[Zawgyi]

ဖိအားေတြကို ဆြဲယူထားသူ စပါးအသင္းက ေလဟာနယ္၊ အေမ့ခံ ဒမ္ဘီလီ

BBC မွာေဘာလံုးသံုးသပ္သူေတြအျဖစ္ ေဆာင္ရြက္ေနတဲ့ စပါးအသင္းကြင္းလယ္လူေဟာင္း ဂ်ာမိန္းဂ်ီးနပ္စ္ Jermaine Jenas က ဒမ္ဘီလီ Dembele ဟာ ေလဟာနယ္တစ္ခုလိုပဲ။ သူ႔ေျခထဲ ေဘာလံုးရၿပီဆိုရင္ ၿပိဳင္ဘက္ကစားသမားေတြကို ဆြဲေခၚသြားတတ္တယ္။ လြယ္ကူရွင္းလင္းေအာင္ေျပာရရင္ ဂ်ဴဗင္တပ္စ္နဲ႔ ခ်န္ပီယံလိဂ္ပြဲတုန္းက သူ႕ဆီက ေဘာလံုးကို ခီဒီရာ Khedira ၀င္လုတယ္။ မရဘူး ဒမ္ဘီလီေက်ာ္ျဖတ္လုိက္ တယ္။ ဒီအခ်ိန္မွာ အသင္းေဖာ္တစ္ေယာက္ေယာက္ဆီ သူေဘာလံုးေပးလုိက္လို႔ရပါၿပီ။ ဒါေပမဲ့ သူမေပးေသးဘူး။ ပိုေကာင္းမယ့္အခြင့္အေရးကို ရွာေဖြေနတယ္။ ေနာက္ထပ္ဂ်ဴဗင္တပ္စ္ကစားသမားတစ္ဦး၊ သူ႕အနားေရာက္လာတယ္။ ယာနစ္ Pjanic ၊ ခီဒီရာထပ္ၿပီးေက်ာ္ျဖတ္လုိက္တယ္။ ၿပီးမွ စပါးအသင္းေဖာ္အဲရစ္ဆင္ Eriksen ဆီေပးလုိက္တယ္။ ေဘာလံုးလက္ခံရယူသူ အဲရစ္ဆစ္တစ္ေယာက္ သက္ေသာင့္သက္သာရိွခဲ့ပါတယ္။

ဒမ္ဘီလီဟာဖိအားအေရခြံနဲ႔ ကစားသမားတစ္ဦးလို႔ဆိုရမလား။ ကြင္းလယ္မွာရင္ဆုိင္ေတြ႕ႏုိင္တဲ့ဖိအားေတြကို သူတတ္စြမ္းသမွ်လက္ခံယူထားတယ္။ ၿပီးမွအခြင့္အလမ္းေကာင္းေတြရွိေနတဲ့ အသင္းေဖာ္ေတြဆိုေပးတတ္တယ္။ နည္းစနစ္ပိုင္းအရ ေက်ညက္စြာကစားႏုိင္တယ္။ ပြဲတစ္ပြဲမွာ သူ႕ရဲ႕အေကာင္းဆံုးအရည္အေသြးဟာ Passing Ability ပါပဲ။ ဒါေပမဲ့ Pass ျဖစ္ၿပီးေရာ၊ အမွားနည္းၿပီးေရာဆုိၿပီး ကစားတတ္သူမဟုတ္ပါဘူး။ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ သူေဘာလံုးရထားၿပီဆိုရင္ အရင္ဆံုးလုိက္ရွာတာက အဲရစ္ဆင္ကိုပါပဲ။ အဲရစ္ဆင္က စပါးအသင္းရဲ႕ Creative Director လို႔တင္စားရမွာျဖစ္သလို၊ စပါးအသင္းမွာ ဒမ္ဘီလီအခင္မင္ရဆံုးမိတ္ေဆြျဖစ္ေနလို႔လည္း ေဘာလံုးေပးမယ္ဆုိရင္ ဒမ္ဘီလီအရင္ဆံုးစဥ္းစားမိတာ အဲရစ္ဆင္ကိုပါပဲ။ အဲရစ္ဆင္က ၿပိဳင္ဘက္ခံစစ္ဇုန္ထဲက Space ေတြကိုအသံုးခ်ႏုိင္စြမ္းျမင့္မားတယ္ဆုိတာ ဒမ္ဘီလီနားလည္ထားပါတယ္။ လက္ရွိအခ်ိန္မွာ ဒမ္ဘီလီဟာ Deeper Role မွာအသံုးေတာ္ခံေနရေပမယ့္ ပရီးမီးယားလိဂ္ကိုစေရာက္ေတာ့  ေတာင္ပံကစားသမားအျဖစ္နဲ႔ပါပဲ။ ဖူလ္ဟမ္အသင္းနည္းျပ မာတင္ဂ်ဳိးလ္ Martin Joe က သူ႕ကိုကြင္းလယ္ကို ေျပာင္းလဲကစားေစခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီတုန္းကတုိက္စစ္ကိုဦးစားေပးရေပမယ့္ အခုအခ်ိန္မွာ တျဖည္းျဖည္းနဲ႔ကြင္းလယ္ခံစစ္ဘက္ပိုေရာက္လာတယ္။ တခါတေလက်ရင္ ခံစစ္ေလးေယာက္တန္းရဲ႕ ေရွ႕မွာ Cover Up လုပ္ရတဲ့ပံုစံမ်ဳိးကစားေနရပါတယ္။ ဒါေပမဲ့ ဒမ္ဘီလီက ညည္းညဴမေနပါဘူး။ ျမက္ခင္းစိမ္းေပၚမွာက်ရာဇာတ္႐ုပ္အတုိင္း သ႐ုပ္ေဆာင္ေနပါတယ္။

ဂ်ီးနပ္စ္က စပါးအသင္းမွာ ဒမ္ဘီလီနဲ႔ဆံုခဲ့ဖူးပါတယ္။ ဒမ္ဘီလီဟာ အရည္အခ်င္းရွိတဲ့ Gifted Player ဆိုတာ ဂ်ီးနပ္စ္သိထားပါတယ္။ ဒါေပမဲ့ သူ႕ဆီကေနတိက်ေသသပ္တဲ့ Assist ေတြကိုျမင္ရမွာမဟုတ္ဘူး။ နည္းျပေတြက သူ႕ဆီကေနသြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြ ေတာင္းဆုိမယ္ဆိုရင္ ဆႏၵျပည့္မွာမဟုတ္ဘူး။ သူ႕ရဲ႕ကစားဟန္အရေရာ၊ ပင္ကုိယ္စိတ္ထားအရေရာ ဒမ္ဘီလီဟာတစ္ကိုယ္ရည္စာေက်ာ္ၾကားလိုစိတ္ထက္ အသင္းေဖာ္ေတြကို ကူညီေပးခ်င္ေနတာလု႔ိ ဂ်ီးနပ္စ္ကသံုးသပ္ခဲ့ပါတယ္။

ဒမ္ဘီလီရဲ႕ အသက္က (၃၀)နားကပ္ေနပါၿပီ။ သူဟာဥေရာပေဘာလံုးေလာကရဲ႕ လူႀကိဳက္အမ်ားဆံုး ကြင္းလယ္လူေတြထဲ မပါႏုိင္ပါဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့စပါးအသင္းရဲ႕ ပြဲက်ပ္ကာလမွာမရွိမျဖစ္ကစားသမားအျဖစ္ ကိုယ္ေရာင္ကိုယ္၀ါေတာက္ပခဲ့တယ္။ စပါးအသင္းက မန္ခ်က္စတာယူႏုိက္တက္၊ လီဗာပူးလ္၊ အာဆင္နယ္၊ ဂ်ဴဗင္တပ္စ္အသင္းေတြနဲ႔ ခေယာင္းလမ္းကိုျဖတ္သန္းခဲ့ရေပမယ့္ အာဆင္နယ္ကိုအႏုိင္ရၿပီး က်န္သံုးသင္းကို သေရကစားႏုိင္ခဲ့ပါတယ္။ ခေယာင္းလမ္းျဖတ္ေက်ာ္ေရးခရီးစဥ္မွာ ဒမ္ဘီလီဟာ ခ်န္ထားမရသူတစ္ဦးပါပဲ။ ဒမ္ဘီလီရဲ႕အျပစ္အနာအဆာဟာ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈနည္းပါးျခင္းလို႔ ဆိုခဲ့ၿပီးပါၿပီ။ သူ႕ရဲ႕ေနာက္ထပ္ကံၾကမၼာဆိုးက ဒဏ္ရာျပႆနာပါပဲ။ ဒမ္ဘီလီဟာေျခဖ၀ါးဒဏ္ရာကို ႏွစ္ရွည္လမ်ားစြာခံစားလာရၿပီး ခဲြစိတ္ခဲ့ေပမယ့္ အရွင္းမေပ်ာက္ေသးပါဘူး။ ဒါေၾကာင့္လည္း စပါးအသင္းအတြက္ ဒမ္ဘီလီပြဲခ်ိန္ျပည့္မကစားေပးႏုိင္ဘူး။ စပါးကို ဒမ္ဘီလီစတင္ေရာက္ရွိတဲ့ ၂၀၁၂ ခုႏွစ္ကေန စတင္ၿပီးေရတြက္မယ္ဆုိရင္ သူကစားခဲ့တဲ့ပြဲေပါင္း (၃၀၉)ပြဲမွာ ပြဲခ်ိန္ျပည့္ပါ၀င္ကစားႏုိင္တာ (၇၈)ပြဲ၊ ပြဲအားလံုးရဲ႕ (၂၅)ရာခိုင္ႏႈန္းပဲ ရွိေနပါတယ္။ ကံေကာင္းတာက ဒမ္ဘီလီဟာဒဏ္ရာျပႆနာကိုမၾကာခဏႀကံဳရတတ္ေပမယ့္ အခ်ိန္အၾကာႀကီးအနားမယူရတာပါပဲ။ ဒဏ္ရာကာလေတြမွာ (၈)ပြဲဆက္ပိုၿပီးအနားယူရတာမ်ဳိး မရွိခဲ့ပါဘူး။

စပါးနည္းျပပိုခ်က္တီိႏုိ Pochettino က ဒမ္ဘီလီပြဲခ်ိန္ျပည့္ဘယ္ေတာ့ကစားႏုိင္မလဲလို႔ သူ႕အသင္းေဆးအဖြဲ႕ကို ေမးတတ္ပါတယ္။ ပိုခ်က္တီႏုိရဲ႕ ေမးခြန္းကိုစပါးေဆးအဖြဲ႕က ေခါင္းခါၿပီးျပန္ေျဖပါတယ္။ ဒီေတာ့ ပိုခ်က္တီႏိုဟာ သူ႕ရဲ႕ကြင္းလယ္အင္ဂ်င္တစ္လံုးကို ဂ႐ုတစိုက္သံုးစြဲေနရပါတယ္။ ဒမ္ဘီလီကိုယ္တုိင္ကလည္း ပြဲခ်ိန္ျပည့္ကစားဖို႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ ၀န္ခံထားတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ စပါးဟာပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏုိင္စြမ္းရွိလာတယ္။ ခ်န္ပီယံလိဂ္မွာလူ႐ိုေသ၊ ရွင္ရွိေသျဖစ္လာတယ္။ စပါးရဲ႕ တုိးတက္ေျပာင္းလဲျခင္းခရီးစဥ္မွာ ဟာရီကိန္း Harry Kane ၊ အယ္လီ၊ အဲရစ္ဆင္စတဲ့ ေရႊေရာင္မ်က္ႏွာဖံုးေတြအေၾကာင္းဟာ လူေျပာမ်ားပါတယ္။ ဒါေပမဲ့ လူေတြေမ့ေနတဲ့ အညတရသူရဲေကာင္းတစ္ဦးဟာ ဒမ္ဘီလီပါပဲ။ သူ႕ရဲ႕စပါးအသင္းကစားသမားဘ၀မွတ္တမ္းေတြမွာ သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြ မၿခံရံထားပါဘူး။ အသင္းေဖာ္ေတြကို ကူညီလုိစိတ္နဲ႔ မဆုတ္မနစ္ႀကိဳးစားကစားလိုစိတ္ေတြသာ တဖိတ္ဖိတ္လက္ေနပါလိမ့္မယ္။

ဒမ္ဘီလီရဲ႕ ရာသီအလုိက္မွတ္တမ္း(ပရီးမီးယားလိဂ္)

၂၀၁၂-၁၃ ပြဲ (၃၀) ပြဲ၊ ႏုိင္ပြဲရရွိမႈရာခိုင္ႏႈန္း (၆၅ .၄)

၂၀၁၃-၁၄ ပဲြ (၂၈) ပြဲ၊ ႏုိင္ပြဲရာခုိင္ႏႈန္း (၆၃ .၅)

၂၀၁၄-၁၅ ပြဲ (၂၆)ပြဲ ၊ ႏုိင္ပြဲရရွိမႈရာခိုင္ႏႈန္း (၅၀)

၂၀၁၅-၁၆ ပဲြ (၂၉) ပြဲ၊ ႏုိင္ပြဲရာခုိင္ႏႈန္း (၅၅ .၆)

၂၀၁၆-၁၇ ပြဲ (၃၀)၊ ႏုိင္ပြဲရရွိမႈရာခိုင္ႏႈန္း (၆၆ .၇)

၂၀၁၇=၁၈ ပဲြ (၂၀) ပြဲ၊ ႏုိင္ပြဲရာခုိင္ႏႈန္း (၄၂ .၉)

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဖိအားတွေကို ဆွဲယူထားသူ စပါးအသင်းက လေဟာနယ်၊ အမေ့ခံ ဒမ်ဘီလီ

BBC မှာဘောလုံးသုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ စပါးအသင်းကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနပ်စ် Jermaine Jenas က ဒမ်ဘီလီ Dembele ဟာ လေဟာနယ်တစ်ခုလိုပဲ။ သူ့ခြေထဲ ဘောလုံးရပြီဆိုရင် ပြိုင်ဘက်ကစားသမားတွေကို ဆွဲခေါ်သွားတတ်တယ်။ လွယ်ကူရှင်းလင်းအောင်ပြောရရင် ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲတုန်းက သူ့ဆီက ဘောလုံးကို ခီဒီရာ Khedira ဝင်လုတယ်။ မရဘူး ဒမ်ဘီလီကျော်ဖြတ်လိုက် တယ်။ ဒီအချိန်မှာ အသင်းဖော်တစ်ယောက်ယောက်ဆီ သူဘောလုံးပေးလိုက်လို့ရပါပြီ။ ဒါပေမဲ့ သူမပေးသေးဘူး။ ပိုကောင်းမယ့်အခွင့်အရေးကို ရှာဖွေနေတယ်။ နောက်ထပ်ဂျူဗင်တပ်စ်ကစားသမားတစ်ဦး၊ သူ့အနားရောက်လာတယ်။ ယာနစ် Pjanic ၊ ခီဒီရာထပ်ပြီးကျော်ဖြတ်လိုက်တယ်။ ပြီးမှ စပါးအသင်းဖော်အဲရစ်ဆင် Eriksen ဆီပေးလိုက်တယ်။ ဘောလုံးလက်ခံရယူသူ အဲရစ်ဆစ်တစ်ယောက် သက်သောင့်သက်သာရှိခဲ့ပါတယ်။

ဒမ်ဘီလီဟာဖိအားအရေခွံနဲ့ ကစားသမားတစ်ဦးလို့ဆိုရမလား။ ကွင်းလယ်မှာရင်ဆိုင်တွေ့နိုင်တဲ့ဖိအားတွေကို သူတတ်စွမ်းသမျှလက်ခံယူထားတယ်။ ပြီးမှအခွင့်အလမ်းကောင်းတွေရှိနေတဲ့ အသင်းဖော်တွေဆိုပေးတတ်တယ်။ နည်းစနစ်ပိုင်းအရ ကျေညက်စွာကစားနိုင်တယ်။ ပွဲတစ်ပွဲမှာ သူ့ရဲ့အကောင်းဆုံးအရည်အသွေးဟာ Passing Ability ပါပဲ။ ဒါပေမဲ့ Pass ဖြစ်ပြီးရော၊ အမှားနည်းပြီးရောဆိုပြီး ကစားတတ်သူမဟုတ်ပါဘူး။ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ သူဘောလုံးရထားပြီဆိုရင် အရင်ဆုံးလိုက်ရှာတာက အဲရစ်ဆင်ကိုပါပဲ။ အဲရစ်ဆင်က စပါးအသင်းရဲ့ Creative Director လို့တင်စားရမှာဖြစ်သလို၊ စပါးအသင်းမှာ ဒမ်ဘီလီအခင်မင်ရဆုံးမိတ်ဆွေဖြစ်နေလို့လည်း ဘောလုံးပေးမယ်ဆိုရင် ဒမ်ဘီလီအရင်ဆုံးစဉ်းစားမိတာ အဲရစ်ဆင်ကိုပါပဲ။ အဲရစ်ဆင်က ပြိုင်ဘက်ခံစစ်ဇုန်ထဲက Space တွေကိုအသုံးချနိုင်စွမ်းမြင့်မားတယ်ဆိုတာ ဒမ်ဘီလီနားလည်ထားပါတယ်။ လက်ရှိအချိန်မှာ ဒမ်ဘီလီဟာ Deeper Role မှာအသုံးတော်ခံနေရပေမယ့် ပရီးမီးယားလိဂ်ကိုစရောက်တော့  တောင်ပံကစားသမားအဖြစ်နဲ့ပါပဲ။ ဖူလ်ဟမ်အသင်းနည်းပြ မာတင်ဂျိုးလ် Martin Joe က သူ့ကိုကွင်းလယ်ကို ပြောင်းလဲကစားစေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတိုက်စစ်ကိုဦးစားပေးရပေမယ့် အခုအချိန်မှာ တဖြည်းဖြည်းနဲ့ကွင်းလယ်ခံစစ်ဘက်ပိုရောက်လာတယ်။ တခါတလေကျရင် ခံစစ်လေးယောက်တန်းရဲ့ ရှေ့မှာ Cover Up လုပ်ရတဲ့ပုံစံမျိုးကစားနေရပါတယ်။ ဒါပေမဲ့ ဒမ်ဘီလီက ညည်းညူမနေပါဘူး။ မြက်ခင်းစိမ်းပေါ်မှာကျရာဇာတ်ရုပ်အတိုင်း သရုပ်ဆောင်နေပါတယ်။

ဂျီးနပ်စ်က စပါးအသင်းမှာ ဒမ်ဘီလီနဲ့ဆုံခဲ့ဖူးပါတယ်။ ဒမ်ဘီလီဟာ အရည်အချင်းရှိတဲ့ Gifted Player ဆိုတာ ဂျီးနပ်စ်သိထားပါတယ်။ ဒါပေမဲ့ သူ့ဆီကနေတိကျသေသပ်တဲ့ Assist တွေကိုမြင်ရမှာမဟုတ်ဘူး။ နည်းပြတွေက သူ့ဆီကနေသွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ တောင်းဆိုမယ်ဆိုရင် ဆန္ဒပြည့်မှာမဟုတ်ဘူး။ သူ့ရဲ့ကစားဟန်အရရော၊ ပင်ကိုယ်စိတ်ထားအရရော ဒမ်ဘီလီဟာတစ်ကိုယ်ရည်စာကျော်ကြားလိုစိတ်ထက် အသင်းဖော်တွေကို ကူညီပေးချင်နေတာလု့ိ ဂျီးနပ်စ်ကသုံးသပ်ခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ အသက်က (၃၀)နားကပ်နေပါပြီ။ သူဟာဥရောပဘောလုံးလောကရဲ့ လူကြိုက်အများဆုံး ကွင်းလယ်လူတွေထဲ မပါနိုင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့စပါးအသင်းရဲ့ ပွဲကျပ်ကာလမှာမရှိမဖြစ်ကစားသမားအဖြစ် ကိုယ်ရောင်ကိုယ်ဝါတောက်ပခဲ့တယ်။ စပါးအသင်းက မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ ခယောင်းလမ်းကိုဖြတ်သန်းခဲ့ရပေမယ့် အာဆင်နယ်ကိုအနိုင်ရပြီး ကျန်သုံးသင်းကို သရေကစားနိုင်ခဲ့ပါတယ်။ ခယောင်းလမ်းဖြတ်ကျော်ရေးခရီးစဉ်မှာ ဒမ်ဘီလီဟာ ချန်ထားမရသူတစ်ဦးပါပဲ။ ဒမ်ဘီလီရဲ့အပြစ်အနာအဆာဟာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနည်းပါးခြင်းလို့ ဆိုခဲ့ပြီးပါပြီ။ သူ့ရဲ့နောက်ထပ်ကံကြမ္မာဆိုးက ဒဏ်ရာပြဿနာပါပဲ။ ဒမ်ဘီလီဟာခြေဖဝါးဒဏ်ရာကို နှစ်ရှည်လများစွာခံစားလာရပြီး ခွဲစိတ်ခဲ့ပေမယ့် အရှင်းမပျောက်သေးပါဘူး။ ဒါကြောင့်လည်း စပါးအသင်းအတွက် ဒမ်ဘီလီပွဲချိန်ပြည့်မကစားပေးနိုင်ဘူး။ စပါးကို ဒမ်ဘီလီစတင်ရောက်ရှိတဲ့ ၂၀၁၂ ခုနှစ်ကနေ စတင်ပြီးရေတွက်မယ်ဆိုရင် သူကစားခဲ့တဲ့ပွဲပေါင်း (၃၀၉)ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားနိုင်တာ (၇၈)ပွဲ၊ ပွဲအားလုံးရဲ့ (၂၅)ရာခိုင်နှုန်းပဲ ရှိနေပါတယ်။ ကံကောင်းတာက ဒမ်ဘီလီဟာဒဏ်ရာပြဿနာကိုမကြာခဏကြုံရတတ်ပေမယ့် အချိန်အကြာကြီးအနားမယူရတာပါပဲ။ ဒဏ်ရာကာလတွေမှာ (၈)ပွဲဆက်ပိုပြီးအနားယူရတာမျိုး မရှိခဲ့ပါဘူး။

စပါးနည်းပြပိုချက်တီနို Pochettino က ဒမ်ဘီလီပွဲချိန်ပြည့်ဘယ်တော့ကစားနိုင်မလဲလို့ သူ့အသင်းဆေးအဖွဲ့ကို မေးတတ်ပါတယ်။ ပိုချက်တီနိုရဲ့ မေးခွန်းကိုစပါးဆေးအဖွဲ့က ခေါင်းခါပြီးပြန်ဖြေပါတယ်။ ဒီတော့ ပိုချက်တီနိုဟာ သူ့ရဲ့ကွင်းလယ်အင်ဂျင်တစ်လုံးကို ဂရုတစိုက်သုံးစွဲနေရပါတယ်။ ဒမ်ဘီလီကိုယ်တိုင်ကလည်း ပွဲချိန်ပြည့်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံထားတယ်။ နောက်ပိုင်းနှစ်တွေမှာ စပါးဟာပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိလာတယ်။ ချန်ပီယံလိဂ်မှာလူရိုသေ၊ ရှင်ရှိသေဖြစ်လာတယ်။ စပါးရဲ့ တိုးတက်ပြောင်းလဲခြင်းခရီးစဉ်မှာ ဟာရီကိန်း Harry Kane ၊ အယ်လီ၊ အဲရစ်ဆင်စတဲ့ ရွှေရောင်မျက်နှာဖုံးတွေအကြောင်းဟာ လူပြောများပါတယ်။ ဒါပေမဲ့ လူတွေမေ့နေတဲ့ အညတရသူရဲကောင်းတစ်ဦးဟာ ဒမ်ဘီလီပါပဲ။ သူ့ရဲ့စပါးအသင်းကစားသမားဘဝမှတ်တမ်းတွေမှာ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ မခြံရံထားပါဘူး။ အသင်းဖော်တွေကို ကူညီလိုစိတ်နဲ့ မဆုတ်မနစ်ကြိုးစားကစားလိုစိတ်တွေသာ တဖိတ်ဖိတ်လက်နေပါလိမ့်မယ်။

ဒမ်ဘီလီရဲ့ ရာသီအလိုက်မှတ်တမ်း(ပရီးမီးယားလိဂ်)

၂၀၁၂-၁၃ ပွဲ (၃၀) ပွဲ၊ နိုင်ပွဲရရှိမှုရာခိုင်နှုန်း (၆၅ .၄)

၂၀၁၃-၁၄ ပွဲ (၂၈) ပွဲ၊ နိုင်ပွဲရာခိုင်နှုန်း (၆၃ .၅)

၂၀၁၄-၁၅ ပွဲ (၂၆)ပွဲ ၊ နိုင်ပွဲရရှိမှုရာခိုင်နှုန်း (၅၀)

၂၀၁၅-၁၆ ပွဲ (၂၉) ပွဲ၊ နိုင်ပွဲရာခိုင်နှုန်း (၅၅ .၆)

၂၀၁၆-၁၇ ပွဲ (၃၀)၊ နိုင်ပွဲရရှိမှုရာခိုင်နှုန်း (၆၆ .၇)

၂၀၁၇=၁၈ ပွဲ (၂၀) ပွဲ၊ နိုင်ပွဲရာခိုင်နှုန်း (၄၂ .၉)

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။