[Zawgyi]

OLED သုံးထားတဲ့ လက္ေတာ့မ်ိဳးကို Alienware မွာပဲ ေတြ႕ႏိုင္ေတာ့မွာလား

OLED ဆိုတာ ေခတ္ေပၚ Display Panel ေတြထဲ အေကာင္းဆုံး နည္းပညာတခုပါ။ ဒါေၾကာင့္လည္း TV နဲ႔ စမတ္ဖုန္းေတြမွာ OLED Panel အသုံးမ်ားလာခဲ့သလို ၂၀၁၆ ေနာက္ပိုင္းထုတ္ လက္ေတာ့ေတြမွာ OLED Panel စသုံးလာခဲ့ပါတယ္။ ဒီထဲက အထင္ရွားဆုံး ေမာ္ဒယ္တခုက Gaming လက္ေတာ့ကိုမွ OLED Panel နဲ႔ထုတ္ရဲတဲ့ Alienware ေပါ့။ ဒီလို OLED Panel သုံးထားတာဆိုေတာ့ Alienware Display ကို ဘယ္သူမွ ယွဥ္မရခဲ့ပါဘူး၊ ဘာလို႔လဲဆိုရင္ Response Time က အရမ္းျမန္တယ္၊ အေရာင္ထြက္လည္း တျခား Panel ေတြထက္ ပိုစို၊ ပိုေတာက္ ေနတာဆိုေတာ့ ဘယ္ေလာက္ပဲ ေကာင္းေနေအာင္ ထုတ္ထားထုတ္ထား OLED Panel ကိုယွဥ္မရခဲ့ပါဘူး။

Alienware 13″ OLED Panel

ဒီလို OLED Panel အားသာခ်က္ေၾကာင့္ Alienware ၁၃ လက္မကို ဂိမ္မာေတြေရာ Professional Editing သမားေတြပါ မ်က္စိက်ေနရတယ္ဆိုရင္ မမွားပါဘူး။ ဒါေပမယ့္ OLED Panel ရဲ႕ အႀကီးမားဆုံး အားနည္းခ်က္ျဖစ္ေနတဲ့ ကုန္က်စရိတ္ ပိုမ်ားလြန္းေနတာက Alienware အရွိန္ဝါ ေမွးမွိန္လာမယ့္ သေဘာသက္ေရာက္လာခဲ့ပါၿပီ။ သူ႔မွာ တျခား Display Panel ဘယ္လိုမွ မလိုက္ႏိုင္တဲ့ အားသာခ်က္မ်ိဳး ပိုင္ဆိုင္ထားေပမယ့္ လတ္တေလာ အေျခေနအရ OLED Supplier အေတာ္ေလးရွားေနပါၿပီ။ Apple ေတာင္မွ မ်ိဳးဆက္သစ္ OLED iPhone ေတြအတြက္ LG Display ေထာက္ပံ့ေပးထားလို႔ အသက္ရႈေခ်ာင္သြားၿပီ ေျပာရပါေတာ့မယ္။ ဒီလိုပဲ ေဈးႀကီးလြန္းတဲ့ OLED လက္ေတာ့ ထုတ္ရဲတဲ့ Dell နဲ႔ Lenovo ႏွစ္ေယာက္လည္း ေခြးအ လွည္းႏွင္းတာထက္ ဆိုးေနၿပီလို႔ ေျပာရေတာ့မလား Supplier ရွာမေတြ႕ေသးတာက ဆက္ထုတ္ဖို႔ Challenge ျဖစ္လာခဲ့ပါၿပီ။

Lenovo ThinkPad X1 Yoga

OLED Panel က ေဈးႀကီးလြန္းတယ္၊ ေတာ္႐ုံ Consumer တေယာက္အနားမသီႏိုင္တာေၾကာင့္ Lenovo ကေတာ့ ဒီႏွစ္အေစာပိုင္းထဲမွာပဲ OLED မသုံးေတာ့ဘူးဆိုၿပီး စလံေျမာက္သြားခဲ့ပါၿပီ။ ထိပ္တန္း ထုတ္ကုန္တမ်ိဳးျဖစ္တဲ့ ThinkPad X1 Yoga လက္ေတာ့မွာ OLED Panel သုံးခဲ့ေပမယ့္ သက္ဆိုးရွည္မသြားခဲ့ပါဘူး။ နည္းပညာသစ္ေတြ မိတ္ဆက္ေနၾက CES 2018 ပြဲမွာ မ်ိဳးဆက္သစ္ ThinkPad ေမာ္ဒယ္ကို Dolby Vision HDR အေထာက္ပံ့နဲ႔ အလင္းအားပိုေကာင္းတဲ့ LTPS (Low Temperature Poly Silicon) Panel ေပါင္းစပ္ထားတဲ့ အရည္ေသြးျမင့္ IPS Panel နဲ႔ပဲ မိတ္ဆက္သြားခဲ့ရတဲ့အထိ အေျခေန မလွမပျဖစ္သြားခဲ့တာပါ။ ေနာက္ၿပီး XPS Line မွာ ေဘးေဘာင္မဲ့ Display ကိုမွ InfinityEdge IPS Panel နဲ႔ မ်ိဳးဆက္သစ္ XPS ေမာ္ဒယ္ Dell ထုတ္လာခဲ့တဲအတြက္ Alienware ဂိမ္မာေတြ ၁၃ လက္မေမာ္ဒယ္ကို OLED နဲ႔ ထုတ္ ေပးပါ့မလားဆိုၿပီး စိတ္မေကာင္းျဖစ္သြားခဲ့ရပါတယ္။

OLED vs LCD

ဒီလို ေခတ္ေပၚ နည္းပညာျဖစ္လာတဲ့ HDR လို Display အားသာခ်က္ေတြနဲ႔ ဘယ္လိုပဲ အရည္ေသြးေကာင္းေနေအာင္ ထုတ္ထား OLED ကို ဘယ္ Display Panel မမွီေသးတာ အမွန္ပါ။ အဲ့ဒီလို လက္ေတာ့ေတြမွာ OLED Panel ေပ်ာက္ကြယ္သြားေတာ့မယ္လို႔ ယူဆေနရခ်ိန္ ၿပီးခဲ့တဲ့ IFA 2018 ပြဲမွာ Alienware ၁၃ လက္မ ေမာ္ဒယ္ကို OLED နဲ႔ပဲ ဆက္ထုတ္သြားမယ္လို႔ Dell ေျပာၾကားလိုက္ပါတယ္။ ဒါဆိုရင္ေတာ့ ၁၃ လက္မ Alienware ကို စိုျပည္ေတာက္ပတဲ့ OLED Panel နဲ႔ ဆက္ျမင္ေတြ႕ရဦးမယ္လို႔ ေျပာႏိုင္ပါတယ္။

Dolby Vision HDR Display

အခုလို OLED Panel Dell ဆက္ သုံးရဲေသးတယ္ဆိုရင္ ေဈးကြက္ထဲ Supplier ရွိေနေသးတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္လည္း ၁၃ လက္မ လက္ေတာ့တလုံးအတြက္ ထုတ္လုပ္မႈ ကုန္က်စရိတ္က ၆ ေလာက္မရွိတဲ့ စမတ္ဖုန္းတလုံးထက္ ၃ ဆေလာက္ ပိုမ်ားမွာပါ။ ဒါေၾကာင့္ Panel တစ္ခုထဲနဲ႔တင္ ထုတ္လုပ္မႈ ေဈးပိုႀကီးလာႏိုင္ၿပီး အေရအတြက္လည္း အကန႔္သတ္ရွိလာႏိုင္ပါတယ္။

OLED vs LCD

အခုလိုမ်ိဳး Alienware မွာ OLED Panel ပဲ ဆက္သုံးလာခဲ့မယ္ဆိုရင္ ေဈးႏႈန္းခ်င္းသိပ္မကြာ Refresh Rate လည္းျမင့္၊ ေဘးေဘာင္ေတြ လည္းပါးလာတဲ့ အရည္ေသြးျမင့္ IPS Panel သုံးထားတဲ့ Asus ၊ MSI နဲ႔ Acer တို႔လိုတ႐ုတ္ Gaming Laptop ေတြအၾကား ေ႐ြးခ်ယ္ရ အၾကပ္႐ိုက္လာႏိုင္ပါတယ္။ ဘာလို႔လဲ? Gaming Laptop ဝယ္လိုက္ၿပီးမွ Display ကဝဲဆြဲေနရင္ေတာ့ မဟုတ္ေသးပါဘူး၊ ဒီလိုပဲ Quality ေကာင္းေကာင္း Panel သုံးထားတဲ့ Gaming Laptop ေတြကိုလည္း လက္ဆစ္ခ်ိဳး ေ႐ြတြက္ႏိုင္တာမလို႔ ႐ုပ္ထြက္ေကာင္းတာ ေ႐ြးမလား? Performance ဖက္သြားမလားဆိုၿပီး ဆုံးျဖတ္ရေတာ့မွာပါ။ အဓိကၿပိဳင္ဖက္ႀကီး Razer ကေတာ့ THX မူပိုင္ခြင့္ရထားတဲ့အတြက္ သူ႔ Display ကို ဘယ္သူမွ မယွဥ္ႏိုင္သလို Windows လက္ေတာ့အားလုံးရဲ႕ Apple MacBook လို႔ေတာင္ တင္စားထားလို႔ ေဈးႏႈန္းကလည္း MacBook တလုံးစာေလာက္ ေဈးေျမာက္ေနဦးမွာပါ။

2B (Akhayar)
www.akhayar.com

[Unicode]

OLED သုံးထားတဲ့ လက်တော့မျိုးကို Alienware မှာပဲ တွေ့နိုင်တော့မှာလား

OLED ဆိုတာ ခေတ်ပေါ် Display Panel တွေထဲ အကောင်းဆုံး နည်းပညာတခုပါ။ ဒါကြောင့်လည်း TV နဲ့ စမတ်ဖုန်းတွေမှာ OLED Panel အသုံးများလာခဲ့သလို ၂၀၁၆ နောက်ပိုင်းထုတ် လက်တော့တွေမှာ OLED Panel စသုံးလာခဲ့ပါတယ်။ ဒီထဲက အထင်ရှားဆုံး မော်ဒယ်တခုက Gaming လက်တော့ကိုမှ OLED Panel နဲ့ထုတ်ရဲတဲ့ Alienware ပေါ့။ ဒီလို OLED Panel သုံးထားတာဆိုတော့ Alienware Display ကို ဘယ်သူမှ ယှဉ်မရခဲ့ပါဘူး၊ ဘာလို့လဲဆိုရင် Response Time က အရမ်းမြန်တယ်၊ အရောင်ထွက်လည်း တခြား Panel တွေထက် ပိုစို၊ ပိုတောက် နေတာဆိုတော့ ဘယ်လောက်ပဲ ကောင်းနေအောင် ထုတ်ထားထုတ်ထား OLED Panel ကိုယှဉ်မရခဲ့ပါဘူး။

Alienware 13″ OLED Panel

ဒီလို OLED Panel အားသာချက်ကြောင့် Alienware ၁၃ လက်မကို ဂိမ်မာတွေရော Professional Editing သမားတွေပါ မျက်စိကျနေရတယ်ဆိုရင် မမှားပါဘူး။ ဒါပေမယ့် OLED Panel ရဲ့ အကြီးမားဆုံး အားနည်းချက်ဖြစ်နေတဲ့ ကုန်ကျစရိတ် ပိုများလွန်းနေတာက Alienware အရှိန်ဝါ မှေးမှိန်လာမယ့် သဘောသက်ရောက်လာခဲ့ပါပြီ။ သူ့မှာ တခြား Display Panel ဘယ်လိုမှ မလိုက်နိုင်တဲ့ အားသာချက်မျိုး ပိုင်ဆိုင်ထားပေမယ့် လတ်တလော အခြေနေအရ OLED Supplier အတော်လေးရှားနေပါပြီ။ Apple တောင်မှ မျိုးဆက်သစ် OLED iPhone တွေအတွက် LG Display ထောက်ပံ့ပေးထားလို့ အသက်ရှုချောင်သွားပြီ ပြောရပါတော့မယ်။ ဒီလိုပဲ ဈေးကြီးလွန်းတဲ့ OLED လက်တော့ ထုတ်ရဲတဲ့ Dell နဲ့ Lenovo နှစ်ယောက်လည်း ခွေးအ လှည်းနှင်းတာထက် ဆိုးနေပြီလို့ ပြောရတော့မလား Supplier ရှာမတွေ့သေးတာက ဆက်ထုတ်ဖို့ Challenge ဖြစ်လာခဲ့ပါပြီ။

Lenovo ThinkPad X1 Yoga

OLED Panel က ဈေးကြီးလွန်းတယ်၊ တော်ရုံ Consumer တယောက်အနားမသီနိုင်တာကြောင့် Lenovo ကတော့ ဒီနှစ်အစောပိုင်းထဲမှာပဲ OLED မသုံးတော့ဘူးဆိုပြီး စလံမြောက်သွားခဲ့ပါပြီ။ ထိပ်တန်း ထုတ်ကုန်တမျိုးဖြစ်တဲ့ ThinkPad X1 Yoga လက်တော့မှာ OLED Panel သုံးခဲ့ပေမယ့် သက်ဆိုးရှည်မသွားခဲ့ပါဘူး။ နည်းပညာသစ်တွေ မိတ်ဆက်နေကြ CES 2018 ပွဲမှာ မျိုးဆက်သစ် ThinkPad မော်ဒယ်ကို Dolby Vision HDR အထောက်ပံ့နဲ့ အလင်းအားပိုကောင်းတဲ့ LTPS (Low Temperature Poly Silicon) Panel ပေါင်းစပ်ထားတဲ့ အရည်သွေးမြင့် IPS Panel နဲ့ပဲ မိတ်ဆက်သွားခဲ့ရတဲ့အထိ အခြေနေ မလှမပဖြစ်သွားခဲ့တာပါ။ နောက်ပြီး XPS Line မှာ ဘေးဘောင်မဲ့ Display ကိုမှ InfinityEdge IPS Panel နဲ့ မျိုးဆက်သစ် XPS မော်ဒယ် Dell ထုတ်လာခဲ့တဲအတွက် Alienware ဂိမ်မာတွေ ၁၃ လက်မမော်ဒယ်ကို OLED နဲ့ ထုတ် ပေးပါ့မလားဆိုပြီး စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။

OLED vs LCD

ဒီလို ခေတ်ပေါ် နည်းပညာဖြစ်လာတဲ့ HDR လို Display အားသာချက်တွေနဲ့ ဘယ်လိုပဲ အရည်သွေးကောင်းနေအောင် ထုတ်ထား OLED ကို ဘယ် Display Panel မမှီသေးတာ အမှန်ပါ။ အဲ့ဒီလို လက်တော့တွေမှာ OLED Panel ပျောက်ကွယ်သွားတော့မယ်လို့ ယူဆနေရချိန် ပြီးခဲ့တဲ့ IFA 2018 ပွဲမှာ Alienware ၁၃ လက်မ မော်ဒယ်ကို OLED နဲ့ပဲ ဆက်ထုတ်သွားမယ်လို့ Dell ပြောကြားလိုက်ပါတယ်။ ဒါဆိုရင်တော့ ၁၃ လက်မ Alienware ကို စိုပြည်တောက်ပတဲ့ OLED Panel နဲ့ ဆက်မြင်တွေ့ရဦးမယ်လို့ ပြောနိုင်ပါတယ်။

Dolby Vision HDR Display

အခုလို OLED Panel Dell ဆက် သုံးရဲသေးတယ်ဆိုရင် ဈေးကွက်ထဲ Supplier ရှိနေသေးတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း ၁၃ လက်မ လက်တော့တလုံးအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်က ၆ လောက်မရှိတဲ့ စမတ်ဖုန်းတလုံးထက် ၃ ဆလောက် ပိုများမှာပါ။ ဒါကြောင့် Panel တစ်ခုထဲနဲ့တင် ထုတ်လုပ်မှု ဈေးပိုကြီးလာနိုင်ပြီး အရေအတွက်လည်း အကန့်သတ်ရှိလာနိုင်ပါတယ်။

OLED vs LCD

အခုလိုမျိုး Alienware မှာ OLED Panel ပဲ ဆက်သုံးလာခဲ့မယ်ဆိုရင် ဈေးနှုန်းချင်းသိပ်မကွာ Refresh Rate လည်းမြင့်၊ ဘေးဘောင်တွေ လည်းပါးလာတဲ့ အရည်သွေးမြင့် IPS Panel သုံးထားတဲ့ Asus ၊ MSI နဲ့ Acer တို့လိုတရုတ် Gaming Laptop တွေအကြား ရွေးချယ်ရ အကြပ်ရိုက်လာနိုင်ပါတယ်။ ဘာလို့လဲ? Gaming Laptop ဝယ်လိုက်ပြီးမှ Display ကဝဲဆွဲနေရင်တော့ မဟုတ်သေးပါဘူး၊ ဒီလိုပဲ Quality ကောင်းကောင်း Panel သုံးထားတဲ့ Gaming Laptop တွေကိုလည်း လက်ဆစ်ချိုး ရွေတွက်နိုင်တာမလို့ ရုပ်ထွက်ကောင်းတာ ရွေးမလား? Performance ဖက်သွားမလားဆိုပြီး ဆုံးဖြတ်ရတော့မှာပါ။ အဓိကပြိုင်ဖက်ကြီး Razer ကတော့ THX မူပိုင်ခွင့်ရထားတဲ့အတွက် သူ့ Display ကို ဘယ်သူမှ မယှဉ်နိုင်သလို Windows လက်တော့အားလုံးရဲ့ Apple MacBook လို့တောင် တင်စားထားလို့ ဈေးနှုန်းကလည်း MacBook တလုံးစာလောက် ဈေးမြောက်နေဦးမှာပါ။

2B (Akhayar)
www.akhayar.com