[Zawgyi]

၂ဝ၁၈ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏုိဘယ္ဆုကုိ Denis Mukwege နဲ႔ Nadia Murad တုိ႔ ပူးတြဲရရွိၿပီ

၂ဝ၁၈ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏုိဘယ္ဆု (Nobel Peace Prize) ဆုကုိေတာ့ ကြန္ဂုိႏုိင္ငံသား သားဖြားမီးယပ္ဆရာဝန္ႀကီး Denis Mukwege နဲ႔ အီရတ္ႏုိင္ငံသူ လူ႕အခြင့္အေရးတက္ၾကြလႈပ္ရွားေရးသမား Nadia Murad တုိ႔က ပူးတြဲရရွိခဲ့ပါတယ္။

သူတုိ႔ႏွစ္ေယာက္ဟာ စစ္ေျမျပင္နဲ႔ ပဋိပကၡေတြၾကားမွာ လိင္အၾကမ္းဖက္မႈေတြကုိ လက္နက္လုိ အသုံးျပဳမႈေတြကုိ တားဆီးမႈနဲ႔ အခုလုိ ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

(၆၈) ႏွစ္အရြယ္ရွိတဲ့ ဆရာဝန္ႀကီး Denis Mukwege ဟာ လိင္အၾကမ္းဖက္ခံထားရတဲ့ အမ်ိဳးသမီးေတြကုိ ခြဲစိတ္ကုသေပးတဲ့ ဆရာဝန္ႀကီးျဖစ္ပါတယ္။ အုပ္စုဖြဲ႕ မုဒိန္းမႈေတြကုိ ခံစားရတဲ့ အမ်ိဳးသမီးေတြကုိ ခြဲစိတ္ကုသေပးရၿပီး ရုပ္ပုိင္းဆုိင္ရာသာမက စိတ္ပုိင္းဆုိင္ရာက်န္းမာေအာင္ စြမ္းေဆာင္ႏုိင္ခဲ့သူျဖစ္ပါတယ္။ ကြန္ဂုိဒုတိယစစ္ပြဲမွာ လိင္သားေကာင္ျဖစ္ခဲ့ရတဲ့ အမ်ိဳးသမီးေထာင္ေပါင္းမ်ားစြာကုိ ကုသေပးခဲ့ၿပီး တစ္ေန႔မွာ (၁၈) နာရီအထိ အလုပ္လုပ္သူျဖစ္ပါတယ္။ လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔အတူ Panzi Hospital ႀကီးကုိ ထူေထာင္ခဲ့ၿပီး လိင္ပုိင္းဆုိင္ရာထိခုိက္မႈေတြကုိ ခြဲစိတ္ရာမွာ အေတာ္ဆုံးဆရာဝန္ႀကီးအျဖစ္ သတ္မွတ္ခံထားရပါတယ္။

အီရတ္ႏုိင္ငံသူ Nadia Murad ဟာ (၁၉) ႏွစ္အရြယ္တုန္းက ISIS အၾကမ္းဖက္သမားေတြက ဖမ္းဆီးရတာကုိ ခံခဲ့ရၿပီး ထြက္ေျပးဖုိ႔ ႀကိဳးစားခဲ့တာေၾကာင့္ မုဒိန္းက်င့္ခံခဲ့ရပါတယ္။ သုံးႏွစ္နီးပါး လိင္ကြ်န္ျဖစ္ၿပီးမွ ျပန္လြတ္လာတာျဖစ္ပါတယ္။ သူမဟာ လက္ရွိအခ်ိန္မွာ (၂၅) ႏွစ္ရွိလာၿပီျဖစ္ၿပီး ဘဝတူလိင္သားေကာင္ေတြကုိ စိတ္ဓာတ္ျပန္လည္ ျမင့္တက္လာေအာင္ ထူေထာင္ေပးေနတဲ့ Nadia’s Initiative ေဖာင္ေဒးရွင္းကုိလည္း ထူေထာင္ခဲ့ပါတယ္။

ႏုိဘယ္ဆုရွင္ေတြကုိ ဆြီဒင္ခရုိနာ ၉သန္း (အေမရိကန္ေဒၚလာ ၉၉၁,၂၆ဝ) ခ်ီးျမွင့္မွာျဖစ္ပါတယ္။ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာလည္း ၁၉၉၁ခုႏွစ္တုန္းက ဒီမုိကေရစီနဲ႔ လူ႕အခြင့္အေရးကုိ အၾကမ္းမဖက္ဘဲ တုိက္ပြဲဝင္ခဲဲ့တဲ့အတြက္ ၿငိမ္းခ်မ္းေရးႏုိဘယ္ဆုရရွိခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

၂ဝ၁၈ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို Denis Mukwege နဲ့ Nadia Murad တို့ ပူးတွဲရရှိပြီ

၂ဝ၁၈ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု (Nobel Peace Prize) ဆုကိုတော့ ကွန်ဂိုနိုင်ငံသား သားဖွားမီးယပ်ဆရာဝန်ကြီး Denis Mukwege နဲ့ အီရတ်နိုင်ငံသူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားရေးသမား Nadia Murad တို့က ပူးတွဲရရှိခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ စစ်မြေပြင်နဲ့ ပဋိပက္ခတွေကြားမှာ လိင်အကြမ်းဖက်မှုတွေကို လက်နက်လို အသုံးပြုမှုတွေကို တားဆီးမှုနဲ့ အခုလို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

(၆၈) နှစ်အရွယ်ရှိတဲ့ ဆရာဝန်ကြီး Denis Mukwege ဟာ လိင်အကြမ်းဖက်ခံထားရတဲ့ အမျိုးသမီးတွေကို ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။ အုပ်စုဖွဲ့ မုဒိန်းမှုတွေကို ခံစားရတဲ့ အမျိုးသမီးတွေကို ခွဲစိတ်ကုသပေးရပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ကွန်ဂိုဒုတိယစစ်ပွဲမှာ လိင်သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးထောင်ပေါင်းများစွာကို ကုသပေးခဲ့ပြီး တစ်နေ့မှာ (၁၈) နာရီအထိ အလုပ်လုပ်သူဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ Panzi Hospital ကြီးကို ထူထောင်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ခွဲစိတ်ရာမှာ အတော်ဆုံးဆရာဝန်ကြီးအဖြစ် သတ်မှတ်ခံထားရပါတယ်။

အီရတ်နိုင်ငံသူ Nadia Murad ဟာ (၁၉) နှစ်အရွယ်တုန်းက ISIS အကြမ်းဖက်သမားတွေက ဖမ်းဆီးရတာကို ခံခဲ့ရပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် မုဒိန်းကျင့်ခံခဲ့ရပါတယ်။ သုံးနှစ်နီးပါး လိင်ကျွန်ဖြစ်ပြီးမှ ပြန်လွတ်လာတာဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်မှာ (၂၅) နှစ်ရှိလာပြီဖြစ်ပြီး ဘဝတူလိင်သားကောင်တွေကို စိတ်ဓာတ်ပြန်လည် မြင့်တက်လာအောင် ထူထောင်ပေးနေတဲ့ Nadia’s Initiative ဖောင်ဒေးရှင်းကိုလည်း ထူထောင်ခဲ့ပါတယ်။

နိုဘယ်ဆုရှင်တွေကို ဆွီဒင်ခရိုနာ ၉သန်း (အမေရိကန်ဒေါ်လာ ၉၉၁,၂၆ဝ) ချီးမြှင့်မှာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၁၉၉၁ခုနှစ်တုန်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com