ယနေ့ခေတ်မှာ စီးပွားရေးပျက်ကပ်တွေရိုက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတာနဲ့အမျှ ကောင်းမွန်ပြီးပြည့်စုံတဲ့ အလုပ်အကိုင်ကို ဖမ်းဆုပ်ဖို့ရန်က ထင်သလောက် မလွယ်ကူတော့ပါဘူး။ အဲ့ဒီလိုအလုပ်အကိုင်မျိုး ရထားပြီဆိုရင်လည်း ရှိသမျှခွန်အားစိုက်ထုတ်ပြီး လက်မလွတ်တမ်း ဆုပ်ကိုင်ထားဖို့ လိုပါတယ်။ အဲဒီိလိုအလုပ်အကိုင်တွေ အများကြီးရှိတဲ့အထဲကမှ အခုဖော်ပြပေးမှာကတော့ အမျိုးသားတွေကို လုပ်ခလစာများများပေးတဲ့ အလုပ်အကိုင်တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုအလုပ်အကိုင်မျိုးတွေလဲဆိုတာကို တစ်ချက်ကြည့်လိုက်ကြရအောင်။

(၁) နည်းပညာနဲ့ပတ်သက်တဲ့အလုပ်အကိုင်များ

အမျိုးသားနဲ့ အမျိုးသမီးကြား လစာပေးတာ အကြီးမားဆုံးကွာခြားတဲ့ အလုပ်အကိုင်တစ်ခုကတော့ Computer Programmer အလုပ်ပဲ ဖြစ်ပါတယ်။ STEM (Science ၊ Technology ၊ Engineering ၊ Mathematics) Field မှာဆိုရင်လည်း အများအားဖြင့် အမျိုးသားဝန်ထမ်းတွေသာ ကြီးကြီးမားမားအုပ်စိုးထားပြီး လစာတွေ ပိုမိုရရှိနေတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးတွေပါ သိပ္ပံ၊ သချာင်္၊ အင်ဂျင်နီယာနဲ့ နည်းပညာနယ်ပယ်တွေမှာ နေရာတွေ ရရှိလာတာကို ဖြစ်ပါတယ်။

Computer Programmer

Computer Programmer

(၂) စားဖိုးမှူး

အခုခေတ်မှာ စားဖိုးမှူးလို့ဆိုလိုက်တာနဲ့ အမျိုးသားတွေကိုပဲ ပြေးမြင်မိလိုက်အောင် အမျိုးသားစားဖိုးမှူးတွေ အမြောက်အမြား ပေါ်ထွက်လို့လာပါတယ်။ အမျိုးသားစားဖိုးမှူးတွေကလည်း အမျိုးသမီးတွေထက် အချက်အပြုတ်ပိုမိုကောင်းမွန်ပြီး ဆန်းသစ်တဲ့ ဟင်းလျာတွေကို ပိုမိုပြင်ဆင်နိုင်တဲ့အတွက် ဝင်ငွေကောင်းနေရခြင်းဖြစ်တယ်လို့ အလုပ်အကိုင်ရှာဖွေရေးတွေက သုံးသပ်ပေးကြပါတယ်။ ခေတ်က စားမယ်သွားမယ်ခေတ်ဖြစ်နေတော့ စားသောက်ဆိုင် စီးပွားရေးတွေက ပိုမိုအောင်မြင်လာတဲ့အတွက် အမျိုးသားစားဖိုးမှူးတွေအတွက်လည်း အလုပ်မရှားသလို လက်မှာငွေသီး နေရခြင်းလည်းဖြစ်ပါတယ်။ တီဗီရှိုး၊ ရုပ်ရှင်နဲ့ Media တွေက တင်ဆက်တဲ့ အစီအစဉ်တွေမှာကြည့်ရင်လည်း အမျိုးသားစားဖိုးမှူးတွေကိုသာ အများအားဖြင့် ပိုမိုတွေ့မြင်ရပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးစားဖိုးမှူးတွေထက် အမျိုးသားစားဖိုးမှူးတွေက လစာအနည်းငယ် ပိုကောင်းနေရခြင်း ဖြစ်ပါတယ်။

Chef

Chef

(၃) သွားဆရာဝန်

အမျိုးသားတွေ လစာပိုကောင်းတဲ့ သုံးခုမြောက်အလုပ်အကိုင်အနေနဲ့က သွားဆရာဝန်ပဲဖြစ်ပါတယ်။ သွားဘက်ဆိုင်ရာအလုပ်အကိုင်တွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် လစာပိုမိုရရှိတဲ့အပြင် ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ခွင့်ရရှိတဲ့ အလုပ်အကိုင်ဖြစ်လို့ ရွေးချယ်ပြီး လုပ်ကိုင်လာကြသူတွေ အများအပြားရှိလာပါတယ်။

Dentist

Dentist

(၄) Corporate Executives

ဒီအလုပ်အကိုင်ကတော့ အမျိုးသားတွေ လစာပိုကောင်းတာကို သိသိသာသာ တွေ့မြင်ရတဲ့ အလုပ်အကိုင်ပဲ ဖြစ်ပါတယ်။ အမျိုးသားအများစုက Corporate Executives ရာထူးအပြင် CEO ၊ VPs ၊ CFOs နဲ့ တခြားသော ရာထူးတွေကိုလည်း အမျိုးသမီးတွေထက် ပိုင်ဆိုင်ခွင့် ရနိုင်ခြေ ပိုများပါတယ်။ ဒီရာထူးအသုံးအနှုန်းတွေက Corporate Environment ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ Corporate Environment ပိုင်းမှာ ရာထူးအကြီးကြီးတွေ သိပ်မရရှိတတ်ကြသော်လည်း Management ပိုင်းတွေမှာတော့ ရရှိတတ်ကြပါတယ်။

Corporate Executives

Corporate Executives

(၅) စိတ်ပညာရှင်

အမျိုးသားတွေက ကောင်းမွန်တဲ့ အကြံဥာဏ်တွေကို အမျိုးသမီးတွေထက် ပိုပေးတတ်ကြပါတယ်။
သာမန်အမြင်နဲ့ကြည့်မယ်ဆိုရင် အမျိုးသမီးတွေက ကောင်းကောင်းလုပ်နိုင်တယ်လို့ ထင်ရပေမယ့် အမျိုးသားတွေက စိတ်ပညာရှင်အနေနဲ့ ပိုမိုအောင်မြင်ပြီး လခပိုကောင်းတယ်လို့ အလုပ်အကိုင်ရှာဖွေရေးတွေရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

တချို့ကုမ္ပဏီတွေကတော့ ကျား၊မ ခွဲခြားပြီး လစာပေးတာမျိုး မရှိဘဲ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းကိုသာ ကြည့်ပြီး ပေးတတ်ကြပါတယ်။ အကယ်၍ မိန်းကလေးဖြစ်နေရင်လည်း အရည်အချင်းအစွမ်းအစတွေနဲ့ ပြည့်စုံရင် ရဲရဲဝံ့ဝံ့နဲ့ လစာကိုတောင်းဖို့ တိုက်တွန်းချင်ပါတယ်။ လစာကောင်းမွန်တဲ့ တခြားအလုပ်အကိုင်တွေ ရှိသေးရင်လည်း ပြောသွားပေးကြပါဦးနော်။ အားလုံးလည်းဝါသနာနဲ့ကိုက်ညီပြီး လစာကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com