[Zawgyi]

XPS လို ဆြဲေဆာင္မႈရွိျပီး ဒီဇုိင္းလွပတဲ့ Laptop သုံးမ်ိုဳး မိတ္ဆက္လိုက္တဲ့ Dell

IFA 2018 နည္းပညာ ျပပြဲမွာ Dell မိတ္ဆက္လိုက္တဲ့ Laptop အသစ္ေတြကို ရုတ္တရက္ ျမင္လိုက္ရင္ XPS လားလို႔ အထင္မွားသြားႏိုင္ပါတယ္။ ဒီဇိုင္းပိုင္းမွာ ခပ္ထူထူ ပလတ္စတစ္ ေဘာ္ဒီအစား ပိုပါးလႊာတဲ့ သတၳဳကိုယ္ထည္ ေျပာင္းသုံးထားလို႔ XPS ေမာ္ဒယ္အသစ္လုိ႔ေတာင္ ထင္မိသြားႏိုင္ပါတယ္။ ဒီလို ဒီဇိုင္းပုိုင္း ေျပာင္းလဲလာခဲ့ျပီး Performance ပိုေကာင္းတဲ့ 8th Generation Intel Processor နဲ႔ အားျဖည့္လိုက္သလို စမတ္ဖုန္းေတြေရာ Laptop ေတြမွာပါ ေခတ္စားလာေနတဲ့ ေဘးေဘာင္မဲ့ Display Inspiron ေမာ္ဒယ္ ေတြမွာ ပါဝင္လာခဲ့ပါျပီ။

Beautiful & Stunning Display

2-in-1 Inspiron 5000 & 7000 Series

အခုလုိ သိသာထင္ရွားတဲ့ အဆင့္ျမွင့္တင္မႈအျပင္ Inspiron 5000 & 7000 Series အသစ္မွာ အပူစြန္႔ထုတ္မႈ ပိုအားေကာင္းတဲ့ Thermal Design အသုံးျပဳထားပါျပီ။ Dell အဆိုရ Laptop Mode နဲ႔သုံးသုံး Tablet Mode နဲသုံးသုံး ေလပူမႈတ္ထုတ္ရ ပိုလြယ္ေအာင္ အပူစုပ္ပိုက္ေတြကို Laptop ရဲ႕ ၃၆၀ ဒီဂရီ အေနထားတိုင္း တည္ေဆာက္ထားပါတယ္။ အားသာခ်က္ ေနာက္တခုက Windows 10 မွာ ပါဝင္လာတဲ့ Standby Feature ကို Fingerprint Sensor နဲ႔ အဆင့္ျမွင့္လိုက္ျပီး ဘက္ထရီ အားနည္းေနလို႔ျဖစ္ျဖစ္၊ ကြန္ပ်ဴတာဖြင့္ဖို႔ ပါဝါခလုတ္ႏွိပ္စရာ မလိုဘဲ Scanner နဲ႔ ခ်က္ခ်င္းဖြင့္လို႔ရေအာင္ Software ပိုင္း Upgrade လုပ္ထားတဲ့အခ်က္ပါ။

Scanner along with power button

Inspiron 7000 Series

ေနာက္ျပီး USB-C Port ကို အားသြင္းဖို႔အတြက္ေရာ Display Port အေနနဲ႔ပါ သုံးလို႔ရသလို Alexa Assistant နဲ႔ ခ်ိတ္ဆက္ လို႔ရေသးတဲ့ အခ်က္ေတြက Inspiron စီးရီး Laptop ေတြမွာ ပထမဆုံး ပါဝင္လာတဲ့ အားသာခ်က္ပါ။ Inspiron 7000 စီးရီးေတြမွာ ၁၃ လက္မ၊ ၁၅ လက္မနဲ႔ ၁၇ လက္မ ဆိုျပီး Laptop သုံးမ်ိဳးေရြးခ်ယ္လို႔ ရသလို အေသးဆုံး ၁၃ လက္မေမာ္ဒယ္မွာ USB-C Port နဲ႔ USB-A Port တခုစီပဲ ပါဝင္သလို HDMI 2.0 Port နဲ႔ microSD Slot တခုစီ ပါဝင္ပါတယ္။ ၁၅ လက္မနဲ႔ ၁၇ လက္မ ေတြမွာေတာ့ USB-A Port အပိုပါလာျပီး Full Size SD Card Reader ပါဝင္ပါတယ္။ ေနာက္ျပီး လက္မပိုၾကီးတဲ့ Inspiron 7000 ေမာ္ဒယ္ႏွစ္မ်ိိဳးမွာ MX130 နဲ႔ MX150 ဆိုျပီး Nvidia ကတ္ေတြ ေရြးခ်ယ္ႏိုင္ပါေသးတယ္။

The Same XPS like Design

Inspiron 5000 Series

Inspiron 5000 ေမာ္ဒယ္ကို ၁၄ လက္မ တမ်ိဳးပဲ ထုတ္မွာျဖစ္သလို ေအာက္တိုဘာလ ၂ ရက္ေန႔က်ရင္ ေဒၚလာ ၆၀၀ နဲ႔ ေရာင္းခ်သြားမွာပါ။ 7000 စီးရီး ေမာ္ဒယ္ေတြကိုေတာ့ ေဒၚလာ ၈၅၀ ေစ်းခင္းထားျပီး အျမင့္ဆုံး ေဒၚလာ ၁၁၀၀ သတ္မွတ္ထားပါတယ္။ ဒီ Inspiron ေမာ္ဒယ္အားလုံးမွာ Black Edition ဆိုျပီး ေနာက္ထပ္ ေဒၚလာ ၄၀၀ ထပ္ သုံးလိုက္ရင္ ေငြေရာင္ကိုယ္ထည္အစား အနက္ေရာင္ Inspiron တလုံး ပိုင္ဆိုင္ႏိုင္မယ့္ ေရြးခ်ယ္မႈရွိပါေသးတယ္။

Plenty of Ports (Hello! Alexa)

Chromebook 14

ဒီလို Windows Laptop ျပီးသြားလို႔ ရုံးသုံး၊ ေက်ာင္းသုံး Chromebook တလုံးကို စတိုင္က်က်၊ ဒီဇိုင္းလွလွ သုံးခ်င္ေသးတယ္ဆိုရင္ Dell မိတ္ဆက္လိုက္တဲ့ Chromebook အသစ္က ေရြးခ်ယ္စရာ ျဖစ္ေနဦးမွာပါ။ Samsung ထုတ္ Chromebook လို Stylus Slot တခု Metal Keyboard ေအာက္ဖက္မွာ ထည့္သြင္းထားျပီး Touch စနစ္အသုံးျပဳထားတဲ့ Full HD Display ပါဝင္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္းကို Intel Core i3 Processor ၊ 4GB RAM နဲ႔ 128GB SSD Storage သုံးေပးထားျပီး ေအာက္တိုဘာလ ၂၃ ရက္ေန႔က်ရင္ ေဒၚလာ ၆၀၀ နဲ႔ ေရာင္းခ်ေပးသြားမွာပါ။

A Chromebook with Stylus Support

2B (Akhayar)

www.akhayar.com

[Unicode]

XPS လို ဆွဲဆောင်မှုရှိပြီး ဒီဇိုင်းလှပတဲ့ Laptop သုံးမျိုုး မိတ်ဆက်လိုက်တဲ့ Dell

IFA 2018 နည်းပညာ ပြပွဲမှာ Dell မိတ်ဆက်လိုက်တဲ့ Laptop အသစ်တွေကို ရုတ်တရက် မြင်လိုက်ရင် XPS လားလို့ အထင်မှားသွားနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ ခပ်ထူထူ ပလတ်စတစ် ဘော်ဒီအစား ပိုပါးလွှာတဲ့ သတ္ထုကိုယ်ထည် ပြောင်းသုံးထားလို့ XPS မော်ဒယ်အသစ်လို့တောင် ထင်မိသွားနိုင်ပါတယ်။ ဒီလို ဒီဇိုင်းပိုင်း ပြောင်းလဲလာခဲ့ပြီး Performance ပိုကောင်းတဲ့ 8th Generation Intel Processor နဲ့ အားဖြည့်လိုက်သလို စမတ်ဖုန်းတွေရော Laptop တွေမှာပါ ခေတ်စားလာနေတဲ့ ဘေးဘောင်မဲ့ Display Inspiron မော်ဒယ် တွေမှာ ပါဝင်လာခဲ့ပါပြီ။

Beautiful & Stunning Display

2-in-1 Inspiron 5000 & 7000 Series

အခုလို သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုအပြင် Inspiron 5000 & 7000 Series အသစ်မှာ အပူစွန့်ထုတ်မှု ပိုအားကောင်းတဲ့ Thermal Design အသုံးပြုထားပါပြီ။ Dell အဆိုရ Laptop Mode နဲ့သုံးသုံး Tablet Mode နဲသုံးသုံး လေပူမှုတ်ထုတ်ရ ပိုလွယ်အောင် အပူစုပ်ပိုက်တွေကို Laptop ရဲ့ ၃၆၀ ဒီဂရီ အနေထားတိုင်း တည်ဆောက်ထားပါတယ်။ အားသာချက် နောက်တခုက Windows 10 မှာ ပါဝင်လာတဲ့ Standby Feature ကို Fingerprint Sensor နဲ့ အဆင့်မြှင့်လိုက်ပြီး ဘက်ထရီ အားနည်းနေလို့ဖြစ်ဖြစ်၊ ကွန်ပျူတာဖွင့်ဖို့ ပါဝါခလုတ်နှိပ်စရာ မလိုဘဲ Scanner နဲ့ ချက်ချင်းဖွင့်လို့ရအောင် Software ပိုင်း Upgrade လုပ်ထားတဲ့အချက်ပါ။

Scanner along with power button

Inspiron 7000 Series

နောက်ပြီး USB-C Port ကို အားသွင်းဖို့အတွက်ရော Display Port အနေနဲ့ပါ သုံးလို့ရသလို Alexa Assistant နဲ့ ချိတ်ဆက် လို့ရသေးတဲ့ အချက်တွေက Inspiron စီးရီး Laptop တွေမှာ ပထမဆုံး ပါဝင်လာတဲ့ အားသာချက်ပါ။ Inspiron 7000 စီးရီးတွေမှာ ၁၃ လက်မ၊ ၁၅ လက်မနဲ့ ၁၇ လက်မ ဆိုပြီး Laptop သုံးမျိုးရွေးချယ်လို့ ရသလို အသေးဆုံး ၁၃ လက်မမော်ဒယ်မှာ USB-C Port နဲ့ USB-A Port တခုစီပဲ ပါဝင်သလို HDMI 2.0 Port နဲ့ microSD Slot တခုစီ ပါဝင်ပါတယ်။ ၁၅ လက်မနဲ့ ၁၇ လက်မ တွေမှာတော့ USB-A Port အပိုပါလာပြီး Full Size SD Card Reader ပါဝင်ပါတယ်။ နောက်ပြီး လက်မပိုကြီးတဲ့ Inspiron 7000 မော်ဒယ်နှစ်မျိုးမှာ MX130 နဲ့ MX150 ဆိုပြီး Nvidia ကတ်တွေ ရွေးချယ်နိုင်ပါသေးတယ်။

The Same XPS like Design

Inspiron 5000 Series

Inspiron 5000 မော်ဒယ်ကို ၁၄ လက်မ တမျိုးပဲ ထုတ်မှာဖြစ်သလို အောက်တိုဘာလ ၂ ရက်နေ့ကျရင် ဒေါ်လာ ၆၀၀ နဲ့ ရောင်းချသွားမှာပါ။ 7000 စီးရီး မော်ဒယ်တွေကိုတော့ ဒေါ်လာ ၈၅၀ ဈေးခင်းထားပြီး အမြင့်ဆုံး ဒေါ်လာ ၁၁၀၀ သတ်မှတ်ထားပါတယ်။ ဒီ Inspiron မော်ဒယ်အားလုံးမှာ Black Edition ဆိုပြီး နောက်ထပ် ဒေါ်လာ ၄၀၀ ထပ် သုံးလိုက်ရင် ငွေရောင်ကိုယ်ထည်အစား အနက်ရောင် Inspiron တလုံး ပိုင်ဆိုင်နိုင်မယ့် ရွေးချယ်မှုရှိပါသေးတယ်။

Plenty of Ports (Hello! Alexa)

Chromebook 14

ဒီလို Windows Laptop ပြီးသွားလို့ ရုံးသုံး၊ ကျောင်းသုံး Chromebook တလုံးကို စတိုင်ကျကျ၊ ဒီဇိုင်းလှလှ သုံးချင်သေးတယ်ဆိုရင် Dell မိတ်ဆက်လိုက်တဲ့ Chromebook အသစ်က ရွေးချယ်စရာ ဖြစ်နေဦးမှာပါ။ Samsung ထုတ် Chromebook လို Stylus Slot တခု Metal Keyboard အောက်ဖက်မှာ ထည့်သွင်းထားပြီး Touch စနစ်အသုံးပြုထားတဲ့ Full HD Display ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို Intel Core i3 Processor ၊ 4GB RAM နဲ့ 128GB SSD Storage သုံးပေးထားပြီး အောက်တိုဘာလ ၂၃ ရက်နေ့ကျရင် ဒေါ်လာ ၆၀၀ နဲ့ ရောင်းချပေးသွားမှာပါ။

A Chromebook with Stylus Support

2B (Akhayar)

www.akhayar.com