This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒုတိယေျမာက္ ေရႊေရာင္မ်ိဳးဆက္လို႔ တင္စားရမယ့္ စုဖြဲ႔မႈနဲ႔ ေစာင့္ၾကည့္ရမယ့္ ဒိန္းမတ္အသင္း

ဒိန္းမတ္အသင္း
၁၉၉၀ ကာလအပိုင္းအျခားေတြက ဒိန္းမတ္တို႔အတြက္ ေရႊေရာင္လႊမ္းခဲ့တဲ့ ကာလေတြျဖစ္ခဲ့ပါတယ္။ ခြဲထြက္ေရး စစ္ပြဲေတြေၾကာင့္ ႏႈတ္ထြက္ခဲ့တဲ့ ယူဂိုဆလားဗီးယားအသင္းရဲ႕ ေနရာမွာ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့ေပမယ့္ ဒိန္းမတ္အသင္း ယူရို-၉၂ ၿပိဳင္ပြဲကို အစားထိုး ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။ နာမည္ေက်ာ္ ဂိုးသမား ပီတာရွမိုက္ကယ္၊ ကြင္းလယ္လူ ေလာဒရပ္၊ တိုက္စစ္မွဴး လာဆင္တို႔ရဲ႕ ဦးေဆာင္မႈနဲ႔အတူ ယူရိုခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ ၁၉၉၅ ခုႏွစ္မွာ က်င္းပတဲ့ တိုက္ႀကီးမ်ားဖလားၿပိဳင္ပြဲကို ဥေရာပ ခ်န္ပီယံအေနနဲ႔ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ၁၉၉၈ ခုႏွစ္ ျပင္သစ္ေျမမွာ က်င္းပျပဳလုပ္တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲကို ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ကြာတားဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ ေနာ္ေ၀းလူမ်ိဳးနည္းျပ ဟာရုိက္ဒ္ လက္ထက္မွာ ပံုစံေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ ဒိန္းမတ္အသင္းက ေတာင့္တင္းတဲ့ စုဖြဲ႔မႈနဲ႔အတူ အျမင့္ဆံုးေအာင္ျမင္မႈျဖစ္တဲ့ ကြာတားဖိုင္နယ္အဆင့္ကို တစ္ေက်ာ႔ျပန္ တက္လွမ္းႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

Denmark-Team-Celebrations

Denmark-Team-Celebrations

ကမၻာ႔ဖလားသမိုင္းေၾကာင္း
၁၉၅၈ ၿပိဳင္ပြဲကစလို႔ ေတာက္ေလွ်ာက္ ေျခစစ္ပြဲ ၀င္ခဲ့ေပမယ့္ ၁၉၈၆ ၿပိဳင္ပြဲမွ ပထမဆံုးအႀကိမ္ ေျခစစ္ပြဲေအာင္ခဲ့ပါတယ္။ ပထမဆံုးအျဖစ္ ယွဥ္ၿပိဳင္တဲ့ ၁၉၈၆ ကမၻာ႔ဖလားမွာတင္ ရံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္ စပိန္အသင္းကို ဂုိးျပတ္ရံႈးနိမ့္ခဲ့ပါတယ္။ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ (၄)ႀကိမ္ ယွဥ္ၿပိဳင္ခဲ့ၿပီး ၁၉၉၈ ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာကေတာ့ ဒိန္းမတ္အသင္းအတြက္ အျမင့္ဆံုး ေအာင္ျမင္မႈျဖစ္ပါတယ္။ အေကာင္းဆံုး မ်ိဳးဆက္ ကစားသမားေတြရဲ႕ စုဖြဲ႔မႈနဲ႔အတူ ကြာတားဖိုင္နယ္ အဆင့္ထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ နာမည္ႀကီး ဘရာဇီးလ္အသင္းကို (၂-၃)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့ရပါတယ္။ (၄)ႀကိမ္ ယွဥ္ၿပိဳင္ခဲ့ရာမွာ (၃)ႀကိမ္ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ေတာင္အာဖရိကေျမမွာ က်င္းပတဲ့ ၂၀၁၀ ၿပိဳင္ပြဲမွာေတာ့ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေတာ့ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့လို႔ ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲ အေနအထားအရ အုပ္စုေခ်ာင္ခဲ့ေပမယ့္ ပိုလန္အသင္းကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိလို႔ ေျခစစ္ပြဲတိုက္ရိုက္ ေအာင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရၿပီး ေျခစစ္ပြဲ ဒုတိယအဆင့္ကို ထပ္မံကစားခဲ့ရပါတယ္။ ေျခစစ္ပြဲ (၁၀)ပြဲ ကစားခဲ့ရာမွာ (၆)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၂)ပြဲရံႈး၊ ရမွတ္ (၂၀)နဲ႔ ပိုလန္အသင္းရဲ႕ ေနာက္ အုပ္စုဒုတိယေနရမွာ ရပ္တည္ခဲ့ပါတယ္။ ေျခစစ္ပြဲ ဒုတိယအဆင့္အျဖစ္ အိုင္ယာလန္အသင္းနဲ႔ ကစားခဲ့ရၿပီး အိမ္ကြင္းမွာ ဂိုးမရွိသေရ က်ခဲ့ေပမယ့္ အေ၀းကြင္းမွာ (၁-၅)ဆိုတဲ့ ဂိုးျပတ္ႏိုင္ပြဲနဲ႔ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တယ္။ ကြင္းလယ္လူ အဲရစ္ဆင္က ေျခစစ္ပြဲတစ္ေလွ်ာက္ (၁၀)ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အသင္းကို ေျခစစ္ပြဲ ေအာင္ျမင္ေအာင္ အဓိကေနရာက စြမ္းေဆာင္ေပးခဲ့ပါတယ္။

Denmark-Key-Player-Eriksen

Denmark-Key-Player-Eriksen

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ေရႊေရာင္ မ်ိဳးဆက္ ကစားသမားေတြအၿပီး ဒိန္းမတ္အသင္းရဲ႕ အေကာင္းဆံုး စုဖြဲ႔မႈလို႔ ေျပာရမယ့္ လူစာရင္းကို ပိုင္ဆိုင္ထားတယ္။ ဥေရာပကလပ္အသင္း အမ်ားစုမွာ ေျခစြမ္းျပေနတဲ့ ကစားသမားေတြကို ေရြးခ်ယ္ထားၿပီး လူငယ္ကစားသမား အမ်ားစု ဦးစားေပးေရြးခ်ယ္ထားပါတယ္။ ေရႊေရာင္မ်ိဳးဆက္ ဂိုးသမား ပီတာရွမိုက္ကယ္ရဲ႕သား ကတ္စ္ပါရွမိုက္ကယ္က အဓိက ဂိုးသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ ရာသီက ဟတ္ဒါဖီးလ္မွာ လက္စြမ္းျပခဲ့တဲ့ လိုဆယ္လ္ကလည္း အသင့္အစားထိုးႏိုင္တဲ့ ဂိုးသမားျဖစ္ပါတယ္။ ေနာက္တန္းမွာေတာ့ အသင္းေခါင္းေဆာင္ ဆိုင္မြန္ေကဂ်ာ ဦးေဆာင္မႈနဲ႔အတူ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ကလပ္အသင္းေတြမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္ေနာက္ခံလူေတြျဖစ္တဲ့ ဗတ္စ္တာဂတ္၊ ခရစၥတန္ဆင္နဲ႔ လာဆင္တို႔လို ကစားသမားေတြကို ေရြးခ်ယ္ထားပါတယ္။ ဒိန္းမတ္အသင္းရဲ႕ စုဖြဲ႔မႈ အေကာင္းဆံုးကေတာ့ ကြင္းလယ္ျဖစ္ၿပီး ၀ါရင့္ကြင္းလယ္လူ ဒဲလ္လီအပါအ၀င္ အဲရစ္ဆင္၊ ဒီလာနီ၊ ဖစ္ရွာ၊ ဆစ္တိုတို႔လို ပံုစံေကာင္း ျပေနတဲ့ ကစားသမားေတြ ပါ၀င္ေနပါတယ္။ တိုက္စစ္ပိုင္းမွာေတာ့ ဝါရင့္တိုက္စစ္ကစားသမား ဘန္တနာ ဒဏ္ရာေၾကာင့္ ႏႈတ္ထြက္သြားခဲ့ေပမယ့္ ဂိုးသြင္းေျခရွိတဲ့ ေယာ္ဟန္ဆင္၊ ဘရိန္းေအတီ၊ ေကာ္နီလစ္တို႔လို ကစားသမားေတြကို ေျခစြမ္းထက္ လူငယ္တိုက္စစ္ ကစားသမားေတြျဖစ္တဲ့ ယူဆက္ဖ္ေပၚလ္ဆင္၊ ဒိုးလ္ဘတ္ဂ္တို႔လို ကစားသမားေတြကို ေရြးခ်ယ္ထားပါတယ္။ ကြင္းလယ္ကစားသမား အဲရစ္ဆင္ကေတာ့ ဒိန္းမတ္အသင္းအတြက္ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမား ျဖစ္ပါတယ္။ ျပစ္ဒဏ္ေဘာ တိုက္ရိုက္ကန္သြင္းမႈေတြ၊ ေသသပ္တဲ့ အေ၀းကန္ခ်က္ေတြ၊ ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈေတြက အဲရစ္ဆင္ရဲ႕ အမွတ္အသားတစ္ခုလိုပါပဲ။ လာမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲမွာေကာ အဲရစ္ဆင္ ပံုစံေကာင္းေတြ ျပသႏိုင္ဦးမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနပါတယ္။

REF:Wikipedia
Photo:Socceroos, Onefootball, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒုတိယမြောက် ရွှေရောင်မျိုးဆက်လို့ တင်စားရမယ့် စုဖွဲ့မှုနဲ့ စောင့်ကြည့်ရမယ့် ဒိန်းမတ်အသင်း

ဒိန်းမတ်အသင်း
၁၉၉၀ ကာလအပိုင်းအခြားတွေက ဒိန်းမတ်တို့အတွက် ရွှေရောင်လွှမ်းခဲ့တဲ့ ကာလတွေဖြစ်ခဲ့ပါတယ်။ ခွဲထွက်ရေး စစ်ပွဲတွေကြောင့် နှုတ်ထွက်ခဲ့တဲ့ ယူဂိုဆလားဗီးယားအသင်းရဲ့ နေရာမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေမယ့် ဒိန်းမတ်အသင်း ယူရို-၉၂ ပြိုင်ပွဲကို အစားထိုး ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ နာမည်ကျော် ဂိုးသမား ပီတာရှမိုက်ကယ်၊ ကွင်းလယ်လူ လောဒရပ်၊ တိုက်စစ်မှူး လာဆင်တို့ရဲ့ ဦးဆောင်မှုနဲ့အတူ ယူရိုချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ကျင်းပတဲ့ တိုက်ကြီးများဖလားပြိုင်ပွဲကို ဥရောပ ချန်ပီယံအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် ပြင်သစ်မြေမှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နော်ဝေးလူမျိုးနည်းပြ ဟာရိုက်ဒ် လက်ထက်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဒိန်းမတ်အသင်းက တောင့်တင်းတဲ့ စုဖွဲ့မှုနဲ့အတူ အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ ကွာတားဖိုင်နယ်အဆင့်ကို တစ်ကျော့ပြန် တက်လှမ်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Denmark-Team-Celebrations

Denmark-Team-Celebrations

ကမ္ဘာ့ဖလားသမိုင်းကြောင်း
၁၉၅၈ ပြိုင်ပွဲကစလို့ တောက်လျှောက် ခြေစစ်ပွဲ ဝင်ခဲ့ပေမယ့် ၁၉၈၆ ပြိုင်ပွဲမှ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ပထမဆုံးအဖြစ် ယှဉ်ပြိုင်တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားမှာတင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် စပိန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် (၄)ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၈ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာကတော့ ဒိန်းမတ်အသင်းအတွက် အမြင့်ဆုံး အောင်မြင်မှုဖြစ်ပါတယ်။ အကောင်းဆုံး မျိုးဆက် ကစားသမားတွေရဲ့ စုဖွဲ့မှုနဲ့အတူ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် နာမည်ကြီး ဘရာဇီးလ်အသင်းကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ (၄)ကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ (၃)ကြိမ် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး တောင်အာဖရိကမြေမှာ ကျင်းပတဲ့ ၂၀၁၀ ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့လို့ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲ အနေအထားအရ အုပ်စုချောင်ခဲ့ပေမယ့် ပိုလန်အသင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိလို့ ခြေစစ်ပွဲတိုက်ရိုက် အောင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ခြေစစ်ပွဲ ဒုတိယအဆင့်ကို ထပ်မံကစားခဲ့ရပါတယ်။ ခြေစစ်ပွဲ (၁၀)ပွဲ ကစားခဲ့ရာမှာ (၆)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ် (၂၀)နဲ့ ပိုလန်အသင်းရဲ့ နောက် အုပ်စုဒုတိယနေရမှာ ရပ်တည်ခဲ့ပါတယ်။ ခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် အိုင်ယာလန်အသင်းနဲ့ ကစားခဲ့ရပြီး အိမ်ကွင်းမှာ ဂိုးမရှိသရေ ကျခဲ့ပေမယ့် အဝေးကွင်းမှာ (၁-၅)ဆိုတဲ့ ဂိုးပြတ်နိုင်ပွဲနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တယ်။ ကွင်းလယ်လူ အဲရစ်ဆင်က ခြေစစ်ပွဲတစ်လျှောက် (၁၀)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းကို ခြေစစ်ပွဲ အောင်မြင်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့ပါတယ်။

Denmark-Key-Player-Eriksen

Denmark-Key-Player-Eriksen

စောင့်ကြည့်ရမယ့် ကစားသမားများ
ရွှေရောင် မျိုးဆက် ကစားသမားတွေအပြီး ဒိန်းမတ်အသင်းရဲ့ အကောင်းဆုံး စုဖွဲ့မှုလို့ ပြောရမယ့် လူစာရင်းကို ပိုင်ဆိုင်ထားတယ်။ ဥရောပကလပ်အသင်း အများစုမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို ရွေးချယ်ထားပြီး လူငယ်ကစားသမား အများစု ဦးစားပေးရွေးချယ်ထားပါတယ်။ ရွှေရောင်မျိုးဆက် ဂိုးသမား ပီတာရှမိုက်ကယ်ရဲ့သား ကတ်စ်ပါရှမိုက်ကယ်က အဓိက ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီက ဟတ်ဒါဖီးလ်မှာ လက်စွမ်းပြခဲ့တဲ့ လိုဆယ်လ်ကလည်း အသင့်အစားထိုးနိုင်တဲ့ ဂိုးသမားဖြစ်ပါတယ်။ နောက်တန်းမှာတော့ အသင်းခေါင်းဆောင် ဆိုင်မွန်ကေဂျာ ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကလပ်အသင်းတွေမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်နောက်ခံလူတွေဖြစ်တဲ့ ဗတ်စ်တာဂတ်၊ ခရစ္စတန်ဆင်နဲ့ လာဆင်တို့လို ကစားသမားတွေကို ရွေးချယ်ထားပါတယ်။ ဒိန်းမတ်အသင်းရဲ့ စုဖွဲ့မှု အကောင်းဆုံးကတော့ ကွင်းလယ်ဖြစ်ပြီး ဝါရင့်ကွင်းလယ်လူ ဒဲလ်လီအပါအဝင် အဲရစ်ဆင်၊ ဒီလာနီ၊ ဖစ်ရှာ၊ ဆစ်တိုတို့လို ပုံစံကောင်း ပြနေတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ တိုက်စစ်ပိုင်းမှာတော့ ဝါရင့်တိုက်စစ်ကစားသမား ဘန်တနာ ဒဏ်ရာကြောင့် နှုတ်ထွက်သွားခဲ့ပေမယ့် ဂိုးသွင်းခြေရှိတဲ့ ယော်ဟန်ဆင်၊ ဘရိန်းအေတီ၊ ကော်နီလစ်တို့လို ကစားသမားတွေကို ခြေစွမ်းထက် လူငယ်တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ယူဆက်ဖ်ပေါ်လ်ဆင်၊ ဒိုးလ်ဘတ်ဂ်တို့လို ကစားသမားတွေကို ရွေးချယ်ထားပါတယ်။ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကတော့ ဒိန်းမတ်အသင်းအတွက် အဓိက စောင့်ကြည့်သွားရမယ့် ကစားသမား ဖြစ်ပါတယ်။ ပြစ်ဒဏ်ဘော တိုက်ရိုက်ကန်သွင်းမှုတွေ၊ သေသပ်တဲ့ အဝေးကန်ချက်တွေ၊ ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုတွေက အဲရစ်ဆင်ရဲ့ အမှတ်အသားတစ်ခုလိုပါပဲ။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာကော အဲရစ်ဆင် ပုံစံကောင်းတွေ ပြသနိုင်ဦးမလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

REF:Wikipedia
Photo:Socceroos, Onefootball, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com