[Zawgyi]

ေဆးလြန္မႈျဖစ္အျပီး ပရိသတ္ေတြဆီ ပထမဆံုးစာေရးလိုက္တဲ့ Demi Lovato

ျပီးခဲ့တဲ့ လတုန္းက Demi Lovato တစ္ေယာက္ ေဆးဝါးအလြန္အကၽြံသံုးစြဲမႈျဖစ္အျပီးမွာ သူနဲ႔ ပက္သက္ျပီး သတင္းေတြ အမ်ားၾကီး သို႔ေလာ သုိ႔ေလာ ထြက္လာခဲ့ပါတယ္။ ဒီသတင္းေတြထဲမွာ Demi ေသဆံုးသြားျပီဆုိတဲ့ သတင္းထိ ဆိုုးဆိုးဝါးဝါးထြက္ေပၚလာခဲ့ျပီး ပရိသတ္ေတြကေတာ့ ဒီကိစၥအတြက္ Demi ဆီက စကားတစ္စံုတရာကို ေမွ်ာ္လင့္ေနခဲ့ပါတယ္။

Demi Lovato

Demi Lovato

အခ်ိန္အၾကာၾကီး ေစာင့္အျပီးမွာေတာ့ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က Demi Lovato ဟာ သူ႔ရဲ႕ Instagram Account မွာ စာေလးတင္ျပီး ပရိသတ္ကို သူ႔အေျခအေနအေၾကာင္း အသိေပးခဲ့ပါတယ္။ “ ကၽြန္မရဲ႕ စြဲလမ္းမႈေတြနဲ႔ ပက္သက္ျပီး ကၽြန္မဟာ အျမဲပြင့္ပြင့္လင္းလင္းရွိခဲ့ပါတယ္။ ဒီစြဲလမ္းမႈေတြကို ျဖတ္ေက်ာ္ႏုိင္ဖို႔ ဆက္လက္ၾကိဳးစားရမွာ ျဖစ္ျပီး အခုထိေတာ့ ၾကိဳးစားေနတုန္းပါပဲ” လို႔ ေဖာ္ျပခဲ့ပါတယ္။

A post shared by Demi Lovato (@ddlovato) on

Demi Lovato ဟာ ဇူလိုင္လ ၂၄ ရက္မွာ ေဆးရံုကို အေရးေပၚပို႔ေဆာင္ခဲ့ရျပီး ေနာက္ပိုင္းမွ အေျခအေနျပန္တည္ျငိမ္သြားခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေဆးလြန္မႈဟာ ဘယ္ေဆးဝါးေတြကို အလြန္အကၽြံသံုးစြဲမႈေၾကာင့္ ျဖစ္ရတယ္ဆုိတာေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့ပါဘူး။

Demi Lovato

Demi Lovato

ဆက္ျပီးေတာ့ Demi က သူ႔အေနနဲ႔ ဘုရားသခင္၊ သူ႔ရဲ႕ ပရိသတ္ေတြနဲ႔ မိသားစုေတြကိုလည္း ေက်းဇူးတင္ေၾကာင္းေရးသားခဲ့ျပီး ဒီလို စြဲလမ္းမႈေတြကို ေက်ာ္လႊားဖို႔ ဆက္လက္ျပီး တုိက္ခုိက္တြန္းလွန္သြားမယ္လုိ႔လည္း ဆုိပါတယ္။

Demi Lovato

Demi Lovato

သူဟာ ဆယ္ေက်ာ္သက္အရြယ္ Disney Star တစ္ေယာက္ဘဝတည္းက ကိုကိန္းစတင္သံုးစြဲခဲ့တာ ျဖစ္ျပီး ဒီတစ္ၾကိမ္မွာေတာ့ ေဆးလြန္တဲ့ အဆင့္ထိ ေရာက္ရွိခဲ့ျပီး အခုလို အျဖစ္မ်ိဳးၾကံဳေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : cnn.com
[Unicode]

ဆေးလွန်မှုဖြစ်အပြီး ပရိသတ်တွေဆီ ပထမဆုံးစာရေးလိုက်တဲ့ Demi Lovato

ပြီးခဲ့တဲ့ လတုန်းက Demi Lovato တစ်ယောက် ဆေးဝါးအလွန်အကျွံသုံးစွဲမှုဖြစ်အပြီးမှာ သူနဲ့ ပက်သက်ပြီး သတင်းတွေ အများကြီး သို့လော သို့လော ထွက်လာခဲ့ပါတယ်။ ဒီသတင်းတွေထဲမှာ Demi သေဆုံးသွားပြီဆိုတဲ့ သတင်းထိ ဆိုးဆိုးဝါးဝါးထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေကတော့ ဒီကိစ္စအတွက် Demi ဆီက စကားတစ်စုံတရာကို မျှော်လင့်နေခဲ့ပါတယ်။

Demi Lovato

Demi Lovato

အချိန်အကြာကြီး စောင့်အပြီးမှာတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Demi Lovato ဟာ သူ့ရဲ့ Instagram Account မှာ စာလေးတင်ပြီး ပရိသတ်ကို သူ့အခြေအနေအကြောင်း အသိပေးခဲ့ပါတယ်။ “ ကျွန်မရဲ့ စွဲလမ်းမှုတွေနဲ့ ပက်သက်ပြီး ကျွန်မဟာ အမြဲပွင့်ပွင့်လင်းလင်းရှိခဲ့ပါတယ်။ ဒီစွဲလမ်းမှုတွေကို ဖြတ်ကျော်နိုင်ဖို့ ဆက်လက်ကြိုးစားရမှာ ဖြစ်ပြီး အခုထိတော့ ကြိုးစားနေတုန်းပါပဲ” လို့ ဖော်ပြခဲ့ပါတယ်။

A post shared by Demi Lovato (@ddlovato) on

Demi Lovato ဟာ ဇူလိုင်လ ၂၄ ရက်မှာ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပြီး နောက်ပိုင်းမှ အခြေအနေပြန်တည်ငြိမ်သွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆေးလွန်မှုဟာ ဘယ်ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲမှုကြောင့် ဖြစ်ရတယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

Demi Lovato

Demi Lovato

ဆက်ပြီးတော့ Demi က သူ့အနေနဲ့ ဘုရားသခင်၊ သူ့ရဲ့ ပရိသတ်တွေနဲ့ မိသားစုတွေကိုလည်း ကျေးဇူးတင်ကြောင်းရေးသားခဲ့ပြီး ဒီလို စွဲလမ်းမှုတွေကို ကျော်လွှားဖို့ ဆက်လက်ပြီး တိုက်ခိုက်တွန်းလှန်သွားမယ်လို့လည်း ဆိုပါတယ်။

Demi Lovato

Demi Lovato

သူဟာ ဆယ်ကျော်သက်အရွယ် Disney Star တစ်ယောက်ဘဝတည်းက ကိုကိန်းစတင်သုံးစွဲခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဆေးလွန်တဲ့ အဆင့်ထိ ရောက်ရှိခဲ့ပြီး အခုလို အဖြစ်မျိုးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : cnn.com