[Zawgyi]

ကင္ဆာကုထုံးမွာ အသုံးတြင္က်ယ္လာတဲ့ $39 သန္းတန္ ကင္းျမီးေကာက္အဆိပ္

ကင္းျမီးေကာက္တစ္ေကာင္ရဲ႕ အဆိပ္ကေန ေဒၚလာ သန္းနဲ႔ခ်ီ ပိုက္ဆံရွာလို႔ရတယ္ဆိုရင္ လက္ခံမွာလား? ဒီအလုပ္က အသက္ရင္းျပီး ရွာရတယ္ဆိုမယ့္ အခ်ီၾကီးမိသြားျပီးရင္ေတာ့ သူေဌးျဖစ္မယ့္ကိန္းပါ။

Extracting Scorpion Venom

ဘာလို႔လဲဆိုရင္ Deathstalker အမည္ရတဲ့ ကင္းျမီးေကာက္အဆိပ္ဟာ အဆိပ္အျပင္းဆုံးျဖစ္သလို ကမာၻ႔ေစ်းအၾကီးဆုံးအဆိပ္ျဖစ္လာခဲ့ပါျပီ။ ဒီ ကင္းရဲ႕အဆိပ္ ၁ မီလီဂရမ္ဟာ ေဒၚလာ ၁၃၀ အထိ ေပါက္ေစ်းရွိတယ္ဆိုမယ့္ စီးပြားျဖစ္တြက္ျပတယ္မထင္လိုက္ပါနဲ႔။

Deathstalker အဆိပ္ဟာ ကင္ဆာဆဲလ္တခ်ိဳ႕နဲ႔ ေပါင္းစည္းႏိုင္စြမ္းရွိျပီး ကုထုံးအေနနဲ႔အသုံးဝင္လာတာေၾကာင့္ သုေတသနလုပ္ဖို႔ လိုအပ္လာတာပါ။ ေနာက္ျပီး Deathstalker အဆိပ္မိသြားရင္လည္း ေျဖေဆးမရွိတဲ့အတြက္ ေတာ္ရုံဖမ္းဖို႔လက္မရဲၾကပါဘူး။

Cancer Cells

ေနာက္ျပီးအပ္တစ္ေခ်ာင္းစာပဲထြက္တဲ့ Deathstalker အဆိပ္က ပမာဏအရမ္းနည္းတာမလို႔ Research လုပ္ဖို႔အတြက္ဆိုရင္ မ်ားမ်ားလိုအပ္မွာပါ။ အခုလို ေဆးဖက္ဝင္တယ္ဆိုတာကို Venomtech သုေတသီ Steve Trim က

“Deathstalker အဆိပ္ျပင္းမျပင္း သိတဲ့လူတိုင္း မဖမ္းရဲၾကဘူး၊ ေနာက္ျပီးဒီေကာင့္ အဆိပ္ (Venom) ထဲမွာ ကင္ဆာဆဲလ္နဲ႔သြားေပါင္းႏိုင္တဲ့ Chlorotoxin လို Compound ပါတယ္။ Kaliotoxin ေခၚတာေပါ့။ ဒီေကာင့္ကို အရိုးကင္ဆာကုသဖို႔ ကြ်န္ေတာ္တို႔ Lab ခန္းက ၾကြက္ေတြနဲ႔ စမ္းသပ္ၾကည့္တယ္၊ အဓိကကင္ဆာဆဲလ္ ဘယ္ေနရာမွာရွိေနလဲ Deathstalker အဆိပ္နဲ႔ သိရွိႏိုင္ျပီမလို႔ လူေတြနဲ႔စမ္းသပ္ၾကည့္ခ်င္တယ္လို႔” ေျပာဆိုထားပါတယ္။

Deathstalker Scorpion

ဒါဆိုရင္ေတာ့ အဆိပ္ျပင္းသေလာက္ အသုံးဝင္လာတဲ့ Deathstalker Venom က အခုဆိုရင္ ဖြ႔ံျဖိဳးလာမယ့္ အနာဂတ္ေဆးပညာအတြက္ Pioneer လို႔ပဲေျပာရမလား ဦးေႏွာက္ကင္ဆာဆဲလ္ေနရာကိုပါ သိရွိႏိုင္ပါျပီ။ ေလ့လာခ်က္ေတြအရ ငွက္ဖ်ားေရာဂါကိုေတာင္ တိုက္ဖ်က္ႏိုင္တယ္ဆိုပါတယ္။

2B (Akhayar)
www.akhayar.com

[Zawgyi]

ကင်ဆာကုထုံးမှာ အသုံးတွင်ကျယ်လာတဲ့ $39 သန်းတန် ကင်းမြီးကောက်အဆိပ်

ကင်းမြီးကောက်တစ်ကောင်ရဲ့ အဆိပ်ကနေ ဒေါ်လာ သန်းနဲ့ချီ ပိုက်ဆံရှာလို့ရတယ်ဆိုရင် လက်ခံမှာလား? ဒီအလုပ်က အသက်ရင်းပြီး ရှာရတယ်ဆိုမယ့် အချီကြီးမိသွားပြီးရင်တော့ သူဌေးဖြစ်မယ့်ကိန်းပါ။

Extracting Scorpion Venom

ဘာလို့လဲဆိုရင် Deathstalker အမည်ရတဲ့ ကင်းမြီးကောက်အဆိပ်ဟာ အဆိပ်အပြင်းဆုံးဖြစ်သလို ကမ္ဘာ့ဈေးအကြီးဆုံးအဆိပ်ဖြစ်လာခဲ့ပါပြီ။ ဒီ ကင်းရဲ့အဆိပ် ၁ မီလီဂရမ်ဟာ ဒေါ်လာ ၁၃၀ အထိ ပေါက်ဈေးရှိတယ်ဆိုမယ့် စီးပွားဖြစ်တွက်ပြတယ်မထင်လိုက်ပါနဲ့။

Deathstalker အဆိပ်ဟာ ကင်ဆာဆဲလ်တချို့နဲ့ ပေါင်းစည်းနိုင်စွမ်းရှိပြီး ကုထုံးအနေနဲ့အသုံးဝင်လာတာကြောင့် သုတေသနလုပ်ဖို့ လိုအပ်လာတာပါ။ နောက်ပြီး Deathstalker အဆိပ်မိသွားရင်လည်း ဖြေဆေးမရှိတဲ့အတွက် တော်ရုံဖမ်းဖို့လက်မရဲကြပါဘူး။

Cancer Cells

နောက်ပြီးအပ်တစ်ချောင်းစာပဲထွက်တဲ့ Deathstalker အဆိပ်က ပမာဏအရမ်းနည်းတာမလို့ Research လုပ်ဖို့အတွက်ဆိုရင် များများလိုအပ်မှာပါ။ အခုလို ဆေးဖက်ဝင်တယ်ဆိုတာကို Venomtech သုတေသီ Steve Trim က

“Deathstalker အဆိပ်ပြင်းမပြင်း သိတဲ့လူတိုင်း မဖမ်းရဲကြဘူး၊ နောက်ပြီးဒီကောင့် အဆိပ် (Venom) ထဲမှာ ကင်ဆာဆဲလ်နဲ့သွားပေါင်းနိုင်တဲ့ Chlorotoxin လို Compound ပါတယ်။ Kaliotoxin ခေါ်တာပေါ့။ ဒီကောင့်ကို အရိုးကင်ဆာကုသဖို့ ကျွန်တော်တို့ Lab ခန်းက ကြွက်တွေနဲ့ စမ်းသပ်ကြည့်တယ်၊ အဓိကကင်ဆာဆဲလ် ဘယ်နေရာမှာရှိနေလဲ Deathstalker အဆိပ်နဲ့ သိရှိနိုင်ပြီမလို့ လူတွေနဲ့စမ်းသပ်ကြည့်ချင်တယ်လို့” ပြောဆိုထားပါတယ်။

Deathstalker Scorpion

ဒါဆိုရင်တော့ အဆိပ်ပြင်းသလောက် အသုံးဝင်လာတဲ့ Deathstalker Venom က အခုဆိုရင် ဖွံ့ဖြိုးလာမယ့် အနာဂတ်ဆေးပညာအတွက် Pioneer လို့ပဲပြောရမလား ဦးနှောက်ကင်ဆာဆဲလ်နေရာကိုပါ သိရှိနိုင်ပါပြီ။ လေ့လာချက်တွေအရ ငှက်ဖျားရောဂါကိုတောင် တိုက်ဖျက်နိုင်တယ်ဆိုပါတယ်။

2B (Akhayar)
www.akhayar.com