[Zawgyi]

Dear Leader လား၊ Cheerleader လား

၂၀၁၈ ေဆာင္းရာသီအိုလံပစ္ဟာ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားတုိ႔ၾကား ၿငိမ္းခ်မ္းေရးသေကၤတတစ္ခုလို႔ ႐ႈျမင္ခံေနရပါတယ္။ အားကစားနဲ႔အတူ အမုန္းတရားေလွ်ာ့ခ်ေရး စီမံကိန္းကို ေတာင္ကိုရီးယားႏုိင္ငံ၊ Pyeongchang ေဆာင္းရာသီအိုလံပစ္မွာ ကိုရီးယားႏွစ္ႏုိင္ငံေဖာ္က်ဴးေနတာပါပဲ။ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ ေရခဲျပင္ေဟာ္ကီပြဲစဥ္တစ္ခုမွာ ေျမာက္ကိုရီးယား Cheerleader ေတြ အံ့အားသင့္စရာျဖစ္ရပ္နဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ သူတုိ႔ရဲ႕ Dear Leader လုိ႔ဆိုရမယ့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ (Kim Jong un) ကိုေတြ႕ခဲ့ရလို႔ပါပဲ။ အေစာပုိင္းမွာ ေရခဲျပင္ေဟာ္ကီပြဲစဥ္တစ္ခုမွာ ေျမာက္ကိုရီးယား Cheerleader ေတြဟာ သူတို႔ရဲ႕ ေခါင္းေဆာင္ႀကီးအစစ္လို႔ ထင္မွတ္ခဲ့တယ္။ ဒါေပမဲ့ ကင္မ္ဂ်ဳံအန္ (Kim Jong un)နဲ႔ ဆင္တူသူတစ္ဦးသာျဖစ္ပါတယ္။ ကင္မ္ဂ်ဳံအန္ (Kim Jong un)အစစ္မဟုတ္ပါဘူး။ ကင္မ္ဂ်ဳံအန္ (Kim Jong un)အတုက သူ႕ကိုယ္သူ ေဟာင္း၀က္ဘ္ (Howard) လို႔မိတ္ဆက္ေပးခဲ့ၿပီး ၿပိဳင္ပြဲက်င္းပရာေနရာမွာ စကားတခ်ဳိ႕ေျပာခဲ့ပါေသးတယ္။ ေဟာင္း၀က္ဘ္ (Howard)က တ႐ုတ္ေသြးေႏွာသူတစ္သီးျဖစ္ၿပီး ၾသစေၾတးလ်ႏုိင္ငံကလာတယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္ေသာၾကာေန႔က ျပဳလုပ္ခဲ့တဲ့ ေဆာင္းရာသီ အိုလံပစ္ဖြင့္ပြဲအခမ္းအနားမွာလည္း သူနဲ႔ အတူ အေမရိကန္သမၼတ ထရန္႔ (Trump) ပံုစံတူ ၀တ္စုံျပည့္ဆင္ျမန္းထားသူတစ္ဦးတက္ေရာက္ခဲ့လုိ႔ လံုၿခံဳေရးေတြ အလုပ္႐ႈပ္ခဲ့ရေသးတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ (Kim Jong Un)

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ (Kim Jong Un)

ေျမာက္ကိုရီးယား Cheerleader ေတြအတြက္လည္း ေဟာင္း၀က္ဘ္ (Howard)ရဲ႕ လုပ္ရပ္ေၾကာင့္ ငိုရခက္၊ ရယ္ရခက္ျဖစ္ခဲ့ရတယ္။ သူတို႔ေတြက ကင္မ္ဂ်ဳံအန္ (Kim Jong un) အစစ္ထင္ၿပီး စကားရဲရဲမေျပာႏုိင္၊ အသံက်ယ္က်ယ္မရယ္ႏုိင္ျဖစ္ခဲ့ရတဲ့အထိ ေၾကာက္စိတ္ေတြ၀င္ေနခဲ့တာပါပဲ။ ၿပီးေတာ့ ေျမာက္ကိုရီးယားျပည္သူေတြရဲ႕ ေၾကြးေၾကာ္သံ၊ We are One. Unify the motherland ဆိုတာေတြကို ထၿပီးေအာ္သူေတြလည္း ရွိခဲ့ပါတယ္။

သူတုိ႔ကိုၾကည့္ၿပီး  ေဟာင္း၀က္ဘ္ (Howard)က စိတ္မေကာင္းျဖစ္သြားပံုပဲ။ “ ဘယ္သူမဆိုလူသားဆန္စြာေနထုိင္သင့္တယ္။ ေတာင္ကိုရီးယားပဲျဖစ္ျဖစ္၊ ေျမာက္ကိုရီးယားပဲျဖစ္ျဖစ္” လို႔ ေျပာခဲ့ပါတယ္။ အာဏာရွင္ေတြလႊမ္းမုိးခ်ဳပ္ကိုင္ထားတဲ့ ႏုိင္ငံမွာ လူ႕အခြင့္အေရးဟာ ေၾကာက္စိတ္နဲ႔ ထိန္းခ်ဳပ္ခံထားရေလ့ရွိတယ္။ ေျမာက္ကိုရီးယား Cheerleader ေတြရဲ႕ အျဖစ္ကလည္း Dear Leader ကင္မ္ဂ်ဳံအန္ (Kim Jong un) ထင္ၿပီး စိုးထိတ္ခဲ့ရေပမယ့္ Cheerleader လို သ႐ုပ္ေဆာင္ခဲ့တဲ့ ကင္မ္ဂ်ဳံအန္ (Kim Jong un)အတုနဲ႔ ဆံုခဲ့ရလုိ႔ ငိုရအခက္၊ ရယ္ရအခက္ပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

Dear Leader လား၊ Cheerleader လား

၂၀၁၈ ဆောင်းရာသီအိုလံပစ်ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ကြား ငြိမ်းချမ်းရေးသင်္ကေတတစ်ခုလို့ ရှုမြင်ခံနေရပါတယ်။ အားကစားနဲ့အတူ အမုန်းတရားလျှော့ချရေး စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံ၊ Pyeongchang ဆောင်းရာသီအိုလံပစ်မှာ ကိုရီးယားနှစ်နိုင်ငံဖော်ကျူးနေတာပါပဲ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ရေခဲပြင်ဟော်ကီပွဲစဉ်တစ်ခုမှာ မြောက်ကိုရီးယား Cheerleader တွေ အံ့အားသင့်စရာဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့ရဲ့ Dear Leader လို့ဆိုရမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong un) ကိုတွေ့ခဲ့ရလို့ပါပဲ။ အစောပိုင်းမှာ ရေခဲပြင်ဟော်ကီပွဲစဉ်တစ်ခုမှာ မြောက်ကိုရီးယား Cheerleader တွေဟာ သူတို့ရဲ့ ခေါင်းဆောင်ကြီးအစစ်လို့ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ကင်မ်ဂျုံအန် (Kim Jong un)နဲ့ ဆင်တူသူတစ်ဦးသာဖြစ်ပါတယ်။ ကင်မ်ဂျုံအန် (Kim Jong un)အစစ်မဟုတ်ပါဘူး။ ကင်မ်ဂျုံအန် (Kim Jong un)အတုက သူ့ကိုယ်သူ ဟောင်းဝက်ဘ် (Howard) လို့မိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲကျင်းပရာနေရာမှာ စကားတချို့ပြောခဲ့ပါသေးတယ်။ ဟောင်းဝက်ဘ် (Howard)က တရုတ်သွေးနှောသူတစ်သီးဖြစ်ပြီး သြစတြေးလျနိုင်ငံကလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာလည်း သူနဲ့ အတူ အမေရိကန်သမ္မတ ထရန့် (Trump) ပုံစံတူ ဝတ်စုံပြည့်ဆင်မြန်းထားသူတစ်ဦးတက်ရောက်ခဲ့လို့ လုံခြုံရေးတွေ အလုပ်ရှုပ်ခဲ့ရသေးတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)

မြောက်ကိုရီးယား Cheerleader တွေအတွက်လည်း ဟောင်းဝက်ဘ် (Howard)ရဲ့ လုပ်ရပ်ကြောင့် ငိုရခက်၊ ရယ်ရခက်ဖြစ်ခဲ့ရတယ်။ သူတို့တွေက ကင်မ်ဂျုံအန် (Kim Jong un) အစစ်ထင်ပြီး စကားရဲရဲမပြောနိုင်၊ အသံကျယ်ကျယ်မရယ်နိုင်ဖြစ်ခဲ့ရတဲ့အထိ ကြောက်စိတ်တွေဝင်နေခဲ့တာပါပဲ။ ပြီးတော့ မြောက်ကိုရီးယားပြည်သူတွေရဲ့ ကြွေးကြော်သံ၊ We are One. Unify the motherland ဆိုတာတွေကို ထပြီးအော်သူတွေလည်း ရှိခဲ့ပါတယ်။

သူတို့ကိုကြည့်ပြီး  ဟောင်းဝက်ဘ် (Howard)က စိတ်မကောင်းဖြစ်သွားပုံပဲ။ “ ဘယ်သူမဆိုလူသားဆန်စွာနေထိုင်သင့်တယ်။ တောင်ကိုရီးယားပဲဖြစ်ဖြစ်၊ မြောက်ကိုရီးယားပဲဖြစ်ဖြစ်” လို့ ပြောခဲ့ပါတယ်။ အာဏာရှင်တွေလွှမ်းမိုးချုပ်ကိုင်ထားတဲ့ နိုင်ငံမှာ လူ့အခွင့်အရေးဟာ ကြောက်စိတ်နဲ့ ထိန်းချုပ်ခံထားရလေ့ရှိတယ်။ မြောက်ကိုရီးယား Cheerleader တွေရဲ့ အဖြစ်ကလည်း Dear Leader ကင်မ်ဂျုံအန် (Kim Jong un) ထင်ပြီး စိုးထိတ်ခဲ့ရပေမယ့် Cheerleader လို သရုပ်ဆောင်ခဲ့တဲ့ ကင်မ်ဂျုံအန် (Kim Jong un)အတုနဲ့ ဆုံခဲ့ရလို့ ငိုရအခက်၊ ရယ်ရအခက်ပါပဲ။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။