[Zawgyi]

ကိုယ္ေနထိုင္တဲ့အိမ္ေလးကို မခြဲခြာခ်င္ေလာက္တဲ့ေအာင္ ဒီလိုအလွဆင္ၾကမယ္

ကြ်န္ေတာ္တို႔အားလံုးက ကိုယ့္အိမ္ကို ျဖစ္သလို ပစ္မထားရင္ေတာင္ အခန္းအကန္႔ေလးေတြျပဳလုပ္ျပီးေတာ့ အခန္းအျပင္အဆင္ေတြဘာမွဆက္ျပီးမလုပ္ေတာ့ပဲနဲ႔ ပစ္ထားလိုက္တာမ်ားတယ္။ ဒါေပမယ့္ ကိုယ့္အိမ္ကို အျပင္ပန္းအေဆာက္အဦးကဘယ္လိုျဖစ္ေနပါေစ အိမ္တြင္းအျပင္အဆင္ကို ေသေသခ်ာခ်ာေလးနဲ႔ လွပေသသပ္ေနေအာင္ ျပင္ဆင္မြမ္းမံၾကတဲ့သူေတြလည္းရွိၾကပါတယ္။

ဒါေပမယ့္ ဒီလူမ်ိဳးႏွစ္ေယာက္ရဲ႕ အေတြးအေခၚဘယ္လိုမ်ိဳးကြာျခားေနလဲဆိုရင္ ျဖစ္သလိုေနတဲ့သူေတြအဖို႔ အိိမ္ဆိုတာ ေနဖို႔ထိုင္ဖို႔နဲ႔ ေကာ်ခင္းဖို႔ေနရာတစ္ေနရာစာရွိရင္ရျပီလို႔ထင္ၾကတယ္။ အိမ္တြင္းအလွဆင္ျပီး ျပင္ျပင္ဆင္ဆင္နဲ႔ ေနၾကတဲ့သူေတြအတြက္ၾကေတာ့ အိမ္ဟာ ကိုယ့္အတြက္ ေဘးအႏၱရာယ္အကင္းဆံုးနားရိပ္ျဖစ္တယ္ဆိုတဲ့အေတြးနဲ႔ ေနခ်င္စိတ္ပိုျဖစ္ေအာင္ အလွဆင္ယဥ္ၾကတာျဖစ္ပါတယ္။

တကယ္တမ္းလည္း မွန္ပါတယ္။ အိမ္ဆိုတာ ကိုယ့္အတြက္ အႏၱရာယ္ကင္းျပီး သက္ေသာင့္သက္သာနဲ႔ နားခိုႏုိင္တဲ့ အရိပ္ေလးပါ။ ဒီလိုအရိပ္ေလးကို ပိုျပီးနားခိုခ်င္စိတ္ျဖစ္ေအာင္ အလွဆင္သင့္ပါတယ္။ ဒီအတြက္ ကိုယ့္ရဲ႕ အိမ္ခန္းတစ္ခုလံုးကို ဘယ္လိုမ်ိဳး အလွဆင္သင့္လဲဆိုတာကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

အခန္းက်ဥ္းေလးထဲမွာေနထိုင္သူမ်ား

Tiny House Living

Tiny House Living

အခန္းက်ဥ္းေလးထဲမွာ ေနထိုင္လို႔လည္း စိတ္မပူပါနဲ႔။ အိမ္ခန္းကို အလွဆင္လို႔ရပါေသးတယ္။ ဘယ္လိုအလွဆင္ရမလဲဆိုရင္ အခန္းရဲ႕ အျမင့္ဟာ က်ယ္ဝန္းဖို႔လိုအပ္ပါတယ္။ တကယ္လို႔ အျမင့္မက်ယ္ဝန္းခဲ့ဘူးဆိုရင္လည္း အဆင္ေျပပါတယ္။ ခ်က္ျပဳတ္မယ့္ မီးဖိုနဲ႔ မီးဖိုေခ်ာင္သံုးပစၥည္းေတြကို ေအာက္မွာထားလိုက္ပါ။ ကိုယ့္စာၾကည့္စားပြဲ (သို႔) ထမင္းစားပြဲကို ေအာက္ထပ္မွာပဲထားႏိုင္ပါတယ္။ ကုတင္ကို ဘယ္နားထားရမလဲစဥ္းစားေကာင္းစဥ္းစားပါလိမ့္မယ္။ ထပ္ခိုးပံုစံမ်ိဳးတစ္ခုကို ခိုင္ခ့ံေအာင္ ေဆာက္လုပ္ပါ။ ထပ္ခိုးအေပၚတက္လို႔ရမယ့္ ေလွကားထစ္အေသးေလးကိုလည္း ျပဳလုပ္ပါ။ အဲဒီအခါ ကိုယ့္ရဲ႕ ကုတင္ေလးကို အေပၚထပ္မွာတင္ထားႏိုင္ပါျပီ။ အဝတ္ဘီရိုအတြက္ေတာ့ ေလွကားထစ္ေအာက္မွာ ထားရွိႏိုင္ပါတယ္။ ထိုင္ဖု႔ိေနရာကိုေတာ့ ထပ္ခိုးမွာျဖစ္ေစ၊ ေလွကားထစ္ေလးေတြမွာျဖစ္ေစ ထိုင္ေနႏိုင္ပါတယ္။ ဒီလိုျပင္ဆင္ျပီးေနထိုင္ျခင္းကို Tiny House Living လို႔ေခၚၾကပါတယ္။

အခန္းဝန္းက်ယ္မွာ ေနထိုင္သူမ်ား

Minimalist House Living

Minimalist House Living

အခန္းဝန္းက်ယ္မွာေနထိုင္သူမ်ားအေနနဲ႔ Minimalist ပံုစံမ်ိဳးနဲ႔ေနထိုင္လို႔ရပါတယ္။ အလင္းအေတာ္အသင့္ရႏိုင္မယ့္ေနရာမွာ ကိုယ့္ရဲ႕ ကုတင္ကို ထားေပးပါ။ က်န္ရွိေနတဲ့ေနရာေတြမွာ ထိုင္ခင္းေနရာ၊ ကိုယ့္ရဲ႕အဝတ္ဗီရို၊ စာၾကည့္စားပြဲ စတဲ့ ပရိေဘာဂေလးေတြထားရွိနိုင္ပါတယ္။ ထိုင္ခံုကိုေရြးခ်ယ္တဲ့အခါမွာ Bean Bag (သို႔) Sofa ကို ေရြးခ်ယ္ႏုိင္ပါတယ္။ သယ္ရေရႊ႕ရလြယ္ကူခ်င္ရင္ေတာ့ Bean Bag ကိုသာေရြးခ်ယ္ဖို႔ အၾကံေပးလိုပါတယ္။ စာၾကည့္စားပြဲလည္း ထိုနည္းတူပါပဲ။ ေခါက္သိမ္းလို႔ရတဲ့ နံရံကတ္စားပြဲေလးေတြျဖစ္ျဖစ္၊ ေခါက္စားပြဲအရွည္ေလးေတြျဖစ္ျဖစ္ ဝယ္ယူအသံုးျပဳႏိုင္ပါတယ္။ အခန္းက်ဥ္းမွာ ေနထိုင္ေနတဲ့သူေတြထက္ ဧရိယာပိုရွိတဲ့အတြက္ Wall Mirror ေလးေတြကို အသံုးျပဳသင့္ပါတယ္။ အထူးအေထြအၾကံေပးခ်င္တာကေတာ့ မွန္တင္ခံုကို အခန္းအတြင္းမွာ မထားရွိေစခ်င္ဘူး။ အခန္းအတြင္း ဧရိယာစားေစလို႔ပါ။ ဒီလိုမ်ိဳး အခန္းအလွဆင္ျပီးေနထိုင္ျခင္းက ကိုယ့္မ်က္စိလည္း ရွငး္သလို ေထြေထြထူးထူး အိမ္သန္႔ရွင္းေရးလုပ္ေနစရာမလိုေတာ့ဘူးေလ။ အခ်ိန္ကုန္လည္းသက္သာသလို စတိုင္လည္းက်ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

အခန္းက်ဥး္ပဲျဖစ္ေစ၊ အခန္းက်ယ္ပဲျဖစ္ေစ အားလံုးရဲ႕ အခန္းေလးေတြမွာ မရွိမျဖစ္အလွဆင္သင့္တဲ့ Room Decoration တစ္ခုကို အားလံုးကို မွ်ေဝခ်င္ပါတယ္။ အဲဒါေလးကေတာ့ Fairy Light ေလးပါ။ Fairy Light ကို Room Decoration အျဖစ္ထားရွိျခင္းက ညေနခင္းဘက္ေတြေရာက္တဲ့အခါ အခန္းထဲမွာ ပိုးစုန္းၾကဴးေလးေတြေရာက္ေနတဲ့ခံစားမႈမ်ိဳးကို ရရွိေစမွာျဖစ္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Photo Credit: Pinterest

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ်နေထိုင်တဲ့အိမ်လေးကို မခွဲခွာချင်လောက်တဲ့အောင် ဒီလိုအလှဆင်ကြမယ်

ကျွန်တော်တို့အားလုံးက ကိုယ့်အိမ်ကို ဖြစ်သလို ပစ်မထားရင်တောင် အခန်းအကန့်လေးတွေပြုလုပ်ပြီးတော့ အခန်းအပြင်အဆင်တွေဘာမှဆက်ပြီးမလုပ်တော့ပဲနဲ့ ပစ်ထားလိုက်တာများတယ်။ ဒါပေမယ့် ကိုယ့်အိမ်ကို အပြင်ပန်းအဆောက်အဦးကဘယ်လိုဖြစ်နေပါစေ အိမ်တွင်းအပြင်အဆင်ကို သေသေချာချာလေးနဲ့ လှပသေသပ်နေအောင် ပြင်ဆင်မွမ်းမံကြတဲ့သူတွေလည်းရှိကြပါတယ်။

ဒါပေမယ့် ဒီလူမျိုးနှစ်ယောက်ရဲ့ အတွေးအခေါ်ဘယ်လိုမျိုးကွာခြားနေလဲဆိုရင် ဖြစ်သလိုနေတဲ့သူတွေအဖို့ အိမ်ဆိုတာ နေဖို့ထိုင်ဖို့နဲ့ ကောျခင်းဖို့နေရာတစ်နေရာစာရှိရင်ရပြီလို့ထင်ကြတယ်။ အိမ်တွင်းအလှဆင်ပြီး ပြင်ပြင်ဆင်ဆင်နဲ့ နေကြတဲ့သူတွေအတွက်ကြတော့ အိမ်ဟာ ကိုယ့်အတွက် ဘေးအန္တရာယ်အကင်းဆုံးနားရိပ်ဖြစ်တယ်ဆိုတဲ့အတွေးနဲ့ နေချင်စိတ်ပိုဖြစ်အောင် အလှဆင်ယဉ်ကြတာဖြစ်ပါတယ်။

တကယ်တမ်းလည်း မှန်ပါတယ်။ အိမ်ဆိုတာ ကိုယ့်အတွက် အန္တရာယ်ကင်းပြီး သက်သောင့်သက်သာနဲ့ နားခိုနိုင်တဲ့ အရိပ်လေးပါ။ ဒီလိုအရိပ်လေးကို ပိုပြီးနားခိုချင်စိတ်ဖြစ်အောင် အလှဆင်သင့်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ အိမ်ခန်းတစ်ခုလုံးကို ဘယ်လိုမျိုး အလှဆင်သင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

အခန်းကျဉ်းလေးထဲမှာနေထိုင်သူများ

Tiny House Living

Tiny House Living

အခန်းကျဉ်းလေးထဲမှာ နေထိုင်လို့လည်း စိတ်မပူပါနဲ့။ အိမ်ခန်းကို အလှဆင်လို့ရပါသေးတယ်။ ဘယ်လိုအလှဆင်ရမလဲဆိုရင် အခန်းရဲ့ အမြင့်ဟာ ကျယ်ဝန်းဖို့လိုအပ်ပါတယ်။ တကယ်လို့ အမြင့်မကျယ်ဝန်းခဲ့ဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ချက်ပြုတ်မယ့် မီးဖိုနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အောက်မှာထားလိုက်ပါ။ ကိုယ့်စာကြည့်စားပွဲ (သို့) ထမင်းစားပွဲကို အောက်ထပ်မှာပဲထားနိုင်ပါတယ်။ ကုတင်ကို ဘယ်နားထားရမလဲစဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။ ထပ်ခိုးပုံစံမျိုးတစ်ခုကို ခိုင်ခံ့အောင် ဆောက်လုပ်ပါ။ ထပ်ခိုးအပေါ်တက်လို့ရမယ့် လှေကားထစ်အသေးလေးကိုလည်း ပြုလုပ်ပါ။ အဲဒီအခါ ကိုယ့်ရဲ့ ကုတင်လေးကို အပေါ်ထပ်မှာတင်ထားနိုင်ပါပြီ။ အဝတ်ဘီရိုအတွက်တော့ လှေကားထစ်အောက်မှာ ထားရှိနိုင်ပါတယ်။ ထိုင်ဖု့ိနေရာကိုတော့ ထပ်ခိုးမှာဖြစ်စေ၊ လှေကားထစ်လေးတွေမှာဖြစ်စေ ထိုင်နေနိုင်ပါတယ်။ ဒီလိုပြင်ဆင်ပြီးနေထိုင်ခြင်းကို Tiny House Living လို့ခေါ်ကြပါတယ်။

အခန်းဝန်းကျယ်မှာ နေထိုင်သူများ

Minimalist House Living

Minimalist House Living

အခန်းဝန်းကျယ်မှာနေထိုင်သူများအနေနဲ့ Minimalist ပုံစံမျိုးနဲ့နေထိုင်လို့ရပါတယ်။ အလင်းအတော်အသင့်ရနိုင်မယ့်နေရာမှာ ကိုယ့်ရဲ့ ကုတင်ကို ထားပေးပါ။ ကျန်ရှိနေတဲ့နေရာတွေမှာ ထိုင်ခင်းနေရာ၊ ကိုယ့်ရဲ့အဝတ်ဗီရို၊ စာကြည့်စားပွဲ စတဲ့ ပရိဘောဂလေးတွေထားရှိနိုင်ပါတယ်။ ထိုင်ခုံကိုရွေးချယ်တဲ့အခါမှာ Bean Bag (သို့) Sofa ကို ရွေးချယ်နိုင်ပါတယ်။ သယ်ရရွှေ့ရလွယ်ကူချင်ရင်တော့ Bean Bag ကိုသာရွေးချယ်ဖို့ အကြံပေးလိုပါတယ်။ စာကြည့်စားပွဲလည်း ထိုနည်းတူပါပဲ။ ခေါက်သိမ်းလို့ရတဲ့ နံရံကတ်စားပွဲလေးတွေဖြစ်ဖြစ်၊ ခေါက်စားပွဲအရှည်လေးတွေဖြစ်ဖြစ် ဝယ်ယူအသုံးပြုနိုင်ပါတယ်။ အခန်းကျဉ်းမှာ နေထိုင်နေတဲ့သူတွေထက် ဧရိယာပိုရှိတဲ့အတွက် Wall Mirror လေးတွေကို အသုံးပြုသင့်ပါတယ်။ အထူးအထွေအကြံပေးချင်တာကတော့ မှန်တင်ခုံကို အခန်းအတွင်းမှာ မထားရှိစေချင်ဘူး။ အခန်းအတွင်း ဧရိယာစားစေလို့ပါ။ ဒီလိုမျိုး အခန်းအလှဆင်ပြီးနေထိုင်ခြင်းက ကိုယ့်မျက်စိလည်း ရှင်းသလို ထွေထွေထူးထူး အိမ်သန့်ရှင်းရေးလုပ်နေစရာမလိုတော့ဘူးလေ။ အချိန်ကုန်လည်းသက်သာသလို စတိုင်လည်းကျပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

အခန်းကျဥ်းပဲဖြစ်စေ၊ အခန်းကျယ်ပဲဖြစ်စေ အားလုံးရဲ့ အခန်းလေးတွေမှာ မရှိမဖြစ်အလှဆင်သင့်တဲ့ Room Decoration တစ်ခုကို အားလုံးကို မျှဝေချင်ပါတယ်။ အဲဒါလေးကတော့ Fairy Light လေးပါ။ Fairy Light ကို Room Decoration အဖြစ်ထားရှိခြင်းက ညနေခင်းဘက်တွေရောက်တဲ့အခါ အခန်းထဲမှာ ပိုးစုန်းကြူးလေးတွေရောက်နေတဲ့ခံစားမှုမျိုးကို ရရှိစေမှာဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Photo Credit: Pinterest

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။