[Zawgyi]












ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကို စင်ကာပူမှာထပ်တိုးပွဲစဉ်ပြသမည်

ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကားကို စင်ကာပူ မှာ ထပ်တိုးပွဲစဉ် အနေနဲ့ပြသသွားမယ်လို့သိရပါတယ်။ ပြသသွားမယ့် ရက်တွေကတော့ ဧပြီ ၆ ၊၇ ၊ ၈ တို့မှာ ပြသသွားမှာဖြစ်ပါတယ်။

Photo Credit: ဥပါယ်တံမျဉ် Page

Photo Credit: ဥပါယ်တံမျဉ် Page

ပထမ ပွဲ စဉ် ပြသခဲ့တုန်းကလည်း လာရောက်အားပေးကြတဲ့ စင်ကာပူ ပရိသတ်တွေကို ဥပါယ်တံမျဉ် အဖွဲ့သားတွေက တွေ့ဆုံ လက်မှတ်ထိုးခြင်း အစီအစဉ် တွေ ကိုလည်း ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

စင်ကာပူလေဆိပ်မှာ ဝန်းရံခဲ့ကြတဲ့ ပရိသတ်များ

စင်ကာပူလေဆိပ်မှာ ဝန်းရံခဲ့ကြတဲ့ ပရိသတ်များ

ဥပါယ်တံမျဉ် အဖွဲ့သားတွေ သွားရောက်ခဲ့တဲ့ ပထမ နေ့မှာပဲ စင်ကာပူ တွင် လာရောက်ကြိုဆိုကြတဲ့ ပရိသတ်တွေ ဟာ အင်မတန်ကို များခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကို လည်း ရုံပြည့်ရုံလျှန်အားပေးခဲ့ကြတာဖြစ်ပါတယ်။

ရုံထဲက ပရိသတ်တွေနဲ့ ဥပါယ်တံမျဉ်အဖွဲ့သားများ

ရုံထဲက ပရိသတ်တွေနဲ့ ဥပါယ်တံမျဉ်အဖွဲ့သားများ

Photo Credit: Christina Kyi Facebook

ကြည်သာ (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။