[Zawgyi]

ပရိသတ္ေတြေတာင္းဆိုမႈနဲ႔ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားကို Mega Ace Cineplex ေတြမွာ ထပ္မံျပသေပးမယ္

ရုပ္ရွင္ေလာကထဲမွာ တကယ္ကို အႏုပညာရွင္ေတြနဲ႔ ပရိသတ္ေတြၾကားကို ဂယက္ရိုက္ခတ္သြားခဲ့တဲ့ လူငယ္အမ်ိဳးသမီးဒါရိုက္တာ ခရစ္(စ)တီးနားခီရဲ႕ ဒုတိယေျမာက္လက္ရာတစ္ခုျဖစ္တဲ့ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားကို မၾကာခင္ ရန္ကုန္ၿမိဳ႕ရဲ႕ Mega Ace Cineplex ေတြမွာ ထပ္မံျပသေပးသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

ရုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ႕ ေတာင္းဆုိမႈျမင့္မားလြန္းတဲ့အတြက္ Mega Ace Cineplex ေတြမွာ အဆိုပါ ရုပ္ရွင္ဇာတ္ကားကို မၾကာခင္အခ်ိန္မွာ ျပန္လည္ျပသေပးသြားမွာျဖစ္တယ္လို႔ Mega Ace Cineplex ေပ့ခ်္မွ ရုပ္ရွင္ခ်စ္ပရိသတ္ေတြကို အသိေပးေၾကာ္ျငာထားတာျဖစ္ပါတယ္။

အဲဒီရုပ္ရွင္ဇာတ္ကားကို မၾကည့္ရေသးတဲ့ ပရိသတ္ေတြအတြက္ေရာ ေနာက္တစ္ႀကိမ္ ထပ္မံခံစားၾကည့္ရႈမယ့္ ပရိသတ္ေတြအတြက္ကေတာ့ ဒီသတင္းက သတင္းေကာင္းတစ္ခုျဖစ္ကာ ရုပ္ရွင္ခ်စ္ပရိသတ္ေတြအေနနဲ႔ “ဥပါယ္တံမ်ဥ္”ရုပ္ရွင္ကို ျပန္လည္ခံစားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ထင္ပါတယ္။

အဲဒီရုပ္ရွင္ဇာတ္ကားကို လာမယ့္ ဧၿပီ ၂၄၊ ၂၅ နဲ႔၂၆ ရက္ေတြရဲ႕ ေန႔လယ္ ၁၂း၄၅ နဲ႔ ည ၆း၄၅ အခ်ိန္မ်ားမွာ ျပသေပးသြားမွာျဖစ္တယ္လုိ႔ Mega Ace Cineplex ေတြထံမွ ထပ္မံသိရပါတယ္။ “ဥပါယ္တံမ်ဥ္” ရုပ္ရွင္ဇာတ္ကားမွာ သရုပ္ေဆာင္ေတြအျဖစ္ သက္မြန္ျမင့္၊ မင္းဦးအပါအဝင္ သရုပ္ေဆာင္သစ္ေတြျဖစ္ၾကတဲ့ ဇဏ္ခီ၊ ေအာင္ျမင့္ျမတ္၊ ျခဴးစစ္ဟန္၊ Kaew Korrave၊ ဘညိဳ၊ ေက်ာ္ကိုကိုေဝတို႔နဲ႔အတူ တျခားသရုပ္ေဆာင္မ်ားစြာကလည္း အားျဖည့္ကူညီေပးခဲ့ၾကတာျဖစ္ပါတယ္။

www.akhayar.com

[Unicode]

ပရိသတ်တွေတောင်းဆိုမှုနဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကို Mega Ace Cineplex တွေမှာ ထပ်မံပြသပေးမယ်

ရုပ်ရှင်လောကထဲမှာ တကယ်ကို အနုပညာရှင်တွေနဲ့ ပရိသတ်တွေကြားကို ဂယက်ရိုက်ခတ်သွားခဲ့တဲ့ လူငယ်အမျိုးသမီးဒါရိုက်တာ ခရစ်(စ)တီးနားခီရဲ့ ဒုတိယမြောက်လက်ရာတစ်ခုဖြစ်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကို မကြာခင် ရန်ကုန်မြို့ရဲ့ Mega Ace Cineplex တွေမှာ ထပ်မံပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ တောင်းဆိုမှုမြင့်မားလွန်းတဲ့အတွက် Mega Ace Cineplex တွေမှာ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မကြာခင်အချိန်မှာ ပြန်လည်ပြသပေးသွားမှာဖြစ်တယ်လို့ Mega Ace Cineplex ပေ့ချ်မှ ရုပ်ရှင်ချစ်ပရိသတ်တွေကို အသိပေးကြော်ငြာထားတာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်ရော နောက်တစ်ကြိမ် ထပ်မံခံစားကြည့်ရှုမယ့် ပရိသတ်တွေအတွက်ကတော့ ဒီသတင်းက သတင်းကောင်းတစ်ခုဖြစ်ကာ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ “ဥပါယ်တံမျဉ်”ရုပ်ရှင်ကို ပြန်လည်ခံစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။

အဲဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် ဧပြီ ၂၄၊ ၂၅ နဲ့၂၆ ရက်တွေရဲ့ နေ့လယ် ၁၂း၄၅ နဲ့ ည ၆း၄၅ အချိန်များမှာ ပြသပေးသွားမှာဖြစ်တယ်လို့ Mega Ace Cineplex တွေထံမှ ထပ်မံသိရပါတယ်။ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တွေအဖြစ် သက်မွန်မြင့်၊ မင်းဦးအပါအဝင် သရုပ်ဆောင်သစ်တွေဖြစ်ကြတဲ့ ဇဏ်ခီ၊ အောင်မြင့်မြတ်၊ ခြူးစစ်ဟန်၊ Kaew Korrave၊ ဘညို၊ ကျော်ကိုကိုဝေတို့နဲ့အတူ တခြားသရုပ်ဆောင်များစွာကလည်း အားဖြည့်ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။

www.akhayar.com