လို့ အခိုင်အမာကို ထုတ်ပြန်ကြေညာခဲ့တယ်။

Cristiano-Ronaldo-dancing-with-Kathryn-Mayorga

Cristiano-Ronaldo-dancing-with-Kathryn-Mayorga

စီရော်နယ်လ်ဒိုနဲ့ မာယော်ဂါတို့ရဲ့ ဇာတ်လမ်းကတော့ တဖြည်းဖြည်း ပိုအသက်ဝင်လာပြီး စိတ်ဝင်စားစရာလည်း ကောင်းလာပါပြီ။ ဒီဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မလဲဆိုတာတော့ . . .

REF:AS,The Sun
Photo:DER SPIEGEL,Celebritiesbuzz.com.VivaroNews
Naing Linn(Akhayar)
www.akhayar.com