[Zawgyi]

ေဘးေဘာင္မဲ့ Display နဲ႔ ျမင္သူႏွစ္ခါျပန္ေငးရမယ့္ Alienware m15

Alienware ဆိုတာနဲ႔ ဂိမ္မာေတြ အထိတ္တလန္႔ျဖစ္ ရွိန္သြားၾကတာ အမွန္ပါ၊ အရင္တစ္ခ်ိန္ MSI ၊ Gigabyte နဲ႔ Razer Blade တို႔ မေပၚခင္၂၀၀၄ တုန္းက Alienware ဆိုျပီး Gaming Laptop မိတ္ဆက္ခဲ့တယ္။ အဲ့ခ်ိန္ကစလို႔ ဘုရင္တစ္ပါးလို မင္းမူလာတဲ့ Alienware ၊ ျပိဳင္ဖက္ေတြ သူ႔ထက္နည္းပညာနဲ႔ ဒီဇိုင္းပိုင္း အားသာသြားလို႔ အစြမ္းစျပဖို႔ အခ်ိန္ေရာက္ျပီဆိုျပီး ေအာက္တိုဘာလထဲ စစ္ေၾကညာထားပါျပီ။

Slim & Thin Alienware m15

Bezel-less Display ေခတ္စားလို႔ Mid-range ကေန High-end ၊ Luxury နဲ႔ Gaming Laptop ေတြမွာ သုံးလာတယ္၊ မြဲေျခာက္ေျခာက္ ရုပ္ထြက္ကေန Dolby Vision ၊ HDR ေတြနဲ႔ ရုပ္ထြက္ေရာ၊ အေရာင္ထြက္ပါ စိုစိုေျပေျပ ျဖစ္လာတယ္။ ဂိမ္းကစားဖို႔ စြမ္းေဆာင္ရည္ ပဓာနက်တယ္ဆိုေပမယ့္ Display ပိုင္းက အဓိကက်တာပါ၊ ဒါေၾကာင့္လည္း ရုပ္ထြက္အလန္းသုံးထားတဲ့ Laptop ေတြ ၂၀၁၈ ႏွစ္လယ္ပိုင္းေလာက္ ေခတ္စားလာသလို အနီးစပ္ဆုံး လွမ္းၾကည့္လိုက္ရင္ Luxury တန္းမွာ Dell XPS ၊ Gaming မွာ Razer Blade 15 နဲ႔ MSI GS65 တို႔က နည္းပညာ Advantage ေကာင္းေကာင္း အသုံးခ်ထားတဲ့ ေနာက္ေပါက္ေတြပါ။

Bezel & body are thinner

ဒီအခ်က္ေတြ လ်စ္လ်ဴရွုေနခဲ့တဲ့ Alienware ၊ ျပိဳင္ဖက္ေတြအၾကား ပုံပန္းမလွ၊ အေျခြရံနည္းသြားသလို ျဖစ္လာတဲ့အခ်ိန္ ပိုပါး၊ ပိုလွတဲ့ ဒီဇိုင္းကိုယ္ထည္၊ Bezel-less Display ၊ Thermal Control ေကာင္းေကာင္းကိုင္တြယ္ႏိုင္ဖို႔ အတြင္းပိုင္း ဒီဇိုင္းကအစ ေျပာင္းလဲထားတဲ့ Alienware m15 မိတ္ဆက္သြားမယ္လို႔ Dell ေၾကညာလိုက္ပါျပီ။

The all new designed Alienware

ဒီလိုသာဆိုရင္ Bezel-less Display နဲ႔ ၾကြရြေနတဲ့ Gigabyte Aero 15X ၊ Razor Blade 15 ၊ MSI GS65 နဲ႔ Asus ROG GM501 ဂိမ္းမင္းလက္ေတာ့ေတြကို ေကာင္းေကာင္း ပညာျပလိုက္တာနဲ႔ အတူတူပါပဲ။ ဘာလို႔လဲဆို “လက္ေတာ့ကိုယ္ထည္ ပိုပါးသြားေအာင္ လုပ္လိုက္တာက ဆြဲေဆာင္မႈပိုရွိတယ္ဆိုမယ့္ Thermal ကိုက် ေကာင္းေကာင္း မကိုင္တြယ္ႏိုင္တဲ့ အားနည္းခ်က္ရွိတယ္၊ အဓိက Processor Throttling ျဖစ္ႏိုင္တယ္”

It has been said no Throttling issue

ေနာက္ျပီး ေဘာင္ေပ်ာက္ Display နဲ႔ လွပေနတယ္ဆိုမယ့္ “MSI GS65 ကိုင္ရတာ နူးညံ့သလို ခံစားရတယ္၊ ေတာင့္ေတာင္းတင္းတင္း ျဖစ္မေနဘူးလို႔” User ေတြ ေျပာၾကလို႔ Alienware m15 ကိုယ္ထည္ဒီဇိုင္းကို မာမာေတာင့္ေတာင့္ Flexible Design နဲ႔ ဖန္တီးထားတယ္၊ ျပိဳင္ဖက္ေတြထက္ ပိုထူေနတာက Thermal Control ေကာင္းဖို႔အတြက္ Air Ventilation နဲ႔ Cooling Design ေတြေၾကာင့္လို႔ Dell ေျပာဆိုထားပါတယ္။

It is yet Thinner around the edge

အရင္ Alienware ေမာ္ဒယ္ေတြနဲ႔ ယွဥ္ရင္ Keyboard ပိုင္းမွာ 2.2 mm ကေန 1.8 mm အထိ Distant Travel တိုသြားတယ္၊ Thermal Design ေၾကာင့္ Four-zone RGB Lighting ပဲ ရႏိုင္တယ္၊ per-key ရေအာင္ လုပ္လို႔ရတယ္ဆိုမယ့္ Body ပိုထူသြားမယ္၊ ကိုယ္ထည္ပါးသြားေအာင္ ဒီဇိုင္းဆြဲတဲ့အခါ Lid နဲ႔ Body Edge Lighting Effect ေတြပါ ျဖဳတ္ပစ္ခဲ့ရတယ္လို႔ ေျပာပါတယ္။

Say goodbye to Alienware Edge Lighting Zones

ဒီလို Bezel-less Display တစ္ခုထဲအတြက္ စြန္႔လြတ္ပစ္လိုက္ရတာက Per-key RGB Lighting နဲ႔ Edge Effect ေတြ၊ ဒါေတြက Alienware အေငြ႔အသက္ေတြ ျဖစ္ေပမယ့္ Disco Center တစ္ခုလို မသုံးနိုင္ေတာ့တာက တစ္ခ်ိဳ႕ User ေတြ Feel ငုပ္သြားမယ္ထင္ပါတယ္။ ဒါမယ့္လည္း Alienware အသစ္ေတြ Portable Gaming ပို ေကာင္းလာမယ္၊ သယ္ရ ေပါ့ေပါ့ပါးပါးရွိလာမယ္၊ ျမင္လိုက္တာနဲ႔ Impress ျဖစ္ေစမယ့္အခ်က္ေတြက ပိုနွစ္လိုဖြယ္ရွိမယ္လို႔ေျပာခ်င္ပါတယ္။

Alienware m15

Alienware m15 Specification
Intel Core i5 or Core i7 8th Gen
Geforce GTX 1060 or 1070 Max-Q
3 Display Options: FHD IPS with 300nits/ FHD IPS with TN/ 4K 400 nits
8GB DDR4 RAM (up to 32GB)
Battery: 60Wh/130W for GTX 1060 ၊ 90Wh/180W for GTX 1070

Weight: 2.16 Kg

Alienware 15 R4

Alienware 15 R4 MLK Specification
Intel Core i5 8th Gen up to Core i9-8950HK
Geforce GTX 1060 up to GTX 1080 Max-Q
3 Display Options: FHD IPS with 300nits/ FHD IPS with TN/ 4K G-sync
Up to 32GB DDR4 RAM
Battery 99Wh
Weight: 3.49 Kg

2B (AKhayar)
www.akhayar.com

[Unicode]

ဘေးဘောင်မဲ့ Display နဲ့ မြင်သူနှစ်ခါပြန်ငေးရမယ့် Alienware m15

Alienware ဆိုတာနဲ့ ဂိမ်မာတွေ အထိတ်တလန့်ဖြစ် ရှိန်သွားကြတာ အမှန်ပါ၊ အရင်တစ်ချိန် MSI ၊ Gigabyte နဲ့ Razer Blade တို့ မပေါ်ခင်၂၀၀၄ တုန်းက Alienware ဆိုပြီး Gaming Laptop မိတ်ဆက်ခဲ့တယ်။ အဲ့ချိန်ကစလို့ ဘုရင်တစ်ပါးလို မင်းမူလာတဲ့ Alienware ၊ ပြိုင်ဖက်တွေ သူ့ထက်နည်းပညာနဲ့ ဒီဇိုင်းပိုင်း အားသာသွားလို့ အစွမ်းစပြဖို့ အချိန်ရောက်ပြီဆိုပြီး အောက်တိုဘာလထဲ စစ်ကြေညာထားပါပြီ။

Slim & Thin Alienware m15

Bezel-less Display ခေတ်စားလို့ Mid-range ကနေ High-end ၊ Luxury နဲ့ Gaming Laptop တွေမှာ သုံးလာတယ်၊ မွဲခြောက်ခြောက် ရုပ်ထွက်ကနေ Dolby Vision ၊ HDR တွေနဲ့ ရုပ်ထွက်ရော၊ အရောင်ထွက်ပါ စိုစိုပြေပြေ ဖြစ်လာတယ်။ ဂိမ်းကစားဖို့ စွမ်းဆောင်ရည် ပဓာနကျတယ်ဆိုပေမယ့် Display ပိုင်းက အဓိကကျတာပါ၊ ဒါကြောင့်လည်း ရုပ်ထွက်အလန်းသုံးထားတဲ့ Laptop တွေ ၂၀၁၈ နှစ်လယ်ပိုင်းလောက် ခေတ်စားလာသလို အနီးစပ်ဆုံး လှမ်းကြည့်လိုက်ရင် Luxury တန်းမှာ Dell XPS ၊ Gaming မှာ Razer Blade 15 နဲ့ MSI GS65 တို့က နည်းပညာ Advantage ကောင်းကောင်း အသုံးချထားတဲ့ နောက်ပေါက်တွေပါ။

Bezel & body are thinner

ဒီအချက်တွေ လျစ်လျူရှုနေခဲ့တဲ့ Alienware ၊ ပြိုင်ဖက်တွေအကြား ပုံပန်းမလှ၊ အခြွေရံနည်းသွားသလို ဖြစ်လာတဲ့အချိန် ပိုပါး၊ ပိုလှတဲ့ ဒီဇိုင်းကိုယ်ထည်၊ Bezel-less Display ၊ Thermal Control ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ အတွင်းပိုင်း ဒီဇိုင်းကအစ ပြောင်းလဲထားတဲ့ Alienware m15 မိတ်ဆက်သွားမယ်လို့ Dell ကြေညာလိုက်ပါပြီ။

The all new designed Alienware

ဒီလိုသာဆိုရင် Bezel-less Display နဲ့ ကြွရွနေတဲ့ Gigabyte Aero 15X ၊ Razor Blade 15 ၊ MSI GS65 နဲ့ Asus ROG GM501 ဂိမ်းမင်းလက်တော့တွေကို ကောင်းကောင်း ပညာပြလိုက်တာနဲ့ အတူတူပါပဲ။ ဘာလို့လဲဆို “လက်တော့ကိုယ်ထည် ပိုပါးသွားအောင် လုပ်လိုက်တာက ဆွဲဆောင်မှုပိုရှိတယ်ဆိုမယ့် Thermal ကိုကျ ကောင်းကောင်း မကိုင်တွယ်နိုင်တဲ့ အားနည်းချက်ရှိတယ်၊ အဓိက Processor Throttling ဖြစ်နိုင်တယ်”

It has been said no Throttling issue

နောက်ပြီး ဘောင်ပျောက် Display နဲ့ လှပနေတယ်ဆိုမယ့် “MSI GS65 ကိုင်ရတာ နူးညံ့သလို ခံစားရတယ်၊ တောင့်တောင်းတင်းတင်း ဖြစ်မနေဘူးလို့” User တွေ ပြောကြလို့ Alienware m15 ကိုယ်ထည်ဒီဇိုင်းကို မာမာတောင့်တောင့် Flexible Design နဲ့ ဖန်တီးထားတယ်၊ ပြိုင်ဖက်တွေထက် ပိုထူနေတာက Thermal Control ကောင်းဖို့အတွက် Air Ventilation နဲ့ Cooling Design တွေကြောင့်လို့ Dell ပြောဆိုထားပါတယ်။

It is yet Thinner around the edge

အရင် Alienware မော်ဒယ်တွေနဲ့ ယှဉ်ရင် Keyboard ပိုင်းမှာ 2.2 mm ကနေ 1.8 mm အထိ Distant Travel တိုသွားတယ်၊ Thermal Design ကြောင့် Four-zone RGB Lighting ပဲ ရနိုင်တယ်၊ per-key ရအောင် လုပ်လို့ရတယ်ဆိုမယ့် Body ပိုထူသွားမယ်၊ ကိုယ်ထည်ပါးသွားအောင် ဒီဇိုင်းဆွဲတဲ့အခါ Lid နဲ့ Body Edge Lighting Effect တွေပါ ဖြုတ်ပစ်ခဲ့ရတယ်လို့ ပြောပါတယ်။

Say goodbye to Alienware Edge Lighting Zones

ဒီလို Bezel-less Display တစ်ခုထဲအတွက် စွန့်လွတ်ပစ်လိုက်ရတာက Per-key RGB Lighting နဲ့ Edge Effect တွေ၊ ဒါတွေက Alienware အငွေ့အသက်တွေ ဖြစ်ပေမယ့် Disco Center တစ်ခုလို မသုံးနိုင်တော့တာက တစ်ချို့ User တွေ Feel ငုပ်သွားမယ်ထင်ပါတယ်။ ဒါမယ့်လည်း Alienware အသစ်တွေ Portable Gaming ပို ကောင်းလာမယ်၊ သယ်ရ ပေါ့ပေါ့ပါးပါးရှိလာမယ်၊ မြင်လိုက်တာနဲ့ Impress ဖြစ်စေမယ့်အချက်တွေက ပိုနှစ်လိုဖွယ်ရှိမယ်လို့ပြောချင်ပါတယ်။

Alienware m15

Alienware m15 Specification
Intel Core i5 or Core i7 8th Gen
Geforce GTX 1060 or 1070 Max-Q
3 Display Options: FHD IPS with 300nits/ FHD IPS with TN/ 4K 400 nits
8GB DDR4 RAM (up to 32GB)
Battery: 60Wh/130W for GTX 1060 ၊ 90Wh/180W for GTX 1070

Weight: 2.16 Kg

Alienware 15 R4

Alienware 15 R4 MLK Specification
Intel Core i5 8th Gen up to Core i9-8950HK
Geforce GTX 1060 up to GTX 1080 Max-Q
3 Display Options: FHD IPS with 300nits/ FHD IPS with TN/ 4K G-sync
Up to 32GB DDR4 RAM
Battery 99Wh
Weight: 3.49 Kg

2B (AKhayar)
www.akhayar.com