This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးအသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ခရိုေအးရွားနဲ႔ ပြဲမွာ ပယ္နယ္တီလြဲေခ်ာ္ခဲ့လို႔ အသက္အႏၱရာယ္ၿခိမ္းေျခာက္ခံေနရတဲ့ ေယာ္ဂ်င္ဆန္

ခရိုေအးရွားနဲ႔ ပြဲမွာ ပယ္နယ္တီလြဲေခ်ာ္ခဲ့တဲ့ ဒိန္းမတ္တိုက္စစ္မွဴး ေယာ္ဂ်င္ဆန္ Jorgensen အသက္အႏၱရာယ္ၿခိမ္းေျခာက္မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲက ထြက္ခြာခဲ့ရၿပီးေနာက္ ေယာ္ဂ်င္ဆန္ Jorgensen အသက္အႏၱရာယ္ ၿခိမ္းေျခာက္ခံေနရေၾကာင္း ဒိန္းမတ္ေဘာလံုးအဖြဲ႔ခ်ဳပ္က ရဲတပ္ဖြဲ႔ထံ သတင္းပို႔ခဲ့တာျဖစ္ပါတယ္။ ခရိုေအးရွားအသင္းနဲ႔ ကစားခဲ့တဲ့ ရံႈးထြက္ပြဲစဥ္မွာ ပယ္နယ္တီအဆံုးအျဖတ္ ခံယူခဲ့ရၿပီး ဒိန္းမတ္အသင္းက ပယ္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ ကစားသမား (၃)ဦးအထိ ရွိခဲ့ေပမယ့္ ေနာက္ဆံုးအဆံုးအျဖတ္ပယ္နယ္တီ ကန္သြင္းရာမွာ လြဲေခ်ာ္ခဲ့တဲ့ ေယာ္ဂ်င္ဆန္ Jorgensen တစ္ဦးတည္း ၿခိမ္းေျခာက္ခံေနရတာျဖစ္ပါတယ္။

Jorgensen-panelty-miss

Jorgensen-panelty-miss

ကြင္းလယ္လူ အဲရစ္ဆင္ Eriksen၊ ရႈိေနး Schone နဲ႔ ေယာ္ဂ်င္ဆန္ Jorgensen တို႔ရဲ႕ ပယ္နယ္တီကန္ခ်က္ေတြကို ခရိုေအးရွားဂိုးသမား ဆူဘာဆစ္ Subasic က ကာကြယ္ခဲ့တာျဖစ္ပါတယ္။ ဒိန္းမတ္ေဘာလံုးအဖြဲ႔ခ်ဳပ္က “လူမႈကြန္ရက္ စာမ်က္ႏွာေပၚကေန အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈေတြကို ရပ္တန္႔ေပးဖို႔ ရဲတပ္ဖြဲ႔နဲ႔ ဒိန္းမတ္ႏိုင္ငံသားေတြကို ေတာင္းဆုိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ခရိုေအးရွားအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ဂိုးေပါက္ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ၿပီး ပယ္နယ္တီကာကြယ္မႈေတြ ျပဳလုပ္ခဲ့တဲ့ ဒိန္းမတ္အသင္းရဲ႕ ဂိုးသမား ကတ္စ္ပါရွမိုက္ကယ္ Kasper Schmeichel ကေတာ့ ဒိန္းမတ္ႏိုင္ငံသားေတြက ခ်ီးက်ဴးဂုဏ္ျပဳမႈေတြ ခံေနရေၾကာင္း သိရပါတယ္။

REF:The Sun
Photo:Calcio Fanpage, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးအသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ခရိုအေးရှားနဲ့ ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့လို့ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ ယော်ဂျင်ဆန်

ခရိုအေးရှားနဲ့ ပွဲမှာ ပယ်နယ်တီလွဲချော်ခဲ့တဲ့ ဒိန်းမတ်တိုက်စစ်မှူး ယော်ဂျင်ဆန် Jorgensen အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ယော်ဂျင်ဆန် Jorgensen အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ်မှာ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ဒိန်းမတ်အသင်းက ပယ်နယ်တီ လွဲချော်ခဲ့တဲ့ ကစားသမား (၃)ဦးအထိ ရှိခဲ့ပေမယ့် နောက်ဆုံးအဆုံးအဖြတ်ပယ်နယ်တီ ကန်သွင်းရာမှာ လွဲချော်ခဲ့တဲ့ ယော်ဂျင်ဆန် Jorgensen တစ်ဦးတည်း ခြိမ်းခြောက်ခံနေရတာဖြစ်ပါတယ်။

Jorgensen-panelty-miss

Jorgensen-panelty-miss

ကွင်းလယ်လူ အဲရစ်ဆင် Eriksen၊ ရှိုနေး Schone နဲ့ ယော်ဂျင်ဆန် Jorgensen တို့ရဲ့ ပယ်နယ်တီကန်ချက်တွေကို ခရိုအေးရှားဂိုးသမား ဆူဘာဆစ် Subasic က ကာကွယ်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က “လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ရပ်တန့်ပေးဖို့ ရဲတပ်ဖွဲ့နဲ့ ဒိန်းမတ်နိုင်ငံသားတွေကို တောင်းဆိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပေါက် ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ပယ်နယ်တီကာကွယ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဒိန်းမတ်အသင်းရဲ့ ဂိုးသမား ကတ်စ်ပါရှမိုက်ကယ် Kasper Schmeichel ကတော့ ဒိန်းမတ်နိုင်ငံသားတွေက ချီးကျူးဂုဏ်ပြုမှုတွေ ခံနေရကြောင်း သိရပါတယ်။

REF:The Sun
Photo:Calcio Fanpage, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com