This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေပါင္ၿခံဒဏ္ရာေၾကာင့္ ပနားမားနဲ႔ ပြဲစဥ္ကို လြဲေခ်ာ္မယ့္ အယ္လီ Alli

တူနီးရွားအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ရရွိခဲ့တဲ့ ေပါင္ၿခံဒဏ္ရာေၾကာင့္ လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ ပနားမားအသင္းနဲ႔ ပြဲစဥ္ကုိ အဂၤလန္ ကြင္းလယ္လူ အယ္လီ Alli လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က စိန္႔ပီတာစ္ဘတ္ၿမိဳ႕ရွိ ေဆးရံုမွာ ျပဳလုပ္ခဲ့တဲ့ စစ္ေဆးမႈေတြအၿပီး အယ္လီ Alli အေနနဲ႔ အေသးစား ေပါင္ၿခံဒဏ္ရာ ရရွိခဲ့ေၾကာင္း အဂၤလန္အသင္းက အတည္ျပဳခဲ့ၿပီး ပနားမားနဲ႔ ပြဲကို လြဲေခ်ာ္မွာျဖစ္ေၾကာင္း ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။ အယ္လီ Alli အေနနဲ႔ ဒီေန႔ (ဗုဒၶဟူးေန႔) မွာ ျပဳလုပ္မယ့္ အသင္း ေလ့က်င္းခန္း အစီအစဥ္ေတြကိုလည္း လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ ပနားမားနဲ႔ ပြဲကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ ဘယ္လ္ဂ်ီယံအသင္းနဲ႔ ကစားမယ့္ အုပ္စုေနာက္ဆံုး ပြဲစဥ္မွာေတာ့ အယ္လီ Alli ျပန္လည္ပါဝင္ကစားေပးဖို႔ ရွိေနပါတယ္။

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

တူနီးရွားကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အယ္လီ Alli ေနရာ အစားထိုး ဝင္ေရာက္ ကစားခဲ့တဲ့ ေလာ့စ္ဖ္တက္ခ္ခ်ိစ္ဖ္ Loftus-Cheek ပနားမားနဲ႔ ပြဲမွာ ပြဲထြက္ ကစားရဖို႔ရွိေနပါတယ္။ အဂၤလန္အသင္းဟာ တူနီးရွားအသင္းနဲ႔ ကစားခဲ့တဲ့ အုပ္စုအဖြင့္ ပြဲစဥ္မွာ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္မယ့္ အပိုင္အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ တိုက္စစ္ ကစားသမားေတြ အဆံုးသတ္ ညံ့ဖ်င္းခဲ့လို႔ ႏိုင္ပြဲရဖို႔ ရုန္းကန္ခဲ့ရၿပီး အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းရဲ႕ ေနာက္က် အႏိုင္ဂိုးေၾကာင့္ အဖိုးတန္ (၃)မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။

REF:The Sun
Photo:FourFourTwo, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပေါင်ခြံဒဏ်ရာကြောင့် ပနားမားနဲ့ ပွဲစဉ်ကို လွဲချော်မယ့် အယ်လီ Alli

တူနီးရှားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ပနားမားအသင်းနဲ့ ပွဲစဉ်ကို အင်္ဂလန် ကွင်းလယ်လူ အယ်လီ Alli လွဲချော်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က စိန့်ပီတာစ်ဘတ်မြို့ရှိ ဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအပြီး အယ်လီ Alli အနေနဲ့ အသေးစား ပေါင်ခြံဒဏ်ရာ ရရှိခဲ့ကြောင်း အင်္ဂလန်အသင်းက အတည်ပြုခဲ့ပြီး ပနားမားနဲ့ ပွဲကို လွဲချော်မှာဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အယ်လီ Alli အနေနဲ့ ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ပြုလုပ်မယ့် အသင်း လေ့ကျင်းခန်း အစီအစဉ်တွေကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။ ပနားမားနဲ့ ပွဲကို လွဲချော်မှာဖြစ်ပေမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ကစားမယ့် အုပ်စုနောက်ဆုံး ပွဲစဉ်မှာတော့ အယ်လီ Alli ပြန်လည်ပါဝင်ကစားပေးဖို့ ရှိနေပါတယ်။

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

တူနီးရှားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အယ်လီ Alli နေရာ အစားထိုး ဝင်ရောက် ကစားခဲ့တဲ့ လော့စ်ဖ်တက်ခ်ချိစ်ဖ် Loftus-Cheek ပနားမားနဲ့ ပွဲမှာ ပွဲထွက် ကစားရဖို့ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ တူနီးရှားအသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့် ပွဲစဉ်မှာ ဂိုးအဖြစ် ပြောင်းလဲနိုင်မယ့် အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေ အဆုံးသတ် ညံ့ဖျင်းခဲ့လို့ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အဖိုးတန် (၃)မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:FourFourTwo, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com