This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

သေရရလဒ္ေၾကာင့္ ေနာက္တစ္ဆင့္ကုိ တက္ေရာက္ႏုိင္ခဲ့တဲ့ ျပင္သစ္နဲ႔ ဒိန္းမတ္

အုပ္စု(C)က အသင္းေတြျဖစ္တဲ့ ျပင္သစ္နဲ႔ဒိန္းမတ္ကေတာ့ သေရကစားခဲ့ၿပီး ႏွစ္သင္းစလုံး ႐ံႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ခြင့္ရယူခ့ဲပါတယ္။ ျပင္သစ္က ဒီပဲြမတိုင္ခင္ကတည္းက ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္တာေၾကာင့္ အရန္ကစားသမား အမ်ားစုနဲ႔သာ ပဲြထြက္ခဲ့ၿပီး ဒိန္းမတ္အသင္းကလည္း သေရတစ္မွတ္သာ လုိတဲ့အတြက္ ပဲြကုိထိန္းကစားခဲ့တယ္။ ဒါေၾကာင့္ ဒီပဲြက ကြင္းလယ္မွာသာ အခ်ိန္ကုန္ေနၿပီး ျပင္သစ္အသင္းရဲ႕ ထုိးေဖာက္မႈေတြကလည္း ထိေရာက္မႈမရွိခဲ့ဘူး။ တစ္ဖက္ပဲြမွာလည္း ၾသစေၾတးလ်က ပီ႐ူးကုိ ႐ႈံးနိမ့္ေနတဲ့အတြက္ ဒိန္းမတ္ကလည္း သိပ္ၿပီး အားထုတ္ကစားတာမ်ိဳး မလုပ္ခဲ့ပါဘူး။

Group-C-Standing

Group-C-Standing

ဒုတိယပုိင္းမွာ ျပင္သစ္အသင္းနည္းျပ ဒက္စ္ခ်မ့္ Deschamps က ဘာေပ Mbappe ၊ ဖယ္ကီယာ Fekir တို႔ကုိ ထည့္ၿပီး တိုက္စစ္ပုံစံကစားခဲ့ေပမယ့္ ဂုိးမရခဲ့ဘဲ သေရနဲ႔သာပဲြၿပီးခဲ့ပါတယ္။ ျပင္သစ္အသင္းက အုပ္စုပထမေနရာရခဲ့တာေၾကာင့္ အုပ္စု(D)က ဒုတိယအသငး္နဲ႔ ရင္ဆုိင္ရမွာျဖစ္ၿပီး ဒိန္းမတ္ကေတာ့ အုပ္စု(D)က ပထမရတဲ့အသင္းန႔ဲ ကစားရမွာပါ။

Photo: FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

သရေရလဒ်ကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ဒိန်းမတ်

အုပ်စု(C)က အသင်းတွေဖြစ်တဲ့ ပြင်သစ်နဲ့ဒိန်းမတ်ကတော့ သရေကစားခဲ့ပြီး နှစ်သင်းစလုံး ရှုံံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခွင့်ရယူခဲ့ပါတယ်။ ပြင်သစ်က ဒီပွဲမတိုင်ခင်ကတည်းက နောက်တစ်ဆင့်တက်သွားပြီဖြစ်တာကြောင့် အရန်ကစားသမား အများစုနဲ့သာ ပွဲထွက်ခဲ့ပြီး ဒိန်းမတ်အသင်းကလည်း သရေတစ်မှတ်သာ လိုတဲ့အတွက် ပွဲကိုထိန်းကစားခဲ့တယ်။ ဒါကြောင့် ဒီပွဲက ကွင်းလယ်မှာသာ အချိန်ကုန်နေပြီး ပြင်သစ်အသင်းရဲ့ ထိုးဖောက်မှုတွေကလည်း ထိရောက်မှုမရှိခဲ့ဘူး။ တစ်ဖက်ပွဲမှာလည်း သြစတြေးလျက ပီရူးကို ရှုံးနိမ့်နေတဲ့အတွက် ဒိန်းမတ်ကလည်း သိပ်ပြီး အားထုတ်ကစားတာမျိုး မလုပ်ခဲ့ပါဘူး။

Group-C-Standing

Group-C-Standing

ဒုတိယပိုင်းမှာ ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့် Deschamps က ဘာပေ Mbappe ၊ ဖယ်ကီယာ Fekir တို့ကို ထည့်ပြီး တိုက်စစ်ပုံစံကစားခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ သရေနဲ့သာပွဲပြီးခဲ့ပါတယ်။ ပြင်သစ်အသင်းက အုပ်စုပထမနေရာရခဲ့တာကြောင့် အုပ်စု(D)က ဒုတိယအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒိန်းမတ်ကတော့ အုပ်စု(D)က ပထမရတဲ့အသင်းနဲ့ ကစားရမှာပါ။

Photo: FIFA World Cup
Naing Linn(Akhayar)
www.akhayar.com