[Zawgyi]






Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ဥပါယ်တံမျဉ် – Deception ကို ဧပြီလ (၂၇) ရက်နေ့မှာ တစ်ကျော့ပြန် ရုံတင်ပြီ

Central Base Production မှ တင်ဆက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးထားတဲ့ ဥပါယ်တံမျဉ် – Deception ရုပ်ရှင်ဇာတ်ကားကြီးကို JCGV ရုပ်ရုင်ရုံများနဲ့ Mega Ace Cineplex ရုပ်ရုင်ရုံများမှာ ပြန်လည်ပြသတော့မှာ ဖြစ်ပါတယ်။

ပြသမယ့်ရက်ကတော့ ဧပြီလ ၂၇ ရက် (သောကြာ)နေ့ဖြစ်ပြီး ဒီဇာတ်ကားကြီးမှာ သရုပ်ဆောင် ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ Kaew Korravee ၊ မင်းဦး ၊ ခြူးစစ်ဟန်၊ ဘညိုနဲ့ ကျော်ကိုကိုဝေတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

JCGV ရုံတွေကို ထပ်မံကြေညာမှာ ဖြစ်ပြီး Mega Ace Cineplex ကတော့ Mega Ace Cineplex – Shwe Baho၊ Mega Ace Cineplex – Capital ၊ Mega Ace Cineplex – Kantharyar နဲ့ Mega Ace Cineplex – မြို့ဂုဏ်ရောင်(မန္တလေး) တို့မှာ ပြသမှာ ဖြစ်ပါတယ်။

Deception ကို ပြန်ကြည့်ချင်တဲ့ ပရိသတ်ကြီးရော၊ မကြည့်ရသေးတဲ့ ပရိသတ်ကြီးရော ဝန်းရံလို့ ရအောင် ဧပြီလ ၂၇ ရက်နေ့ ရုံတွေဆီ အပြေးသွားကြပါတော့လို့။

Yoe Lu (Akhayar)

www.akhayar.com