[Zawgyi]

ေဆးအလြန္အကြ်ံသံုးစြဲမႈေၾကာင့္ေဆးရံုတင္လိုက္ရတဲ့ Demi Lovato

Hollywood နာမည္ႀကီးအဆိုေတာ္တစ္ေယာက္ျဖစ္သူ Demi Lovato ကေတာ့ ဇြန္လ ၂၄ရက္ ည ၁၁:၃၉ မိနစ္မွာပဲ ေဆးအလြန္ကြ်ံသံုးစြဲမႈနဲ႔ Los Angeles က ေဆးရံုတစ္ရံုကိုအေရးေပၚပို႔ေဆာင္ကုသျခင္း ခံခဲ့ရပါတယ္။

Los Angeles ရဲေတြရဲ႕ သတင္းေပးခ်က္အရ ည ၁၁:၃၉ မိနစ္မွာ ဖုန္းလက္ခံရခဲ့ၿပီး Demi ကို ေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ခဲ့ရတာျဖစ္ပါတယ္။ Narcan ေဆးဝါးေတြနဲ႔ ကုသေနၿပီး ခုမနက္ ၅နာရီမွာေတာ့ အေျခအေနတည္ၿငိမ္စျပဳလာၿပီလို႔ People Magazine က သတင္းရရွိခဲ့ပါတယ္။ ဟီး႐ိုးအင္း (Heroin) အလြန္အကၽြံသံုးစြဲမႈလို႔ သတင္းေတြပ်ံ႔ေနေပမယ့္ Demi နဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းကေတာ့ Heroin သံုးစြဲမႈဆိုတာကို ျငင္းဆန္ထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ျပန္လည္တည္ၿငိမ္လာၿပီလို႔သိရၿပီး ကမ႓ာတစ္ဝွမ္းက ပရိသတ္အမ်ားအျပားနဲ႔ နာမည္ႀကီး Celebrity ေတြ အမ်ားစုဟာ #prayfordemi ဆိုတဲ့ Hashtag ေတြနဲ႔ လူမႈကြန္ရက္ေတြမွာတင္ၿပီး Demi အတြက္ ဆုေတာင္းေပးေနၾကတာေတြ႕ရပါတယ္။

Demi Lovato ဟာ အရက္အလြန္အကြ်ံေသာက္သံုးမႈနဲ႔ ေဆးဝါးအလြန္အကြ်ံသံုးစြဲမႈဒဏ္ေတြခံစားေနရတာျဖစ္ၿပီး ၆ႏွစ္ေက်ာ္ေလာက္အရက္မေသာက္ခဲ့ရာက ဒီေႏြဦးမွာ အရက္ေတြအလြန္အကြ်ံေသာက္ခဲ့တာေတြ၊ သူ႔ဘဝဟာ ေပ်ာ္စရာမရွိေတာ့တာေတြအေၾကာင္း ပရိသတ္ကို အသိေပးခဲ့ပါတယ္။

ဒါ့အျပင္ ဇြန္လထဲမွာ ထြက္ရွိခဲ့တဲ့ “Sober” ဆိုတဲ့ သီခ်င္းထဲမွာလည္း သူမဟာ အရက္ကိုေရွာင္သူတစ္ေယာက္မျဖစ္ေတာ့တဲ့ အတြက္သူမရဲ႕ မိခင္ကိုေတာင္းပန္ေၾကာင္း၊ အရက္ေတြဆက္တိုက္ေသာက္မိေနလို႔ ဖခင္ကိုေတာင္းပန္ေၾကာင္း၊ သူမဆံုးရံႈးခဲ့ရတဲ့ ပရိသတ္ေတြကို ေတာင္းပန္ေၾကာင္း၊ သူမခုက်ရံႈးေနေပမယ့္ အကူအညီတစ္ခုခုရလာမွာပါလို႔ သီခ်င္းထဲမွာ ထည့္သြင္းေရးသားခဲ့ပါတယ္။

Demi Lovato တစ္ေယာက္ ျပန္လည္က်န္းမာေပ်ာ္ရႊင္ၿပီး အႏုပညာအလုပ္ေတြအမ်ားႀကီးဆက္လုပ္ဖို႔ ခုခ်ိန္မွာေတာ့ ပရိသတ္ေတြေရာ၊ လုပ္ေဖာ္ကိုင္ဖက္ Celebrity ေတြအားလံုးကပါ ဝန္းရံအားေပးေနၾကတာေတြ႕ရပါတယ္။ အျမန္ျပန္သက္သာၿပီး စင္ျမင့္ထက္မွာ သီခ်င္းေတြ ေပ်ာ္ေပ်ာ္ႀကီးသီဆိုႏိုင္ပါေစ Demi ေရ။

EiEiKhineMinn (Akhayar)

[Zawgyi]

ဆေးအလွန်အကျွံသုံးစွဲမှုကြောင့်ဆေးရုံတင်လိုက်ရတဲ့ Demi Lovato

Hollywood နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်သူ Demi Lovato ကတော့ ဇွန်လ ၂၄ရက် ည ၁၁:၃၉ မိနစ်မှာပဲ ဆေးအလွန်ကျွံသုံးစွဲမှုနဲ့ Los Angeles က ဆေးရုံတစ်ရုံကိုအရေးပေါ်ပို့ဆောင်ကုသခြင်း ခံခဲ့ရပါတယ်။

Los Angeles ရဲတွေရဲ့ သတင်းပေးချက်အရ ည ၁၁:၃၉ မိနစ်မှာ ဖုန်းလက်ခံရခဲ့ပြီး Demi ကို ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။ Narcan ဆေးဝါးတွေနဲ့ ကုသနေပြီး ခုမနက် ၅နာရီမှာတော့ အခြေအနေတည်ငြိမ်စပြုလာပြီလို့ People Magazine က သတင်းရရှိခဲ့ပါတယ်။ ဟီးရိုးအင်း (Heroin) အလွန်အကျွံသုံးစွဲမှုလို့ သတင်းတွေပျံ့နေပေမယ့် Demi နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ Heroin သုံးစွဲမှုဆိုတာကို ငြင်းဆန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ပြန်လည်တည်ငြိမ်လာပြီလို့သိရပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်အများအပြားနဲ့ နာမည်ကြီး Celebrity တွေ အများစုဟာ #prayfordemi ဆိုတဲ့ Hashtag တွေနဲ့ လူမှုကွန်ရက်တွေမှာတင်ပြီး Demi အတွက် ဆုတောင်းပေးနေကြတာတွေ့ရပါတယ်။

Demi Lovato ဟာ အရက်အလွန်အကျွံသောက်သုံးမှုနဲ့ ဆေးဝါးအလွန်အကျွံသုံးစွဲမှုဒဏ်တွေခံစားနေရတာဖြစ်ပြီး ၆နှစ်ကျော်လောက်အရက်မသောက်ခဲ့ရာက ဒီနွေဦးမှာ အရက်တွေအလွန်အကျွံသောက်ခဲ့တာတွေ၊ သူ့ဘဝဟာ ပျော်စရာမရှိတော့တာတွေအကြောင်း ပရိသတ်ကို အသိပေးခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လထဲမှာ ထွက်ရှိခဲ့တဲ့ “Sober” ဆိုတဲ့ သီချင်းထဲမှာလည်း သူမဟာ အရက်ကိုရှောင်သူတစ်ယောက်မဖြစ်တော့တဲ့ အတွက်သူမရဲ့ မိခင်ကိုတောင်းပန်ကြောင်း၊ အရက်တွေဆက်တိုက်သောက်မိနေလို့ ဖခင်ကိုတောင်းပန်ကြောင်း၊ သူမဆုံးရှုံးခဲ့ရတဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း၊ သူမခုကျရှုံးနေပေမယ့် အကူအညီတစ်ခုခုရလာမှာပါလို့ သီချင်းထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

Demi Lovato တစ်ယောက် ပြန်လည်ကျန်းမာပျော်ရွှင်ပြီး အနုပညာအလုပ်တွေအများကြီးဆက်လုပ်ဖို့ ခုချိန်မှာတော့ ပရိသတ်တွေရော၊ လုပ်ဖော်ကိုင်ဖက် Celebrity တွေအားလုံးကပါ ဝန်းရံအားပေးနေကြတာတွေ့ရပါတယ်။ အမြန်ပြန်သက်သာပြီး စင်မြင့်ထက်မှာ သီချင်းတွေ ပျော်ပျော်ကြီးသီဆိုနိုင်ပါစေ Demi ရေ။

EiEiKhineMinn (Akhayar)