This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒိန္းမတ္ရဲ႕ အိပ္မက္ကုိ အေကာင္းဆံုး ဟန္႔တားခဲ့တဲ့ ၾသစေၾတးလ်

ဒိန္းမတ္အသင္းက ဒီေန႔ပြဲကို အႏိုင္ကစားႏိုင္ခဲ့ရင္ ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ အေျခအေန ေကာင္းသြားမွာ ျဖစ္တယ္။ ဒီအေျခအေနမွာ ၾသစေၾတးလ်အသင္းက သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ အနည္းငယ္ကို ဆက္လက္ ရွင္သန္ႏိုင္ဖို႔အတြက္ အေကာင္းဆံုးေတြကို လုပ္ျပႏိုင္ခဲ့တယ္။ ကစားသမားပိုင္းအရ ဒိန္းမတ္က သာတယ္ဆိုေပမယ့္ အေကာင္းဆံုး ကစားျပႏိုင္ခဲ့တာ ၾသစေၾတးလ်အသင္းပါပဲ။ ႏွစ္သင္းစလံုး အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ ကိုယ္စီအတြက္ ေရကုန္ေရခမ္း ယွဥ္ၿပိဳင္ကစားခဲ့ၾကတယ္။ ဒီပြဲ အႏိုင္ရရင္ ေနာက္တစ္ဆင့္တက္ေရာက္ဖို႔ အေကာင္းဆံုး အခြင့္အေရးရွိေနတဲ့ ဒိန္းမတ္အသင္း ပြဲအစကတည္းက တိုက္စစ္ ဖြင့္ကစားလာခဲ့တယ္။ ဒါေၾကာင့္ ပြဲကစားခ်ိန္ (၇)မိနစ္မွာပဲ ကြင္းလယ္တိုက္စစ္ ကစားသမား အဲရစ္ဆင္ရဲ႕ အဆင့္ျမင့္ ကန္ခ်က္နဲ႔ ဒိန္းမတ္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့တယ္။

Eriksen-scores

Eriksen-scores

ပြဲကစားခ်ိန္ (၃၈)မိနစ္ အေရာက္မွာေတာ့ ဂိုးဧရိယာအတြင္း ယူဆက္ဖ္ေပၚလ္ဆင္ လက္နဲ႔ ထိခဲ့လို႔ ၾသစေၾတးလ်အသင္း ပယ္နယ္တီကန္ခြင့္ရရွိခဲ့တယ္။ ဒီပယ္နယ္တီကို ဝါရင့္ ကြင္းလယ္လူ ယဲလ္ဒီနက္ခ္က အေကာင္းဆံုး အဆံုးသတ္ၿပီး ေခ်ပဂိုး ရယူေပးခဲ့တယ္။ ဒိန္းမတ္ကစားသမား ယူဆက္ဖ္ေပၚလ္ဆင္ကေတာ့ ၿပီးခဲ့တဲ့ ပီရူးအသင္းနဲ႔ ပြဲစဥ္မွာလည္း သူ႔ေၾကာင့္ ပယ္နယ္တီေပးခဲ့ရၿပီး ပီရူးအသင္း လြဲေခ်ာ္ခဲ့လို႔သာ ဂိုးမေပးခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ၾသစေၾတးလ်အသင္း မထင္မွတ္ေလာက္ေအာင္ ကစားပံု ေကာင္းမြန္ခဲ့ၿပီး ဒိန္းမတ္ ဂိုးေပါက္ကို အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ကတ္စ္ပါရွမိုက္ကယ္ လက္စြမ္းျပႏိုင္ခဲ့လို႔ သေရနဲ႔ ပြဲၿပီးဆံုးခဲ့ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ဒိန္းမတ္အသင္းရဲ႕ ကြင္းလယ္လူ အဲရစ္ဆင္က ရရွိခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒိန်းမတ်ရဲ့ အိပ်မက်ကို အကောင်းဆုံး ဟန့်တားခဲ့တဲ့ သြစတြေးလျ

ဒိန်းမတ်အသင်းက ဒီနေ့ပွဲကို အနိုင်ကစားနိုင်ခဲ့ရင် နောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်တယ်။ ဒီအခြေအနေမှာ သြစတြေးလျအသင်းက သူတို့ရဲ့ မျှော်လင့်ချက် အနည်းငယ်ကို ဆက်လက် ရှင်သန်နိုင်ဖို့အတွက် အကောင်းဆုံးတွေကို လုပ်ပြနိုင်ခဲ့တယ်။ ကစားသမားပိုင်းအရ ဒိန်းမတ်က သာတယ်ဆိုပေမယ့် အကောင်းဆုံး ကစားပြနိုင်ခဲ့တာ သြစတြေးလျအသင်းပါပဲ။ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး မျှော်လင့်ချက် ကိုယ်စီအတွက် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ကြတယ်။ ဒီပွဲ အနိုင်ရရင် နောက်တစ်ဆင့်တက်ရောက်ဖို့ အကောင်းဆုံး အခွင့်အရေးရှိနေတဲ့ ဒိန်းမတ်အသင်း ပွဲအစကတည်းက တိုက်စစ် ဖွင့်ကစားလာခဲ့တယ်။ ဒါကြောင့် ပွဲကစားချိန် (၇)မိနစ်မှာပဲ ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်ရဲ့ အဆင့်မြင့် ကန်ချက်နဲ့ ဒိန်းမတ်တို့ ဦးဆောင်ဂိုး ရရှိခဲ့တယ်။

Jedinak-Penalty-Kick

Jedinak-Penalty-Kick

ပွဲကစားချိန် (၃၈)မိနစ် အရောက်မှာတော့ ဂိုးဧရိယာအတွင်း ယူဆက်ဖ်ပေါ်လ်ဆင် လက်နဲ့ ထိခဲ့လို့ သြစတြေးလျအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့တယ်။ ဒီပယ်နယ်တီကို ဝါရင့် ကွင်းလယ်လူ ယဲလ်ဒီနက်ခ်က အကောင်းဆုံး အဆုံးသတ်ပြီး ချေပဂိုး ရယူပေးခဲ့တယ်။ ဒိန်းမတ်ကစားသမား ယူဆက်ဖ်ပေါ်လ်ဆင်ကတော့ ပြီးခဲ့တဲ့ ပီရူးအသင်းနဲ့ ပွဲစဉ်မှာလည်း သူ့ကြောင့် ပယ်နယ်တီပေးခဲ့ရပြီး ပီရူးအသင်း လွဲချော်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ သြစတြေးလျအသင်း မထင်မှတ်လောက်အောင် ကစားပုံ ကောင်းမွန်ခဲ့ပြီး ဒိန်းမတ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးသမား ကတ်စ်ပါရှမိုက်ကယ် လက်စွမ်းပြနိုင်ခဲ့လို့ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်က ရရှိခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com