[Zawgyi]

Deontay Wilder နဲ႔ Tyson Fury တုိ႔ ဒီဇင္ဘာလ (၁) ရက္ေန႔မွာ ထုိးသတ္မယ္

WBC (World Boxing Council) ရဲ႕ ဟဲဗီးဝိတ္ခ်န္ပီယံ Deontay Wilder ဟာ  ခ်န္ပီယံကာကြယ္ပြဲအျဖစ္ Tyson Fury နဲ႔ ဒီဇင္ဘာလ (၁) ရက္ေန႔မွာ ထုိးသတ္မွာျဖစ္ပါတယ္။

ေၾကးစားဘဝမွာ ရႈံးပြဲမရွိေသးတဲ့ ကစားသမားႏွစ္ဦး ရင္ဆုိင္မယ့္ပြဲျဖစ္ၿပီး အႏုိင္ရမယ့္သူဟာ WBA (World Boxing Association – Super) ၊ IBF (International Boxing Federation) ၊ WBO (World Boxing Organization) တုိ႔ရဲ႕ ရႈံးပြဲမရွိေသးတဲ့ ဟဲဗီးဝိတ္ခ်န္ပီယံ Anthony Joshua နဲ႔ ထုိးသတ္ဖြယ္ရွိပါတယ္။

Deontay Wilder ဟာ (၃၃) ႏွစ္ရွိလာၿပီျဖစ္ၿပီး အရပ္အျမင့္ ၆ေပ၇လက္မ (၂ဝ၁ စင္တီမီတာ) ရွိပါတယ္။ ေၾကးစား (၄ဝ) ပြဲထုိးသတ္ခဲ့ၿပီး ရာႏႈန္းျပည့္ႏုိင္ပြဲရခဲ့သလုိ (၃၉) ပြဲဟာ အလဲထုိးႏုိင္ခဲ့ပါတယ္။ သူဟာ ၂ဝ၁၅ခုႏွစ္ ဇန္နဝါရီလ (၁၇) ရက္ေန႔မွာ Bermane Stiverne ကုိ အႏုိင္ယူၿပီး WBC ရဲ႕ ဟဲဗီးဝိတ္ခ်န္ပီယံျဖစ္လာခဲ့သူပါ။ လက္ရွိအခ်ိန္မွာ ခ်န္ပီယံအေနနဲ႔ စိန္ေခၚလာသူ Tyson Fury ကုိ ထုိးသတ္ရတဲ့သေဘာပါ။

Tyson Fury ဟာ အသက္ (၃ဝ) သာရွိေသးၿပီး အရပ္ ၆ေပ၉လက္မ (၂ဝ၅ စင္တီမီတာ) ရွိပါတယ္။ ေၾကးစား (၂၇) ပြဲထုိးသတ္ခဲ့ၿပီး ရာႏႈန္းျပည့္ႏုိင္ပြဲရခဲ့သလုိ (၁၉) ပြဲဟာ အလဲထုိးႏုိင္ခဲ့ပါတယ္။ ၂ဝ၁၅ခုႏွစ္ ႏုိဝင္ဘာလ (၂၈) ရက္ေန႔မွာ Wladimir Klitschko ကုိ အႏုိင္ယူၿပီး WBA (Super) ၊ WBO နဲ႔ IBF တုိ႔ရဲ႕ ဟဲဗီးဝိတ္ခ်န္ပီယံျဖစ္လာခဲ့ေပမယ့္ တားျမစ္ေဆးသုံးစြဲမႈေၾကာင့္ ခါးပတ္ေတြ လက္လႊတ္ခဲ့ရပါတယ္။

ေဘာက္ဆင္ေလာကနဲ႔ (၂) ႏွစ္ေက်ာ္ ေဝးကြာသြားခဲ့ၿပီး ၂ဝ၁၈ခုႏွစ္ ဇြန္လ (၉) ရက္ေန႔ေရာက္မွသာ Sefer Seferi နဲ႔ ျပန္လည္ထုိးသတ္ခဲ့ပါတယ္။ Sefer Seferi နဲ႔ Francesco Pianeta တုိ႔ကုိ ဆက္တုိက္အႏုိင္ယူၿပီး WBC ရဲ႕ ဟဲဗီးဝိတ္ခ်န္ပီယံ Deontay Wilder ကုိ စိန္ေခၚထုိးသတ္လုိက္တာပါ။

အေမရိကန္ႏုိင္ငံ ကယ္လီဖုိးနီးယားျပည္နယ္ Los Angeles ၿမိဳ႕ ရဲ႕ Staples Center အားကစားရုံႀကီးမွာ ထုိးသတ္မွာျဖစ္ၿပီး ေဒသစံေတာ္ခ်ိန္ ည (၉) နာရီမွာ စတင္မွာပါ။ ျမန္မာစံေတာ္ခ်ိန္နဲ႔ တြက္ခ်က္လုိက္ရင္ ဒီဇင္ဘာလ ၂ ရက္ (တနဂၤေႏြေန႔) မနက္ပုိင္းမွာ စတင္ဖြယ္ရွိပါတယ္။

ထုိးသတ္ေၾကးအေနနဲ႔ လက္ရွိခ်န္ပီယံ Deontay Wilder ဟာ ေဒၚလာ (၁၄) သန္းနဲ႔ စိန္ေခၚသူ Tyson Fury ဟာ ေဒၚလာ (၁ဝ) သန္း ရရွိမယ္လုိ႔ သုံးသပ္ထားၾကပါတယ္။Tyson Fury ဟာ ရရွိလာမယ့္ ထုိးေၾကးေတြကုိ အိုးမဲ့အိမ္မဲ့ျပည္သူေတြအတြက္ လွဴဒါန္းမယ္လုိ႔ ေၾကညာထားပါတယ္။ ရႈံးပြဲမရွိေသးတ့ဲ ကစားသမားေတြျဖစ္တဲ့ Deontay Wilder နဲ႔ Tyson Fury တုိ႔ ဘယ္သူႏုိင္မယ္ထင္လဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Deontay Wilder နဲ့ Tyson Fury တို့ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ထိုးသတ်မယ်

WBC (World Boxing Council) ရဲ့ ဟဲဗီးဝိတ်ချန်ပီယံ Deontay Wilder ဟာ  ချန်ပီယံကာကွယ်ပွဲအဖြစ် Tyson Fury နဲ့ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ထိုးသတ်မှာဖြစ်ပါတယ်။

ကြေးစားဘဝမှာ ရှုံးပွဲမရှိသေးတဲ့ ကစားသမားနှစ်ဦး ရင်ဆိုင်မယ့်ပွဲဖြစ်ပြီး အနိုင်ရမယ့်သူဟာ WBA (World Boxing Association – Super) ၊ IBF (International Boxing Federation) ၊ WBO (World Boxing Organization) တို့ရဲ့ ရှုံးပွဲမရှိသေးတဲ့ ဟဲဗီးဝိတ်ချန်ပီယံ Anthony Joshua နဲ့ ထိုးသတ်ဖွယ်ရှိပါတယ်။

Deontay Wilder ဟာ (၃၃) နှစ်ရှိလာပြီဖြစ်ပြီး အရပ်အမြင့် ၆ပေ၇လက်မ (၂ဝ၁ စင်တီမီတာ) ရှိပါတယ်။ ကြေးစား (၄ဝ) ပွဲထိုးသတ်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရခဲ့သလို (၃၉) ပွဲဟာ အလဲထိုးနိုင်ခဲ့ပါတယ်။ သူဟာ ၂ဝ၁၅ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှာ Bermane Stiverne ကို အနိုင်ယူပြီး WBC ရဲ့ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့သူပါ။ လက်ရှိအချိန်မှာ ချန်ပီယံအနေနဲ့ စိန်ခေါ်လာသူ Tyson Fury ကို ထိုးသတ်ရတဲ့သဘောပါ။

Tyson Fury ဟာ အသက် (၃ဝ) သာရှိသေးပြီး အရပ် ၆ပေ၉လက်မ (၂ဝ၅ စင်တီမီတာ) ရှိပါတယ်။ ကြေးစား (၂၇) ပွဲထိုးသတ်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရခဲ့သလို (၁၉) ပွဲဟာ အလဲထိုးနိုင်ခဲ့ပါတယ်။ ၂ဝ၁၅ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့မှာ Wladimir Klitschko ကို အနိုင်ယူပြီး WBA (Super) ၊ WBO နဲ့ IBF တို့ရဲ့ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့ပေမယ့် တားမြစ်ဆေးသုံးစွဲမှုကြောင့် ခါးပတ်တွေ လက်လွှတ်ခဲ့ရပါတယ်။

ဘောက်ဆင်လောကနဲ့ (၂) နှစ်ကျော် ဝေးကွာသွားခဲ့ပြီး ၂ဝ၁၈ခုနှစ် ဇွန်လ (၉) ရက်နေ့ရောက်မှသာ Sefer Seferi နဲ့ ပြန်လည်ထိုးသတ်ခဲ့ပါတယ်။ Sefer Seferi နဲ့ Francesco Pianeta တို့ကို ဆက်တိုက်အနိုင်ယူပြီး WBC ရဲ့ ဟဲဗီးဝိတ်ချန်ပီယံ Deontay Wilder ကို စိန်ခေါ်ထိုးသတ်လိုက်တာပါ။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ ရဲ့ Staples Center အားကစားရုံကြီးမှာ ထိုးသတ်မှာဖြစ်ပြီး ဒေသစံတော်ချိန် ည (၉) နာရီမှာ စတင်မှာပါ။ မြန်မာစံတော်ချိန်နဲ့ တွက်ချက်လိုက်ရင် ဒီဇင်ဘာလ ၂ ရက် (တနင်္ဂနွေနေ့) မနက်ပိုင်းမှာ စတင်ဖွယ်ရှိပါတယ်။

ထိုးသတ်ကြေးအနေနဲ့ လက်ရှိချန်ပီယံ Deontay Wilder ဟာ ဒေါ်လာ (၁၄) သန်းနဲ့ စိန်ခေါ်သူ Tyson Fury ဟာ ဒေါ်လာ (၁ဝ) သန်း ရရှိမယ်လို့ သုံးသပ်ထားကြပါတယ်။Tyson Fury ဟာ ရရှိလာမယ့် ထိုးကြေးတွေကို အိုးမဲ့အိမ်မဲ့ပြည်သူတွေအတွက် လှူဒါန်းမယ်လို့ ကြေညာထားပါတယ်။ ရှုံးပွဲမရှိသေးတဲ့ ကစားသမားတွေဖြစ်တဲ့ Deontay Wilder နဲ့ Tyson Fury တို့ ဘယ်သူနိုင်မယ်ထင်လဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com